Chapter 35

1.5K 367 36
                                    


{Zawgyi}



"...ခင်ဗျားကိုကြည့်ရတာ ကျုပ်တစ်ခုခုထုတ်ပြောလိုက်မှာကို ကြောက်နေတဲ့ပုံပဲ၊ ဟားဟား ဘာကြောင့်လဲဆိုတာ ကျုပ်ခန့်မှန်းကြည့်လိုက်မယ်" သတ်ချင်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တွေအပြည့်ပါတဲ့ ဓားသွားရဲ့ ခုတ်ချက်အောက်မှာ ထိုလူက သူ့ခေါင်းကို ဖြတ်မိမယ့်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။ မလိုမုန်းထားရှိတဲ့အသံက ကျယ်လောင်လွန်းတဲ့အတွက် ဒီမှာရှိနေကြသူတိုင်း ကြားနိုင်ပြီး သူပြောလိုက်တာက "ဘာလို့လဲဆိုတော့ သူ့မှာ မှတ်ဉာဏ်တွေမရှိတော့လို့လေ ဟုတ်တယ်မှတ်လား? ဟားဟား ကျုပ်က ပြဒါးလုံးရဲ့အစွမ်းကို သိပ်အကျွမ်းတဝင်ရှိတာပေါ့... ခင်ဗျားက သူ့ကိုထိန်းထားနိုင်အောင် သွေးနဲ့ စုပေါင်းစပ်ပေါင်းတွေကို သုံးခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူ့ကို ထိန်းချုပ်နိုင်ခဲ့တယ်၊ မဟုတ်ရင် အတိတ်တုန်းက ခင်ဗျားကို အရိုးတွေထဲကနေလှိုက်ပြီး မုန်းနေတဲ့လူက ဒီလိုမျိုးခင်ဗျားအပေါ် နာခံတဲ့သဘောထား ရှိနိုင်မှာလဲ?"

'ထိန်းချုပ်တယ်? သူတို့တွေက ရှစ်ရှုန်းနဲ့ ရှစ်တိဆိုပြီး သဟဇာတဖြစ်ကြတဲ့ အတွဲတစ်တွဲမဟုတ်ဘူးလား?'

ဝမ်ရှောင်းမျယ်တစ်ယောက် ဝမ်ဖုန်းကျင်ကိုကြည့်ပြီး ပြောစရာစကားလုံးပျောက်ရှသလို ခံစားလိုက်ရတယ်။

နောက်ပြီး ဝမ်ဖုန်းကျင်ကတော့ သိမ်နုပ်တဲ့စကားက သူ့အပေါ် သက်ရောက်မှုမရှိသလိုမျိုး တည်ငြိမ်စွာ ဆက်ပြီးတိုက်ခိုက်နေတယ်။

သူ့စကားတွေက လျစ်လျူရှုခံရတာကိုမြင်တော့ ထိုလူက သူ့ခန္ဓာကိုယ်ပေါ်ကျရောက်လာတဲ့ များစွာသောရိုက်ချက်တွေကို သည်းခံပြီး တရစပ်ဓားသိုင်းအကနဲ့ တန်ပြန်တိုက်ခိုက်လာကာ နောက်ဆုံး လျောင်ယွဲ့ဓားကို မလှုပ်မယှက်ဖြစ်အောင် လုပ်နိုင်သွားတယ်။ ဝမ်ဖုန်းကျင်သာ ရှောင်တိမ်းဖို့ တစ်စက္ကန့်စာလောက် နောက်ကျသွားခဲ့ရင် ဓားကိုကိုင်ထားတဲ့သူ့လက်ချောင်းတွေ ပြတ်သွားနိုင်တယ်!

"ဟားဟား! ဝမ်ဖုန်းကျင် သနားစရာကောင်းလိုက်တဲ့လူ! ကျုပ်က ခင်ဗျားရဲ့ချစ်လှစွာသော ရှစ်ရှုန်းပိုင်ဆိုင်သင့်တဲ့ စုပေါင်းစပ်ပေါင်းကို ခိုးခဲ့တာ! ပြန်လိုချင်တာလား? ကောင်းပြီလေ! ကျုပ်ကိုသတ်လိုက်ပြီးရင် ကျုပ်ရဲ့အသည်းနှလုံးကို ယူ... အဲ့ကျရင် ခင်ဗျား စုပေါင်းစပ်ပေါင်းရဲ့ နောက်တစ်ခြမ်းကို ရလိမ့်မယ်!"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now