မြို့အုပ်မင်းမှပြန်ချစ်ပါ part 4

1.8K 111 0
                                    

မြို့အုပ်မင်းမှပြန်ချစ်ပါ
part......4
"လကအဖော်မရှိလို့ မပြည့်စုံတော့ရှောင်းသခင်လေးကရော အဖော်ရှိပြီလား"
ရှောင်ကျန့်ထိုသို့မေးလာသောဝမ်ရိပေါ်အားငေးကြည့်ကာ
"မရှိဘူး"
ရိပေါ်ကတော့ကောင်းကင်ကိုငေးကြည့်နေတာကို ဘေးကနေရီဝေစွာ ပငးကြည့်ရင်း
"မြို့အုပ်မင်းမှာရောရည်ရွယ်ထားတဲ့လူရှိလား"
ရှောင်ကျန့်ရိ‌ေပါ်ရဲ့ပြန်အဖြေကိုမျှော်လင့်တစား နဲ့ရိပေါ်မျက်နှာကို‌ေငးကြည့်ကာ စိတ်ထဲတွင်လဲသူ့အတွက်အခွင့်အရေးရှိဖို့မျှော်လင့်နေမိတယ်
"မရှိဘူး"
ထြုအဖြေဟာရှောင်ကျန့်ရင်ထဲ ကုလားဘုရားလှည့်သလိုဗြောင်းဆန်သွားစေတယ်
ခဏတာတိတ်ဆိတ်သွားတယ်ထိုလူနှစ်ဦးကြား။တကယ်ပါထိုတိတ်ဆိတ်နေမှုကလှပါတယ် လမင်းကိုငေးသူနေရှောင့်ကျန့်ကို ငေးနေတဲ့ရိပေါ်ရယ် နှင်းဆီခင်းရယ်ဟာတကယ်ပါ သိပ်လှတဲ့ပန်းချီတစ်ချပ်ပါဗျာ
ထိုတိတ်ဆိတ်နေတဲ့လေထုကိုအနောက်ကအသံတစ်ခုကဖြိုခွင်းလိုက်တယ်
"မြို့အုပ်မင်း......အိမ်တော်ကဖုန်းဆက်တယ်"
"ဟုပြန်လာပြီလို့ဖြေပေးပါ"
ရိပေါ်ထိုကောင်လေးထွတ်သွားတော့
"ရှောင်းသခင်လေး"
"ခွင့်ပြုပါအုံးနောက်ကျနေပြီမို့ကျတော်ပြန်တော့မယ်ဗျ"
ရှောင်ကျန့် နောက်ကျနေပြီဟူသောစကားကြောင့်သူ့ပရောဂမကင်းသလိုခံစားရကာ
"မြို့အုပ်မင်းကို ကျတော် ဆွဲထားလို့ နောက်ကျနေပြီ"
အားနာပြီးခံစားလွယ်တက်တဲ့ရှောင်ကျန့်ပုံပကြာင့်ရိပေါ်မှစကားစကာ
"မဟုတာဗျာ"
ပြောပြီးထွတ်သွားသောရိပေါ်ကိုရှောင်ကျန့်နောက်ကျောကနေငေးကြည့်ရင်းငါ့‌ေကြာင့်ဒုက္ခများရပြီ ရှောင်ကျန့်ကနောက်ကနေလိုက်မလာပဲ မျက်နှာကမှုံကုပ်တော့တယ်
ရိပေါ်သူ့နောက်ကကပ်ပါမလာတဲ့ထိုလူသာူကိုလှည့်ကြည့်တော့ထြုနေရာကမရွေ့ထိုကြောင့်
"ရှောင်းသခင်လေးကျေးဇူးပါ"
ရှောင်ကျန့်ရိပေါ်ဘာကိုဆိုလိုမှန်းတကယ်မသိပါ ထို့ကြောင့် မျက်နှာလေးက နားမလည်တဲ့ပုံလေးလုပ်ကာ
"နားမလည်ဘူး...ဘာအတွက်"
"ဒီနေရာလေးကတကယ်လှတယ် ကျတော်သဘောကျတယ် နော်လာလည်လို့ရမလား"
ရှောင်ကျန့်မျက်လုံးလေးတွေဝင်းသွားကာ
"ဟု"
ထိုသို့နှင့်ရိပေါ်ရှောင်းအိမ်တော်ကနေဂျစ်ကားအမဲလေးကိုမောင်းနှင်ကာပြန်လာခဲ့သည်လမ်းတစ်လျှောက် ထိုကောင်လေးအပြုံးလရောင်အောက်ကအပြုံးလေးကိုမြင်ယောင်ကာခဏခဏမျက်နှာပြင်ထက်အပြုံးတွေဖြတ်သွားတာ သူကိုယ်တိုင်တောင်ဘယ်နှခါပြုံးမိသလဲမသိပါ။
အိမ်ပြန်ရောက်တော့ ကိုယ်လုံးပေါ်မှန်လေး‌ေရှ့ရပ်ကာ နာရီကိုငုံ့ကြည့်မိတော့ သူ့လက်ကလေးကိုလာဆွဲသော လက်ကလေးတစ်စုံကိုသတိရကာ မှန်ရှေ့မှာပီပီပြင်ပြင်ပြုံးမိပြန်တယ်  ။ရေချိုးခန်းထဲကထွတ်လာတော့ ဧည့်ခန်းထဲကဖုန်းသံကိုကြားကာ သွားကိုင်လိုက်တယ်
"ဟယ်လို.....ဝမ်"(ရုံးပတေသီးအတောင့်တစ်ရာစားထားတဲ့အသံဖြင့်)
ရိပေါ်တိတ်ဆိတ်လျက် အချိန်1နာရီကြီးဖုန်းဆက်ပြီး သူ့ကိုဝမ်ဟုချွဲကာခေါ်လိုက်သောအမျိုးသမီးကိုသူမသိပါချေ
"မြို့အုပ်မင်းဝမ်ရိပေါ်ပြောနေပါတယ်"
"ခုပြောနေတာဘယ်သူလဲ"
"ဝမ်.....ခုပြောနေတာဘယ်လဲတဲ့လား"
"မော်ဇာလေဝမ်"
ရိပေါ်ထိုနမည်ကိုကြားတော့သိပ်သလဘာမကျချေ
"ဝမ်မနက်မော်ဇာပြန်လာမှာ"
"လေယဉ်ကွင်းကိုလာကြိုပါလား"
"....."
တစ်ဖက်လူကဘာမှပြန်မပြောလာတော့ မော်ဇာက
"ဘာမှပြန်မပြောတာလက်ခံတယ်လို့သလဘာထားလိုက်ပြီတနာ်ဝမ်"
"မနက်ဖြန်နေ့လည်11:00လေယဉ်ဆင်းမယ်ဝမ်"သူပြောချင်ရာပြောပြီးဖုန်းချသွားတဲ့မော်ဇာကိုရိပေါ် မျက်ခုံးတွေတွန့်ချိုးကာအလိုမကျ ဖုန်းကိုချလိုက်ပြီးလွန်ခဲ့သော 5နှစ်ဆီသို့အတွေးလေးကူးခတ်မိတယ်
"ဝမ်ကိုမော်ချစ်တယ်"
ဟုသည် ဝမ်ဟာ မော်ဇာကိုချစ်သည်လွန်ခဲ့သောငါးနှစ်က
ကော်ဖီဆိုင်လေးရဲ့ထောင့်ဝိုင်းလေးတွင် ထိုင်နေသောနှစ်ယောက်ဟာအခုမှအဖြေပြန်ပေးလိုက်သောချစ်သူအသစ်စက်စက်တွေပါ ဓါတ်ပြားမှလာနေသော သီချင်းကတကယ်roပါတယ်ရိပေါ်သူမကို‌သဘောကျသည်သူမဟာသူ့ထက်အသက်ကြီးတယ်ကြင်နာတဲ့နှလုံးသားရှိတယ် အသားဝင်းပြီး ဂစ်တာရှိတ်ကိုယ်နဲ့  ပြေပြစ်တဲ့မျက်နှာထားနဲ့ ကော့ညွတ်နေတဲ့ နှုတ်ခမ်းသားတွေကတကယ်လှတယ် တကယ်ပါ ဝမ်ရိပေါ်သူမကိုသဘောကျသည်ဒါပေမယ့်မချစ်ဘူးနော် ။ ပြီးပြည့်စုံတဲ့သူကိုသဘောကျမိရုံပါ။
ဘလယဉ်ကွင်းတွင်နာရီတကြည့်ကြည့်နှင့်ရိပေါ်ကိုရှောင်ကျန့်တွေ့တော့ သွားနှုတ်ဆက်မည်ပြင်တော့
"ဝမ်.....ရောက်နေတာကြာပြီလား"
ထိုအသံနှင့်အတူရိပေါ်နားကပ်လာပြီးသူမကရိပေါ်လက်ကိုချိတ်ကာ
"ဝမ်သွားရအောင်"
ထိုသို့ပြောပြီးထွတ်သွားသော ကျောပြင်နှစ်ခုကိုရှောင်ကျန့်နားမလည်စွာဖြင့် ငေးကြည့်နေစဉ် ‌
"ဟျောင် ငကျန့်"
"ဝမ်နင်ရောက်ပြီသွားရအောင်"
"ဘယ်တွေလိုက်ကြည့်နေတာလဲ  ကို့သူငယ်ချင်းကိုလာကြိုတာလား လိုက်ငမ်းနေတာလား"
"စောက်ပိုတွေပြောမနေနဲ့ သွားရအောင်"
ရှောင်ကျန့် ကျန်းချန်နဲ့ဝမ်နင်ကိုမျက်စောင်းပစ်ကျွေးကာရှေ့ကထွတ်သွားသည်
ရှောင်ကျန့်တို့သူငယ်ချင်းတွေမဆုံတာကြာခဲ့ပြီရှောင်ကျန့်ပြင်သစ်ကပြန်ရောက်တော့ ဝမ်နင်ကအလုပ်ကိစ္စနဲ့ခရီးထွတ်သွားတာမို့ခုမှဆုံဖြစ်တယ် ။ ဝမ်နင်ရဲ့အကျင့်ပေါ့
ပြန်ရောက်ရောက်ချင်းဘားသွားချင်တယ်တဲ့လေ
ထိုကြောင့် မြို့ထဲက ဘားတစ်ခုကိုရောက်နေတယ်
ထိုဘားတွင် ပြောင်လက်လက်ရောင်စုံ ဝတ်ဆုံတွေကို ကော့ညွတ်နေတဲ့ခန္ဓာကိုကိုပေါ်အောင် ကြပ်စွာဝတ်ပြီးကောက်ထားတဲ့ဆံသားတွေနဲ့နှုတ်ခမ်းရဲရဲမိန်းမတွေဟာ
သိပ်ကိုမျက်စိအမြင်ရိုင်းလှတယ်
မီးရောင်ပျိုးတိုးပျတ်တက်ကြားမှာ ရှောင်ကျန့် လှမ်းတွေ့လိုက်သူဟာ အနက်ရောင် ကုပ်ကိုဝတ်ဆင်ကာဆံသားတွေကိုဆီလူးကာအပေါ်ကိုလှန်တင်ထားပြီး မေးကြောတင်းတင်းတွေနဲ့ထိုလူဟာ သူ့ရင်ထဲက သ‌ေဘာတကြလိုချင်မိတဲ့မြို့အုပ်မင်းဝမ်ရယ်ပါ
‌"ဟျောင့်ဘာတွေငေးနေတာလဲ"
ရှောင်ကျန့်ငေးနေရာကျန်းချန်ကလှမ်းကြည့်လိုက်တော့သိပါပြီ
"မင်းလင်ပဲ"
ရှောင်ကျန့် ကျန်းချန်ကိုစောင်းကြည့်ကာ မင်းအပူလားဆိုတဲ့အကြည့်မျိုးဖြင့်ကြည့်ကာ
"ငါသွားနှုတ်ဆက်လိုက်အုံးမယ်"
ရှောင်ကျန့်ဝိုင်းမှထသွားတော့  ဝမ်နင်က
"ကျန်းချန်ဘယ်သူလဲဟ ရှောင်ကျန့်လင်က"
"ဟိုမှာလေမြို့အုပ်မင်းဝမ်"
"မင်း‌ေကာင်ကွေးသွားတာလား"
"မင်းဘာသာသွားမေးကြည့်"
ရိပေါ်ကိုဘားခေါ်လာပြီး  သူငယ်ချင်းတွေနဲ့မူးရူးနေအောင်လူအုပ်ထဲတိုးဝေ့ကနေတဲ့ သူမကို ရိပေါ်သဘောမကျပါ
ထိုနေရာကိုလဲသဘောမတွေ့ စိတ်ကုန်တယ် ။အရင်ထဲကအေးဆေးနေတက်တဲ့သူမို့ ဆူညံသံတွေက သတ်သေချင်လောက်အောင်ပင်
"မြို့အုပ်မင်းဝမ်"
ထိုအသံလာရာကိုလှမ်းကြည့်မိတော့ အပြုံးလေးတစ်ပွင့်ဖြင့်စတင်နှုတ်ဆက်လာတဲ့ထိုလူဒီနေရာရဲ့စိတ်ညစ်စရာတွေကို ရင်အေးလောက်အောင်ပြုံးပြထားတာပါ
ကဲတော်ပြီ ဒါဒါတို့ ရယ်ကြအုံးမလား...

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Where stories live. Discover now