ချိုမြိန်သောအမှားတစ်ခု - ၉

5.2K 108 64
                                    

အဟမ်းးးး
အစီအစဥ်မရှိဘဲ ​မှောင်လိုက်ပါသည်လို့
ကျော်ချင်ရင်ကျော်လို့ရအောင် ပြောတာပါ

အိမ်လိပ်စာရပီး ကတည်းက ခွန်းမဟူရာမောင် ဟာ
အကြောင်းမျိုးစုံပြ၍ ခမ်းဆီကို ခဏခဏလာပါသည်။
ခမ်းလဲတွေးမိနေတာ လိပ်စာပေးမိတာမှားပါပီလို့

သူ့မှာစားသောက်ဆိုင်ကြီး တစ်ခုလုံးရှိရဲ့သားနဲ့
ခမ်းဆီကို လာလာကပ်စားနေတာ
စည်းစိမ်တော့ ပြုတ်ပါပီ

" စည်းစိမ်ပြုတ်ရင် ခမ်းက မောင့်ဆီလာနေလေ
မောင်ခမ်းတင်ကျွေးထားနိင်ပါတယ်
လိုချင်ရင်တောင် တစ်ကိုယ်လုံးစိန်စီပေးထားဦးမှာ"

အဲ့လိုလဲ အမြဲပြောပါသည်
အဖြေရပီး ကတည်းက ခမ်းကို အမြဲချောင်းနေပါသည်
ခမ်းက ခွင့်မပြုလို့သာ ဇွတ်အတင်းလဲမလုပ်ရဲပါ
လက်သံပြောင်လွန်းလို့ ခဏခဏအခေါက်ခံရတာလဲ
မှတ်နေပါပီ

အခုလဲ ခမ်းက ခြေထောက်နှစ်ချောင်း သူ့ပေါင်ပေါ်တင်ပီး
ကာတွန်းကားကြည့်နေပါသည်
သူကတော့ ဘေးကနေ နေကြာစေ့ခွာပေးလိုက်
ပါးစပ်ထဲထိ အရောက်ခွံ့လိုက် ယက်ခပ်ပေးလိုက်နဲ့

ယောကျာ်းရိုသေ အသက်ရှည်ဆိုတဲ့ ဆောင်ပုဒ်ကို
ခွန်းမဟူရာမောင် တို့လက်ကိုင်ထားသည်။

" ခမ်းကို မောင်မေးစရာရှိလို့ မောင်တို့ စတွေ့တဲ့နေ့ကလေ
မောင့်ကြောင့် ပျက်စီးသွားတဲ့ ပန်းစည်းက
ဘယ်သူ့ကို ပေးဖို့လဲဟင် ခမ်းရဲ့ မမ ကိုလား "

" မဟုပါဘူး အဲ့တာ မေမေဆုံးတာ နှစ်၁၈ ပြည့်လို့
မေမေ့ဆီ သွားမလို့ ဝယ်လာတာ "

" တောင်းပန်ပါတယ် မောင်...."

" ရပါတယ် မင်းမှမသိတာ အဲ့နေ့က ညနေကျမှ
ခြေထောက်နာရက်ကြီးနဲ့ ပန်းအမြန်သွားဝယ်ပီး
မေမေ့ဆီကို နောက်ကျမှရောက်သွားတယ်"

မေမေ့အတွက်မို့လို့ သုံးသောင်းအကုန်ခံတာပါ
ကျန်တာအတွက်ဆိုရင် သေအောင်နှမြောတာ

" နောက်တစ်ခါ ခမ်းသွားရင် မောင်လဲ အတူတူလိုက်မယ်နော်"

" အင်း လိုက်ခဲ့ "

လိုက်ခဲ့လို့ပြောလိုက်မိလို့ ခမ်းကိုယ်တိုင်လဲ အံ့သြရပါသည်
မေမေ့ဆီသွားရင် မမကိုတောင် တစ်ခါမှခေါ်မသွားဖူးဘူး
ဒါပေမဲ့ သူ့ကိုခေါ်သွားချင်မိနေတယ်

ချိုမြိန်သောအမှားတစ်ခုKde žijí příběhy. Začni objevovat