မြို့အုပ်မင်းမှပြန်ချစ်ပါpart...17

1.5K 71 0
                                    

မြို့အုပ်မင်းမှပြန်ချစ်ပါ
Part........17
မိုးလင်းတော့ အဝတ်ကပ်မနေတဲ့ခန္ဓာကိုယ်နှစ်ခု လွတ်ထွတ်သွားမည့်အလား ပူးကပ်လျက်ပင်
"မောင်....."
"....."
ရင်ထဲကလူက ခေါ်ပေမယ့် ဖက်ထားတဲ့လူက ထူးမလားဘူး။ အဲ့ကြောင့်ခေါင်းလေးမော့ကြည့်လိုက်တော့
"မလှုပ်နဲ့အဲ့တိုင်းလေးအဲ့တိုင်းလေးပဲနေပေး"
ရှောင်ကျန့်လဲငြိမ်ကျသွားကာ  မျက်လုံးတွေကိုလှုပ်ရှားနေတယ်။
"ထပ်အိပ်ရအောင်နော်"
ပြောရင်းနှဖူးလေးကို ပြေပြေလေးနမ်းကာ တင်းကျပ်စွာဖက်ထားရင်းအိပ်ဆက်ခြင်းဆီသို့။
*ထပ်အိပ်တာပေါ့ညက မိုးလင်းပေါက်ပင်ပန်းနေကြတာကို*
ခြံထဲက ကားကိုကြည့်ပြီး မားက
"ကြီးမေ ဘယ်သူရောက်‌ေနတာလဲ"
"မြို့အုပ်မင်း"
အခြေအနေကို ရိပ်စားမိတဲ့မားက ငိုရမလားရီရမလားစောင့်လျက်ပင်။ ကျိန်းသေသည်ကတော့ ခုထိထွတ်မလာသေးပုံထောက်ရင် "ဟွင်း....ဟွင်းးး"အဆင်ပြေနေတာပဲဖြစ်ရမယ်။
ညနေ3နာရီလောက်ရောက်တော့ရိပေါ်ရောရှောင်ကျန့်ရောနိုးလားပြီး
"မောင့်ကတော်"
"ဟင်"
"အိမ်ပြန်ရအောင်"
"ဟု"
*ဟုကဲ့လင်ထိပ်ထားစံတွေပါနော်*
"ရေချိုးရအောင်"
"မောင်အရင်ချိုးလေ"
"တူတူချိုးရအောင်"
ရိပေါ်ရဲ့အသံက အမိန့်သံလဲမဟု တောင်းဆိုနေတာလဲမဟုတ်သလို ပြတ်သားစွာပြောနေတာပါ
"မောင်"
"မောင့်ကတော်လေး"
ပြောရင်းပင် ရှောင်ကျန့်ကိုလေးလေပေါ်လွင့်လျက်ပင်
ကြံ့ခိုင်တောင့်တင်းတဲ့လက်တွေကြားထဲ ပါသွားကာ
ကျစ်လစ်တဲ့ ရင်ဘက်ကျယ်ကြီးကိုမျက်နှာအပ်လျက်
"မောင်"
"မိုးလင်းထဲကမောင်လို့ခေါ်‌ေနတာခုထိပဲ ဘာလိုချင်လို့လဲ"
"ဒါမှမဟုတ် ညက ညည်းသံကအားမရလို့လား"
"မောင်နော်"
"ဗျာ......."
ရှောင်ကျန့်"ဗျာ"လို့ထူးလိုက်တဲ့အသံလာရာကိုကြည့်ရင်း စိတ်ကျေနပ်စွာပြုံးကာ
"ရေချိုးရအောင် မောင်"
ရိပေါ်ဟာ တောင့်တောင့်ကြီး တခါတလေနှလုံးသားမှရှိရဲ့လားထင်ရလောက်ပေမယ့် သူဟာ အပိုမပြောပဲလက်တွေသာသက်သေပြတက်သူပါ။အပြောထက်အလုပ်ကိုဦးစားပေးသူပါ။ အနူးညံ့ပေမယ့် ချစ်ရသူမောင့်ကတော်လေးအပေါ်တော့ ကြင်နာပါတယ်။ ထိုကဲ့သို့နူးညံ့ခြင်းအလျင်းမရှိ အေးစက်သောမျက်ဝန်းနှင့် နွေးထွေးသောလူသားကို ချစ်ခဲ့ရသူမို့ နေသားတကျပင်။ မောင်ဟာ သူများအပေါ်သာ အေးစက်ပေမယ့် ကျန့်နှင့်ဆိုလားလားပင်မသက်ဆိုင်သူတစ်ယောက်လိုပြောင်းလဲနေသည်။
ရေချိုးပြီးနောက် အောက်ထပ်ကိုဆင်းသွားတော့ဧည့်ခန်းထဲကမားက
"သားတို့ ဆင်းလာပြီလား"
"ထမင်းစားတော့မလား"
ရိပေါ်ရှောင်ကျန့်လက်ကို စုပ်ကိုင်လျက်
"မား ကျွန်တော်ကျန့်ကို အိမ်‌ပြန်ခေါ်သွားတော့မယ်"
"ဪ.....အေးအေး"
ရှောင်မားတစ်ယောက်အယောင်ယောင်အမှားမှားနှင့်ပင်
ကြည့်နေရတော့သည်။ ရိပေါ်ရှောင်ကျန့်လက်ကိုဆွဲလျက်
ကားဆီလျှောက်လာကာ
ကားတံခါးကိုဖွင့်ပေးလိုက်တယ်။
"မောင့်ကတော်လေး ဝင်ပါဗျာ"
ပြီးနောက် ကားလေးမောင်းပြီးထွတ်လာလိုက်တာ  မြို့ထဲကဈေးတန်းတစ်ခုရောက်တော့
"မောင်"
"မောင့်ကတော်လေးလမ်းလျှောက်ချင်လား"
သူ့အတွေးတွေကိုပင်ထိုလူသားကကြိုသိသွားပြီလား။
ထိုလူသားဟာ အရင်ကထက်စိုးမိုးနေလေပြီ
သူတွေးနေဆဲပဲ ကားတံခါးကပွင့်နှင့်လေပြီ။
ထိုဈေးလမ်းထဲကိုကားပေါ်ကဆင်းပြီးလမ်းမပေါ်ခြေချလိုက်တော့ ကားဘေးကရပ်နေသူက လက်ကလေး ချိတ်ဖို့ပြင်ပေးသည်။ ထိုလူကိုမော့ကြည့်လိုက်တော့ ကြွားဝါမှုအပြည့်။ဤလူသားဟာမြို့အုပ်မင်းအပိုင်ဆိုပြီးဂုဏ်ဆာနေပုံပင်။
ထိုလူကိုလက်ချိတ်ပြီး ဈေးတန်းထဲသို့ စတင်လျှောက်လှမ်းတော့ လူတွေဝိုင်းကြည့်နေကြသည်မို့ ကျန့်မျက်နှာလေးရဲလာသည်။
"မောင့်ကတော်ကရှက်နေတာလား"
ရှောင်ကျန့်နှုတ်ခမ်းလေးကိုကိုက်ရင်း ဘာမှပြန်မဖြေမိ
"ကျင်သားရအောင်လုပ်ထား နောက်ဆိုမောင်သွားလေရာမောင့်ကတော်လိုက်ရမယ်"
"ဟင်"
"ဟုတယ်မောင့် နောက်ကအရိပ်လိုမောင့်ကတော်လိုက်ရမယ်"
ပြောလိုက်တဲ့စကားက ရင်ကိုသည်းဖိုစရာပင်
"မောင်"
"လိုချင်လို့လား"
မောင်လို့ခေါ်ရင်း ‌ပစ္စည်းလေးကိုကြည့်နေတဲ့ရှောင်ကျန့်အတွေးကို ရိပေါ်ကပင် ကြိုသိနေနှင့်ပြီ။သူ့စိတ်ကိုသူတောင်ပိုင်သေးရဲ့လား မသေချာတော့။
ရိပေါ်က ရှောင်ကျန့်လက်လေးကိုတွဲရင်း ကြွေအိုးဆိုင်ရှေ့တွင်ရပ်ကာ
"ကျတော်ကိုဒါလေးပေး "
"ဟုကဲ့သခင်လေး"
*ဟင်မောင်ကငါ့ကိုလဲမမေးပါပဲငါ့အကြိုက်သိနေပြန်တာလား။*
ကားပေါ်ရောက်တော့
"မောင်"
"ပေနေတယ်မောင့်လက်ကိုင်ပုဝါယူလိုက်"
ပြောပြီးအတွင်းအိတ်ထဲက ပုဝါကိုထုတ်ပေးလိုက်တယ်။
"မောင်"
ခေါ်ပြီးတာနဲ့ရှောင်ကျန့်ရိပေါ်နှုတ်ခမ်းပေါ်လက်ညှိုး‌ေလးတင်ကာ
"နေအုံးမောင်မပြောနဲ့။မနက်ထဲက ကျန့်မောင်တစ်ခွန်းပဲခေါ်နေရတာ ။ခုထိစကားကိုမပြောရသေးဘူး။ ကျန့်ပြောမှာတွေမောင်ကြိုသိနေတယ်။မောင်ကျန့်...."
ရှောင်ကျန့်စကားပင်မဆုံးခင်ရှောင်ကျန့်လက်လေးကိုရိပေါ်နမ်းရင်း
"မောင့်ကတော်ကို မောင်ဘယ်လောက်ချစ်ကြောင်းပြ‌ေနတာလေ"
ရှောင်ကျန့်ပြောစရာစကားပင်ပျောက်ရှလျက်
"မောင်"
"ပြန်မယ်နော်"
တကယ်ပါကျန့်နားကြုမလည်တော့ဘူး မောင်ကဘာလဲ ။တနေ့လုံးမောင်ပဲခေါ်နေရတယ်။
ချစ်ရသူနှုတ်ခမ်းမှ *မောင်*ဆိုသောနာမ်စားလေးမှလွဲ၍အပိုစကားလုံးကြိယာတချို့ကိုမကြားလိုပါ။ ချစ်ရသူကိုအရိပ်လိုကြည့်ရင်း နှုတ်မှပြောစရာမလိုပဲ အလိုလိုဖြည့်ဆည်းပေးချင်နေတာပင်။
အိမ်ရောက်တော့ဘေးကလူကအိပ်နေပြီ
ပထမဆုံးနေ့ကလိုပင် ကိုလေးကိုမလို့ အခန်းဆီသယ်ခဲ့ပြန်တယ်။ ပထမအကြိမ်ဟာ ‌အချစ်မပါပေမယ်လို့
ဒုတိယတစ်ကြိမ်ဟာတော့ ကြင်နာသူအား ပွေ့ချီလျက်ပင်
ချစ်မဝတော့ပါ။ ပြောမပြတက်ပါ။ဒီမြို့အုပ်မင်းကမ္ဘာကြီး ပြောင်းပြန်တွေဖြစ်ကုန်ပြီဗျို့မောင့်ကတော်ရေ။
ညရောက်‌တာတောင်ကျန့်ကမနိုးသေးတာမို့လုပ်လက်စအလုပ်တွေကိုအစသက်ကာ အခန်းဆီသို့
"မောင့်ကတော်လေး"
ရိပေါ် ကုတင်ဘေးအသာ ကပ်ထိုင်ကာ ခေါင်းလေးကို ပွတ်ပေးရင်းသာယာမှုအပြည့်ဖြင့် ခေါ်ဝေါ်လိုက်သည်။
ရှောင်ကျန့်မျက်လုံးလေးတွေကိုလက်ဖြင့်ပွတ်သက်ရင်း အိပ်ချင်မူးတူးဖြင့်
"မောင်"
"မျက်လုံးကြိလက်တွေနဲ့မပွတ်နဲ့လေ မောင့်ကတော်ရယ်"
ပြောရင်းရှောင်ကျန့်လက်နှစ်ဖက်ကိုဆွဲယူရင်း နှုတ်ခမ်းဖြင့်နမ်းကာ လက်တစ်ဖက်ကိုသူ့ရင်ဖက်ပေါ်တင်ပေးရင်း
"တခုခုခံစားမိလား"
ရှောင်ကျန့်နားမလည်သလိုလေးပြူးကြည့်လိုက်တော့
"မောင့်ရင်ခုန်သံတွေလေ"
ရှောင်ကျမ့်မျက်လွှာလေးကိုအောက်ချရင်းနှုတ်ခမ်းလေးကိုဖိကိုက်ရင်သူ့လက်တစ်ဖက်ကိုရိပေါ်မျက်နှာပေါ်တင်ရင်း ရှက်သွေးရဲရဲဖြင့်မရဲတရဲမျက်လွှာလေးတွေလှန်ကြည့်ကာ
"မောင်ကသာ ကျန့်အရာရာမို့ ဒီလိုပြော မပြောလဲချစ်မိနေတဲ့သူပါမောင်"
"ရှောင်ကျန့်ဆိုတဲ့သူဟာမောင်ဆိုတဲ့ မြို့အုပ်မင်းရဲ့အရှိအတိုင်းကိုချစ်ခဲ့တာမို့ မောင်နူးညံ့စွာမဆက်ဆံလဲချစ်တယ်"
"ဟင်းး"ရိပေါ်အသံပါအောင်တစ်ချက်ရီလိုက်ပြီး
"မောင့်ရဲ့ချိုသာမှုတွေက မောင့်ချစ်ရသူမောင့်ကတော်တစ်ယောက်ပဲ ခံစားရတဲ့ အထူး လုပ်ဆောင်ချက်တွေပါ"
ရှောင်ကျန့်ရိပေါ်လည်တိုင်ကိုလက်ဖြင့်ရစ်တွယ်ရင်း
"မောင် ရေချိုးတော့မယ်"
"မောင်လိုက်ပို့ပေးမယ်"
ရှောင်ကျန့်ခေါင်းငုံပြရင်း လက်ခံလိုက်တော့။ရ‌ိပေါ်ရေချိုးခန်းထဲလိုက်ပို့ပေးပြီး
"မြန်မြန်ချိုးနော် ။ပြီးရင်ထမင်းစားရအောင်။မောင် စောင့်နေမယ် အဝတ်တွေက မနက်မှလာပို့မယ်တဲ့မားဖုန်းဆက်မယ် မောင့်ဟာတွေယူဝတ်လိုက်"
"မောင်ထမင်းစားခန်းထဲကစောင့်နေမယ်နော် မောင့်ကတော်"
ပြောပြီးရိပေါ်ထမင်းစားခန်းဆီသို့ ခြေချခဲ့လေတော့သည်

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Onde histórias criam vida. Descubra agora