ချိုမြိန်သောအမှားတစ်ခု - ၁၁

5.5K 92 36
                                    

" မောင့်ရဲ့ဖုန်း ကျန်ခဲ့လို့ယူလာပေးတာ"

အင်္ကျီအိပ်ကပ်ထဲက ဖုန်းလေးကို  ပြန်ပေးလိုက်တော့သည်

" ငါတို့သွားရအောင် တော်တော်ကြာနေပီ "

ခမ်းကရှေ့ကနေထွက်သွားလိုက်ပါသည် သူမတို့ရှိရာကို
အရမ်းတွေစိတ်ကုန်နေပါပီ ဘယ်လိုလုပ်ရမလဲ
သူမတို့နဲ့လဲ ထပ်မတွေ့နိင်တော့ဘူး  စိတ်ရှုတ်လိုက်တာ

" ခမ်းရယ် ကြာလိုက်တာ မျက်နှာတောင်ညိုးနေပီး
နေမကောင်းဘူးလား ကလေးလေး"

" ဟုတယ် ခမ်း ခေါင်းတွေမူးပီး နေလို့ မကောင်ဘူး ပြန်ချင်တယ်"

" အဲ့တာမှ ဒုက္ခပဲ စံရေ ကျွန်မတို့ကသွားရတော့မယ်
ကလေးလေးက နေမကောင်းဘူး တစ်ယောက်ထဲပြန်လို့
ဖြစ်ပါ့မလား...အာ..ခွန်း လိုက်ပို့ပေးလိုက်ပါလားဟင်"

မာယာသွေးက အရမ်းကို ဖော်ရွေပီး ဂရုစိုက်ပေးလွန်းနေတော့
ခမ်း ပိုလို့ပင်အားနာရပါသည်။

" ရပါတယ် ခွန်းလိုက်ပို့ပေးလိုက်မယ် "

" ရပါတယ် ကျွန်တော် ကိုယ့်ဘာကိုပဲပြန်ပါ့မယ် "

" မဟုတ်တာပဲ ခွန်းနဲ့လိုက်သွားလိုက်ပါ တစ်ယောက်ထဲသွားရင်
စိတ်မချရဘူးလေ "

စိတ်ရှုတ်ရပါတယ် မသိဘူး မသိဘူး ငိုချင်နေတာပဲသိတယ်
လိုက်သွားဆိုလဲ လိုက်သွားရမှာပေါ့
ပြိုင်ငြင်းပီး စိတ်ရှုတ်ခံမနေချင်တော့ပါဘူး

ဒီလိုမျိုးခံစားဝမ်းနည်းနေရတဲ့အဖြစ်မျိုးကနေ
အမြန်ဆုံးလွတ်မြောက်ပါရစေလို့
ဆုတောင်းချင်မိပါသည် လွတ်မြောက်ချင်ပါသည်

ထပ်ပီး မခံစားပါရစေနဲ့တော့ တောင်းပန်ပါတယ်
ထပ်ပီး မခံစားနိင်တော့လို့ လွတ်မြောက်ခွင့်ပေးပါတော့

"ခမ်း ကားပေါ်တက်လေ "

" အော်... အင်း"

ကားပေါ်ရောက်တော့လဲ နှစ်ယောက်လုံးက တိတ်စိတ်လို့
ပြောစရာစကားများစွာရှိပေမဲ့ ရင်ထဲမှာ ဆို့နင့်နေလို့
ပြောမထွက်နိင်ကြ

ကားထဲကလူနှစ်ယောက် ကတိတ်ဆိတ်နေတော့
ကားလေးကလဲ အထီးကျန်စွာ လမ်းမကြီးပေါ်မှာ
ဖြတ်မောင်းလို့နေသည်

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now