{Zawgyi}
မိန်းမတစ်ယောက်ရဲ့ငိုကြွေးသံက စင်္ကြံရဲ့တစ်ဖက်တစ်ချက်ကနေ ထွက်ပေါ်လာခဲ့တယ်။ အဲ့တာက အရင်တစ်ခါသင်္ချိုင်းသူခိုးတွေ ဝင်လာတုန်းကပေါ်လာတဲ့ အသံအတိုင်းပဲ။ အဲ့အသံက ဝမ်ဖုန်းကျင် ဖန်တီးထားတဲ့အရာတစ်ခုခုဆီကနေလာခဲ့တာပဲဖြစ်တယ်။ သင်္ချိုင်းထဲကို ဝင်နိုင်ခဲ့တဲ့ ကျူးကျော်သူရဲ့အခြေအနေကို သူမကဒီလိုသတိပေးဖော်ပြလိမ့်မယ်။
ထိုမိန်းမငိုသံကိုကြားလိုက်ရ ရခြင်း ဝမ်ဖုန်းကျင် ကအသံလာရာ နေရာကို လျင်မြန်စွာ ကောက်ချက်ချလိုက်နိုင်တယ်။ သူ့မျက်နှာကလည်း လူသတ်ချင်တဲ့အငွေ့အသက်ကိုပြောင်းလဲသွားခဲ့တယ်။
မျန်တျန်း!
သင်္ချိုင်းသူခိုးက မျန်တျန်းကိုဦးတည်နေတယ်!
ထိုအချိန်အတွင်းမှာပဲ ဝမ်ရှောင်းမျယ်က သူ့ဆီကိုအနက်ရောင်မြည်းခွာကြီးယမ်းပြနေပြီး မြေပေါ်မှာထိုင်နေတဲ့လူကို ပြောစရာစကားမရှိစွာဖြင့်ကြည့်နေခဲ့ရတယ်။ ထိုသူက အလွန်ကြောက်ပြီး အလွန်အကျွံကိုငိုကြွေးနေခဲ့တယ်။
သယ်ရင်းရာ မင်းဒီလိုလုပ်နေတာ ဆယ်မိနစ်လောက်ရှိနေပြီ မပင်ပန်းဘူးလား!
ဝမ်ရှောင်းမျယ်က သူ့ပါးစပ်ကိုဖွင့်ပြီး ပြောဖို့လုပ်လိုက်တယ် " ငါ... " ငါကမကောင်းတဲ့လူ မဟုတ်ပါဘူးကွာ။
ဒါပေမယ့်လည်း သူ့ရဲ့စကားလေးတောင်ဆုံးအောင်မပြောရသေးခင် အခြားတစ်ဖက်ကလူက အော်ဟစ်လိုက်တယ် " မလာနဲ့ ကပ်မလာနဲ့! အား—! "
ဝမ်ရှောင်းမျယ်: "....."
ဝမ်ရှောင်းမျယ်က ကို့ယို့ကားယားနဲ့ငုတ်တုတ်လေးထိုင်နေခဲ့တာဖြစ်တယ်။ သူကသူ့ရဲ့ပုံစံကို ကြိုးကြိုးစားစားပြင်လိုက်ပြီး တစ်ချိန်ထဲမှာလည်း သူ့ဟာလေးကိုဖုံးဖို့အတွက် သူ့ရဲ့အဝတ်အစားတွေကိုအောက်ဆွဲချလိုက်တယ်။ သူတို့နှစ်ယောက်လုံးက ယောကျာ်းချင်းဖြစ်နေပေမယ့်လည်း သူသူ့ကိုအမြင်မခံနိုင်သေးတုန်းပဲ။
သူ့လုပ်ရပ်က တဖက်လူကို အထင်လွဲစေခဲ့ပြီး ပေတူးနေတဲ့မျက်နှာနဲ့လူက တိုက်ပွဲခေါ်သံကို စတင်လိုက်တယ် "ငါ မင်းကို သတ်မယ်" လို့ အော်ပြီးတာနဲ့ပဲ မြည်းခွာနဲ့ ဝမ်ရှောင်းမျယ်ရဲ့ နဖူးကို လျှပ်တပြတ် တိုက်ခိုက်လိုက်တယ်။
YOU ARE READING
ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]
RandomTitle - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Translators - Kay_Wine & Han-Byeol