ချိုမြိန်သောအမှားတစ်ခု - ၂

6.6K 29 2
                                    

I'm sorry,Don't leave me, I want you here with me
I know that your love is gone

ဒီ ringtone ကိုငါဘာလို့မပြောင်းရသေးတာလဲ
မနက်စောစော သီချင်းက ကျက်သရေအဖျာဖျာတုံးတယ်
ဘယ်သူဆက်တယ်မသိပါဘူး ဒီလောက်အစောကြီးကို

" ဟယ်လို.. ဘယ်သူလဲ"

"ခမ်း ငါပါ သုတနိင်လေ "

"အော...ပြောဘာလဲ "

"ငါယောကျာ်းယူတော့မလို့ နောက်တစ်ပတ်ထဲ"

"အော်....အေး....ဘာ!!!!! ယောကျာ်းယူမယ်"

ဘုရားဘုရား သုတနိင်က ယောကျာ်းလေးမဟုဘူးလား
မိန်းကလေးက ယောကျာ်းလေးဟန်ဆောင်ထားတာလား
မဟုပါဘူး သူကယောကျာ်းလေး သေချာပါတယ်
ကျောင်းမှာ ရူးပေါက်တုန်းက သူ့မှာ ဟိုဟာပါ ပါတယ်
ဘာလားအဲ့ တာကိုဖြတ်ပစ်လိုက်တာလား
ဟမ်...ဖြတ်လိုက်ရင် ဘယ်လိုသေးပေါက်မလဲ
အာ မသိဘူး မသိဘူး ဘာတွေလဲ

"မင်းက ယောကျာ်းလေးလေ ဘယ်လိုယောကျာ်းယူမှာလဲ"

"အဲ့လိုပဲဖြစ်သွားတယ် သူငယ်ချင်းရာ အချစ်မှာ
ယောကျာ်းလေး မိန်းကလေး မရှိပါဘူးကွာ
အဓိက ချစ်ဖို့ပဲလေ"

"အေး မင်းတို့ကိုနားမလည်နိင်တော့ဘူး"

"အဲ့တာထားပါ မင်း ငါ မင်္ဂလာဆောင်ကိုလာခဲ့
မြန်မာနိင်ငံမှာ အဲ့လိုမျိုးခွင့်မပြုလို့
ငါတို့ထိုင်းမှာ သွားဆောင်မှာ"

ထိုင်းကိုတောင်သွားဦးမယ်တဲ့ အလုပ်ရှုပ်တာကွာ
လိုက်ရင် လေယာဉ်လက်မှတ်ဖိုး ကုန်ဦးမယ်
ယောကျာ်းလေးချင်းတောင်ယူရတယ်လို့ အံ့သြတယ်။

"လေယာဉ်လက်မှတ်ပါ တစ်ခါထဲ ဖိတ်စာထဲထည့်ပေးလိုက်မှာ
ပီးတော့ ငါ့ကိုကိုက လက်ဖွဲ့လက်မခံဘူးတဲ့
မင်းအတွက် အခန်းပါငှားပေးမှာပါ ငါ့မှာသူငယ်ချင်းဆိုလို့
မင်းပဲရှိတာလေ လာခဲ့ကွာ နော်"

ငါ့ကိုကိုဆိုပဲ ယောကျာ်းချင်းအဲ့လိုခေါ်တာ ကြက်သည်းထလိုက်တာ
အေးလေ သူတို့ကယူတော့မှာဆိုတော့လဲ
အကုန်သက်သာတာပေါ့ စားသောက်ပီး ပြန်လာရုံပဲ
ငါလဲထိုင်းကိုရောက်ဖူးသွားတာပေါ့

"အေးပါကွာ လာခဲ့ပါ့မယ် ငါ့သူငယ်ချင်း မင်္ဂလာဆောင်ပဲ
လာရမှာပေါ့"

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now