{Zawgyi}
ထိုလူရဲ့နာမည်က ဝမ်ဖုန်းကျင်။ သူနဲ့ ဝမ်ရှောင်းမျယ်ကူးပြောင်းလာခဲ့တဲ့ကိုယ်ပိုင်ရှင် မျန်တျန်းက တူညီတဲ့ဂိုဏ်းတစ်ခုတည်းက တပည့်တွေ။ ငယ်ငယ်လေးတည်းက သူတို့ရဲ့ဆက်ဆံရေးက အမြဲတမ်းဆိုသလိုကောင်းမွန်ပြီး လိုက်ရောညီထွေရှိကြတယ်။ ဝမ်ဖုန်းကျင်ရဲ့ပြောစကားအရဆိုရင် သူတို့တွေက ကောင်းကင်ဘုံကဖန်ဆင်းပေးထားတဲ့ အတွဲတွေတဲ့။
အစတုန်းက နှစ်ယောက်သား သူတို့ဂိုဏ်းကိုပြန်ပြီး လက်ထပ်ထိန်းမြားပွဲမလုပ်ခင် သုံးနှစ်လောက်ခရီးအတူထွက်ကြမယ်ဆိုပြီး စီစဉ်ထားကြတာ။
အကျိုးဆက်ကတော့ ဒီခရီးက သူတို့ကိုသေကွဲကွဲစေတဲ့အထိ ဖြစ်ခဲ့တယ်။
ဝမ်ရှောင်းမျယ် : ဒါပေါ့ သေတာပဲလေ၊ အဲ့တာကြောင့်ပဲ ငါဒီရောက်နေရတာကို...
ရှေးခေတ်တုန်းက လူတွေက အမတဖြစ်ဖို့လမ်းစဉ်ကိုပဲ စုံလုံးကန်းပြီးလိုက်ခဲ့ကြတယ်။ ဒါကြောင့်နဲ့ အများစုက ဆေးဝါးတွေဖော်စပ်ကြတယ်၊ တချို့တွေကတော့ ဒုက္ခများစွာကြုံရပြီး တချို့ကျပြန်တော့ သူတို့ရဲ့ဘ၀နဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဖြုန်းတီးလိုက်ရတယ်။ ဧကရာဇ်နဲ့ တော်ဝင်မျိုးနွယ်တွေက ဒီလိုဆေးမျိုးတည်ရှိတယ်ဆိုတာကို ယုံကြည်ပြီး ထာဝရအသက်ရှည်ဆေးကိုရှာဖို့ သံတမာန်မြောက်မြားစွာစေလွှတ်ကြတယ်။
ပြီးတော့ ခရီးထွက်လာခဲ့ကြတဲ့ ဒီနှစ်ယောက်က ကံကောင်းတာပဲလား ကံဆိုးတာပဲလားမသိ သွေးအိုင်ထဲလဲနေခဲ့တဲ့လူတစ်ယောက်ကို ကယ်ပေးမိခဲ့တယ်။ ဝမ်ဖုန်းကျင်ပြောစကားအရ သူဝင်စားခဲ့တဲ့ အရင်မျန်တျန်းဆိုတဲ့လူက အေးတိအေးစက်မျက်နှာရှိပေမယ့် ကြင်နာတတ်တယ်တဲ့။ ထိုလူ့ရဲ့ဒဏ်ရာတွေကို ကုသပေးခဲ့ရုံတင်မကဘူး သူ့ကိုသတ်ဖို့လာတဲ့လူတွေကိုလည်း ပြန်တိုက်ခိုက်ခဲ့သေးတယ်။
ဒါပေမယ့် သူတို့တုန်လှုပ်ချောက်ချားရတာက လာသတ်တဲ့လူသတ်သမားတွေက ကုန်သွားတယ်လို့ကို မရှိဘဲ အဆုံးမှာထိုလူကပဲ သေဆုံးသွားတယ်။ သူမသေခင် သူကဧကရာဇ်က သက်ရှည်ဆေးရှာဖို့ လွှတ်လိုက်တဲ့လူဖြစ်ကြောင်း ထုတ်ပြောလာခဲ့တယ်။ သူသေသွားတော့ သက်ရှည်ဆေးကို မျန်တျန်းဆီ လက်လွှဲပေးလိုက်တယ်။
YOU ARE READING
ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]
RandomTitle - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Translators - Kay_Wine & Han-Byeol