ချိုမြိန်သောအမှားတစ်ခု - ၇

5.4K 114 68
                                    

အားလုံးသူ့နေရာနဲ့သူ
အဆင်ပြေနေပေမဲ့
သတိမရသင့်တဲ့ သူကိုတော့
သတိရနေမိဆဲ

တစ်ယောက်အကြောင်းတစ်ယောက်
ဘာမှမသိကြ ညလေးတစ်ည
အတူတူရှိခဲ့ပီး ဒီလို စွဲလွမ်း
သတိရအောင် လုပ်နိင်တာတော့
ခမ်းလွန်တယ်ကွာ

"ခွန်းရေ မ ခေါ်နေတယ်ကြားလား "

သူ့အတွေးတွေထဲမှာ ထိုကောင်လေးပဲ
ရှိနေတော့ ပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်မိ
ကိုယ့်ချစ်သူတောင် အာရုံရှိမနေအောင်
ထိုကောင်လေးကို စွဲလမ်းနေရပီ

"အော်...မ ဘာပြောလိုက်တာလဲဟင် ခွန်း
မကြားလိုက်လို့ ဟီးး"

" မ သူငယ်ချင်းနဲ့ ခမ်းကိုတွေ့ပေးမို့လေ
အဲ့တာ မနက်ဖြန်လောက် ခွန်း အားလား "

" မနက်ဖြန်ကျ ခွန်း ဆိုင်မှာ menu အသစ်လုပ်စရာရှိလို့
မ သူငယ်ချင်းကို ခွန်း ဆိုင်ကိုခေါ်ခဲ့ပါလား "

"အဲ့တာလဲ အဆင်ပြေပါတယ် ခွန်းတစ်နေကုန်ရှိမှာမလား "

" အင်း ရှိမှာ "

အရင်လိုမျိုး ခွန်းမဟူရာမောင် က
မာယာသွေးကို အချိန်မပေးနိင်လို့
ဂျစ်တိုက်တာမျိုးလဲ မရှိတော့
အတွေးကိုယ်စီ ဖြင့်သာတိတ်ဆိတ်လို့

#######################

နေ့ခင်း ထမင်းစားချိန်ရောက်တော့
ခွန်းရဲ့ဆိုင်မှာလဲ လူကျလို့ နေသည်
ဒီနေ့များမှ ခါထက်လူပိုများလို့
ဆိုင်ထဲမှာလဲ ဆူညံလို့နေသည်။

ဆိုင်ထဲလှမ်းဝင်လာတဲ့ လူတွေအများကြီးထဲကမှ
တစ်ယောက်သော ကောင်လေးကို
ခွန်းမဟူရာမောင် လိုက်ကြည့်နေမိပါသည်။

လွမ်းနေရတဲ့ ကောင်လေး
စွဲလမ်းလွန်းလို့ သူ့အကြောင်းပဲ
တွေးမိနေအောင် လုပ်နိင်တဲ့ ကောင်လေး
ဒီနေ့တော့ တွေ့လိုက်ရပါပီ

ကိုယ်တိုင်လိုက်ရှာစရာ မလိုပဲ
ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာတဲ့ ကောင်လေး
ပြန်တွေ့ ပါပီ ခမ်းရယ်...

ခမ်းက တစ်ခုခုမှာလိုက်ပီး
ဆိုင်က ဝိတ်တာကောင်လေး သွားချပေးတော့
ခွန်းမဟူရာမောင် အတင်းလုပီး
ကိုယ်တိုင် သွားပေးလိုက်ပီး
ခုံမှာလဲ ဝင်ထိုင်လိုက်သည်။

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now