မြို့အုပ်မင်းမှပြန်ချစ်ပါpart...18

1.3K 69 0
                                    

မြို့အုပ်မင်းမှပြန်ချစ်ပါ
Part......18
ရှောင်ကျန့်တစ်ယောက် မောင့်အတွက်လက်ကိုင်ပုဝါလေးပေါ်မှာမောင့်နမည်လေးကို ထိုးရင်း အတွေးတချို့နဲ့။ သာယာလှတဲ့ညနေခင်းခြံထဲမှာ ရေဒီယိုနားထောင်ရင်း
လက်ကိုင်ပုဝါကိုထိုးလျက် ။
မောင်နဲ့ခုဆိုအိမ်ထောင်သက်ကတစ်နှစ်ကျော်လေပြီ။ကြာလေမောင်ကပိုချစ်လာလေပဲ။တခုပဲကျန့်တို့မှာ သားသမီးမရှိဘူး။ မောင့်ကိုမွေးပေးချင်ပေမယ့်ကျန့်ကိုတိုင်ကယောက်ကျားလေးဖြစ်နေတယ်။ မောင်ကတော့သားသမီးလိုချင်ကြောင်းတစ်ခွန်းမဟဘူး။ ကလေးချဈ်က်လားမေးတော့လဲ မချစ်တက်ဘူးတဲ့။ တခြားသူနဲ့ကလေးအငှားယူဖို့ပြောတော့မောင်ကစိတ်ဆိုးသေးတယ်။ ကျန့်သွေးသားမှမဟုရင်မောင်မချစ်ဘူးမလိုချင်ဘူးတဲ့။ မောင်အပေါ်ချစ်ခဲ့သမျှပေးဆပ်ခဲ့ရသမျှက တန်ပါတယ်။ ဒီလက်ကိုင်ပုဝါလေးကတော့လာမယ့်မောင့်ကိုပေးချင်လို့ ကိုယ်တိုင်အပင်ပန်းခံနေတာ။ ဒီရက်ထဲဆိုမောင်က အလုပ်တွေရှုပ်‌ေနတာနဲ့ ကျန့်မွေးနေ့တောင်ရောက်တော့မှာမောင်သိရဲ့လားမသိ။ အိမ်တောင်သိပ်ပြန်မလာဘူး။ ဒါပေမယ့်အကိုဟောက်နဲ့တော့စားစရာတွေထည့်ထည့်ပေးလိုက်တယ်။ စားချင်တာကို အကိုဟောက်ကလာလာပို့ပါတယ်။မောင်ပြန်မလာတာသုံးရက်ရှိပြီ။ အလုပ်တွေရှုပ်နေပုံပင်။ ဒီနေ့တော့မောင်ပြန်လာမှာမို့ကျန့်ကိုတိုင်ချက်ရမယ်လေ။
အတွေးထဲလေယဉ်စီးနေတုန်း ရေဒီယိုမှသတင်းတခုသည်ကား
"ယနေ့တွင်တရုတ်နိုင်ငံနယ်စပ်တွင် ထားရှိသောခံတပ်မှာပျက်စီးပြီးဂျပန်တွေကျူးကျော်လာပါပြီ"
သတင်းအဆုံးမှာရှောင်ကျန့်သက်ပြင်းချရင်း မောင့်ကိုစိတ်ပူလာသည်။
ညနေခင်း စာပြင်ဆင်ပြီးတော့ သိပ်မကြာပါကားတစ်စီးဝင်လာလေပြီ
ရှောင်ကျန့်ထွတ်ကြိုတော့ ကားပေါ်ကဆင်းလာတဲ့မောင်ကမတွေ့တာသုံးရက်ပင်ကြာသေးသည် ပိန်သွားလိုက်တာ
မျက်နှာလဲသိပ်မလန်း။
"မောင် ပိန်သွားတယ်"
"ဟင်း ....မောင်ကမောင့်ကတော်ကိုလွမ်းလို့ပိန်တာလေ"
"ပြစ်ထားပြီးတော့"
"မပြစ်ပါဘူးဗျာ မောင်မအားလို့ပါ"
"မောင်ရေအရင်ချိုး အခန်းထဲမှာရေစပ်ထားတယ်။ပြီးတော့ကျန့်ကိုယ်တိုင်ချက်ထားတယ်ထမင်းတွေဟင်းတွေ"
"ဟုပါပြီပါ မောင့်ကတော်လေးပင်ပန်းနေပြီ"
မောင်ကပုခုံးပေါ်လက်လေးတင်ကျန့်ကမောင်မောင့်ခါးကိုဖက်လျက်စကားပြောရင်း အခန်းထဲ ဝင်လာတယ်။
"ကျန့်အဝတ်ထုတ်ပေးထားမယ် ရေချိုးတော့မောင်။ "
"ရွှတ်"
မောင်ကရေချိုးခန်းမဝင်ခင် နှဖူးလေးကိုရွှတ်ခနဲအသံမြည်အောင်အောင်နမ်းသွားသေးတယ်။ ရေချိုးခန်းကထွတ်လာတော့မောင့်ဆံစလေးတွေမှာတွဲခိုနေတဲ့ ရေတွေကိုသိပ်မုန်းတယ်။ ဘာလိုဆို မောင်ဆံစမှာတွဲခိုနေတဲ့ ရေတွေက မောင့်ကို ပိုပြီးခန့်ညားစေတယ်။
"မောင့်ကို ရေသုတ်ပေး"
"လာ....အနားကို"
မကျေနပ်သည့်အသံမျိုးဖြင့်ပြောလိုက်သည်မို့မောင်ကအနားကိုလျှောက်လာပြီး ဘေးမှာထိုင်ကာ
"မောင့်ကတော်ကဘာ‌ေတွအလိုမကျနေပြန်တာလဲ"
"ဟင်"
တကယ်ပါသူ့လေသံအသွားကိုကြည့်ပြီးကျန့်စိတ်ထဲဘာဖြစ်နေလဲတောင်မောင်ကသိနေသလား။
""ဟင်မောင့်ကိုပြော"
"ခေါင်းပေါ်ကရေစတွေကို"
ရိပေါ်မျက်လုံးပြူးလျက်ပင်
"မောင့်ခေါင်းပေါ်မှာရေစတွေတွဲခိုနေတာက မောင့်ကိုပိုချောစေတယ်။ကျန့်မကြိုက်ဘူး။ အဲ့ရေစတွေကို"
ရိပေါ်ပြုံးကာ ရှောင်ကျန့်ဘက်မျက်နှာလှည့်ရင်း ရှောင်ကျန့်ရဲ့မေးလေးကိုလေးနဲ့ဆွဲကာ
"မောင့်ကတော်ကမောင့်ကိုပိုင်တာမို့ သူ့ကို သတန်တိုမနေပါနဲ့"
ရှောင်ကျန့်ရှက်သွားလေပြီ
ရှောင်ကျန့်ရ‌ိပေါ်ကိုခေါင်းသုတ်ပေးရင်း
"မောင်ပိန်သွားတယ်သုံးရက်ထဲရှိသေးတာကို"
"အဆင်ပြေရဲ့လားမောင် ။နိုင်ငံရေးတွေမငြိမ်ဘူးဆို"
"အဆင်ပြေပါတယ်။စိတ်ပူမနေနဲ့"
"အိမ်ပြင်မထွတ်နဲ့နော်မောင့်ကတော်"
"ဟုမောင်"
ခေါင်းသုတ်ပေးပြီးတော့ထမင်းစားခန်းထဲကို မောင်က ကျန့်ခါးကိုဖက်လျက်ပင်ဆင်းလာခဲ့တယ်။
ထမင်းဝိုင်းတွင်မောင့်ပန်ကန်ထဲသို့ဟင်းတွေဆက်တိုက်ထည့်ပေးနေမိတယ်။မောင်ပိန်သွားတာကိုတွေးရင်း စိတ်မကောင်းလို့
"မောင့်ကတော် လဲစားလေ။မောင့်ပန်ကန်ထဲဟင်းတွေကြီးဖြစ်ကုန်ပြီ"
"....."
ရိပေါ်ရှောင်ကျန့်ပန်ကန်ထဲဟင်းထည့်ပေးရင်းဆိုလာတယ်။
ထမင်းစားပြီးတော့ဧည့်ခန်းထဲတွင် ဆက်မိဆက်ရာပြောနေရင်းဖုန်းဝင်လာတာမို့ ကိုင်လိုက်တော့
"ဟယ်လို....မြို့အုပ်မင်းအိမ်ကပါ"
"မြို့စားကတော်။ မြို့အုပ်မင်းရှိလားဗျ"
"ဟု...."
"မောင်အကိုယောက်ဆက်တာ"
ရိပေါ်ရှောင်ကျန့်လက်ထဲကဖုန်းကိုကိုင်လိုက်ပြီး
"ဟယ်လိုအကိုဟောက်"
"......"
"ကျတော်အခုလာခဲ့မယ်"
ရှောင်ကျန့်မျက်ခုံးတွေတွန်းချိုးနှုတ်ခမ်းတွေ က ဆူလာကာ အလိုမကျပါ။
ရိပေါ်ကသူ့ကိုလဲတစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်သေးသည်။
ဖုန်းကျသွားတော့
"မောင်......ဘာတဲ့လဲ"
"မောင်အရေးပြသာနာကြောင့်ခုသွားရမယ်"
"မောင်ခုမှအိမ်ပြန်လာတာလေ"
"မောင်ကမြို့အုပ်မင်းလေ မောင့်ကတော်သိတယ်မို့လား"
"ခုနိုင်ငံရေးကမတည်ငြိမ်ဘူးလေ"
"မဆိုးနဲ့နော် မောင်ပြန်လာမယ် အပြင်မထွတ်နဲ့နော်မောင့်ကတော်"
ပြောရင်းဆိုရင်းအပေါ်ထပ်တက်ကာ အခန်းထဲကအပေါ်ကုပ်ကိုယူပြီး မြန်မြန်ဆန်ဆန်ပင်ပြေးလွှား‌ေနတဲ့မောင်။ကားနားရောက်တော့ နောက်ကပါလာတဲ့ကျန့်ကို
"ရွှတ်"
တစ်ချက်နမ်းကာ  ကားထဲကိုဝင်ရင်း
"မောင်ပြန်လာမယ်နော်မောင်မှာတာမမေ့နဲ့မောင့်ကတော်။ မောင့် ရဲ့တစ်ဉီးတည်းသောကတော်"
"ချစ်‌‌ရသောမောင့်ကတော်"
ပြောပြီးကားလေးကိုမောင်းလို့ထွတ်သွားလေပြီ။ထိုထွတ်သွားသူကားကိုကြည့်ရင်းရင်ထဲ မကောင်း ။ မောင်ဒီနေ့မှပြန်လာတာတစ်ရက်တောင်မပြည့်သေးပြန်သွားရပြန်ပြီ
မောင့်ကိုချစ်တယ်တောင်မပြောလိုက်ရဘူး။ အရင်ကဆိုသွားခါနီးမှာတမ်းချွေသူကကျန့် ခုမှာတမ်းတွေတရစက်ချွေသွားသူကမောင်ပါပင်
စဉ်းစားရင်းပင် အိပ်စက်ခြင်းဆီသို့။
မိုးလင်းလို့အိပ်ရာနိုးတော့ အောက်ထပ်ဆင်းလာပြီးမောင်စားဖို့တစ်ခုခုပြင်တော့တယ်။
"အကိုလေး "
"သခင်လေးက ဒီနေ့သူပြန်မလာဘူးတဲအဲ့ဒါဦးလေးကိုသူ့အဝတ်တွေပို့ပေးခိုင်းဖို့မှာလိုက်တယ်။"
"မောင်ဖုန်းဆက်တာလား"
"ဟု..အကိုလေးအိပ်နေလို့နှိုးပေးရမလားမေးတော့မနှိုးနဲ့ရတယ်တဲ့"
ရှောင်ကျမ့်နှုတ်ခမ်းတွေထော်လာကာ အလိုမကျချေတော့။
သူလဲအဝတ်တွေအပြင်စားစရာတွေပါပြင်ပြီးဦးလေးနဲ့ထည့်ပေးလိုက်တယ်။ ဒီတိုင်းမထားနိုင်ပါ သူလုပ်မပေးရင်အစာမစားဘဲ နေလေအုံးမလား။ အလုပ်တွေဖိလုပ်နေလေမှာ။
ယနေ့လဲမောင်ပြန်မလာနိုင်လေ‌ပါ။ မောင်ပြန်မလာသည်ကား 2ရက်ပင်ဖြစ်နေလေပြီ။ ယနေ့သုံးရက်မြောက်နေ့တွင်မောင်ပြန်လာလေမလား။
ခြံထဲက ကားသံကြားရသည်မို့ရှောင်ကျန့်ပြေးဆင်းလာတော့ မောင့်မျက်နှာက စိုးရိမ်မှုအပြည့်ဖြင့်
"မောင်မျက်နှာလဲမကောင်းဘူး"
"မောင့်ကတော် ..."
"ဟင်"
"အထုပ်တွေပြင်တော့ ရှောင်းအိမ်တော်ကိုမောင်ဖုန်းဆက်ထားတယ်"
"ခဏနေရင်မားတို့လာကြလိမ့်မယ်"
"မောင့်ကတော်အဆင်သင့်ဖြစ်အောင်အထုပ်တွေပြင်ထား"
"မောင်ဘာတွေပြောနေတာလဲကျန့်တစ်ခုမှနားမလည်ဘူး။ပြီးတော့ကျန့်ကဘယ်ကိုသွားရမှာလဲ"
"ကြီးမေကျန့်အထုပ်ပြင်ပေးလိုအပ်တာလောက်ပဲထည့် ကောင်မလေးတွေရောပဲကြီးမေ ရောပဲအိမ်မှာရှိတဲ့လူအကုန်"
"မောင်ကျန့်မေးနေတယ်လေ"
အသံကစိတ်မရှည်သည့်နှယ်သူ့အမေးကိုမဖြေဘဲဒီထွတ်သွားဖို့ပဲပြောနေတဲ့မောင့်ကို ဆောင့်ပြီးမေးလိုက်မိတော့
"မောင့်ကတော်လာ"
"မောင့်ပေါင်ပေါ်မှာထိုင်"
ပြောရင်းလက်ကသူ့ပေါင်ပေါ်ကိုပုတ်ပြတယ်။ ကျန့်လဲအလိုမကျစွာထိုင်လိုက်ပြီး
"မောင့်ကတော်မောင်ပြောတာသေချာနားထောင်"
"ခု ဂျပန်တွေက ပေကျင်းမြို့ထဲရောက်နေပြီ။ဒါကို မောင်တို့ဘက်ကသူလျှိုပြောလို့သိရတာ။ သိပ်မကြာခင်ပေကျင်းကိုသိမ်းတော့မှာ။ကျန့်ကိုအန္တရာယ်အကင်းဘူး။ အဲ့ကြောင့်လော့ယန်က မားဆီကြုပြောင်းကြတော့နော်"
"မောင်ကရော....."
"မောင်ကနောက်သုံးရက်နေရင်လိုက်လာမယ်"
"မောင်....နဲ့အတူမှကျန့်သွားမယ်"
"မောင့်ကတော်အရင်သွားနော်မောင်တကယ်လိုက်လာမှာကတိပေးတယ်"
"မောင်ကဘာလို့နေခဲ့တာလဲ "
"မောင်တစ်ယောက်ထဲစိတ်မချဘူးမောင်"
"မောင်က ပြည်သူတွေကိုပြောင်းဖို့စီစဉ်ပေးရအုံးမယ်လေ"
"နော်မောင်ကတော်ကလိမ္မာပါတယ်"
"မောင်....."
"မောင့်မားကိုဂရုစိုက်ပေး"
"မောင်"
"မောင့်ကတော် မောင်လာမှာမို့စောင့်နေနော်"
"မောင်"
"မောင့်ကတော်ကိုမောင်ကတိပေးတယ်"
"မောင်"
ရှောင်ကျန့်ကမောင်တစ်ခွန်းခေါ်တိုင်းစကားဆုံးအောင်ပြောခွင့်မပေးပါပဲ သူပြောချင်ရာတွေပြောကာမှာနေတဲ့ရိပေါ်ကို
"မောင်ကျန့်မေးမယ်"
"အင်း"
"မောင်တကယ်သုံးရက်ပြည့်ရင်အသက်ရှင်လျက်နဲ့ ဘာမှမဖြစ်ပဲကျန့်ရှိတဲ့ဆီကိုလာမယ်လို့ကတိပေးလား"
"ကျန့်မွေးနေ့နော်မောင်လာမယ့်နေ့က မောင်သေချာပြန်လာရမယ် "
"ကတိပေးတယ်မောင် မောင့်ကတော်ရှိတဲ့ဆီကိုဘာမှမဖြစ်ဘဲလာခဲ့မယ်"
"ဒီနှစ်ကျန့်မွေးနေ့ကိုဘာမှမလိုချင်ဘူးမောင်သာ ဘာမှမဖြစ်ပဲကျန့်ဆီကိုလာခဲ့အဲ့မွေးနေ့လက်ဆောင်ပဲပေးပါမောင်"
"ပေးပါတယ်ဗျာ""ကတိကတိ"
"တီ.....တီ"
ကားဟွန်းသံကြားတော့
"မောင့်ကတော်မားတို့ရောက်ပြီ"
"ကြီးမေအဆင်သင့်ဖြစ်ပြီလား"
"ဟုသခင်လေး"
အထုပ်တွေကားပေါ်တင်ပြီးတော့ ရိပေါ်ကို
"မောင်ကတိနော်"
"ကတိပါမောင့်ကတော်"
"မောင်တစ်ခုခုဖြစ်လာရင်ကျန့်မောင့်ကိုတစ်သက်လုံးမခေါ်တော့ဘူး"
ပြောရင်းနှသံလေးစွပ်လာကာမျက်ရည်တွေဝဲနေလေပြီ
"လာမောင့်ကိုဖက်အုံး"
ရိပေါ်ရှောင်ကျန့်ကိုလေးကို ရင်ထဲဆွဲသွင်းရင်းတင်းကျပ်စွာဖက်ထားမိတယ်။
"မငိုနဲ့နော်မောင့်ကတော်တိတ်တော့"
"နောက်ကျ‌ေနပြီသွားတော့"
"မောင်"
နောက်ဆုံးမောင်တလုံးခေါ်ပြီးမလှမ်းချင်တဲ့ခြေလှမ်းတွေနဲ့အိမ်ကြီးကိုဝှေ့ဝှိုက်ကြည့်ကာ ကားပေါ်အရောက်မှာတော့
"မောင်....ကတိတည်နော်"
လှမ်းအော်ပြောလိုက်ခြင်းသာ။
"မား ကျန့်ကိုဂရုစိုက်ပေးပါ"
"မောင့်ကတော်အရမ်းချစ်တယ်နော်။ မောင့်ကတော်"
ရှောင်ကျန့်ကားလေးထွတ်သွားတာကိုအရိပ်လေးပျောက်သွားသည်အထိရိပေါ်ကြည့်ရင်း အိမ်ထဲပြန်ဝင်လာတော့
အခန်းထဲကအဝတ်ဗွီဒိုကိုဖွင့်လိုက်တော့ တစ်ကန့်ကလှစ်ဟာခဲ့လေပြီ။ ထို့နောက်စိတ်ထဲတွင်
မောင့်ကတော်ကိုပေးတဲ့ကတိတည်ဖို့သာစုတောင်းရတော့မည်။မဟုပါ မြတ်နိုးရသူအား ကတိတည်ကိုတည်မှာပါ။
သူ့အပေါ်တွင် ချစ်ခြင်းမေတ္တာဖြင့်နှောင်ဖွဲ့ထားသည်မို့ ကတိတည်ကိုတည်ရပေမည်။
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Where stories live. Discover now