မြို့အုပ်မင်းမှပြန်ချစ်ပါpart..14

1.5K 85 1
                                    

မြို့အုပ်မင်းမှပြန်ချစ်ပါ
Part......14
ရှောင်ကျန့် လောကကြီးနဲ့ခဏအဆက်အသွယ်ပျတ်သွားလေပြီ
ရှောင်ကျန့်ကိုလေးငြိမ်ကျသွားတော့ရှောင်မားက ပွေ့လျက်
"သား....ကျန့်"
"ကြီးမေရေ....ဆရာဝန်ခေါ်ပေးပါ"
"ဦးလေးရေ သားကျန့်ကို အပေါ်ထပ်ကိုသယ်ပေးပါအုံး"
"သား....ကျန့်သတိထားအုံ‌းလေ"
ရှောင်မား ဗျာများနေလေပြီ။တကယ်ပါ သားကျန့်ဘာမှမဖြစ်ဖို့ပဲစုတောင်းရမယ်။ ကျန့်ကျန့်က စိတ်ကသာပျော်ပျော်နေတက်တာ လူကသိပ်ပျော့တာ။
"ဆရာသားကျန့် အခြေအနေက'
"စိုးရိမ်စရာမရှိပါဘူး စိတ်ကြောင့်ပါ၊"
"ပြီးတော့အားပျန်တာလဲပါတာပေါ့"
"လူနာကိုသေချာဂရုစိုက်လိုက်ပါ"
ရှောင်ပါးရောက်လာတော့
"ဆရာဝန်"
"လိုအပ်‌တာတွေကျတော်မှာခဲ့ပြီးပြီမို့ ရှောင်းသခင်ကြီးစိတ်ပူမနေပါနဲ့တော့"
ဆရာဝန်ပြန်သွားတော့ရှောင်ပါးက ရှောင်မားဘေးဝင်ထိုင်ကာ ပုခုံးလေးကိုပုတ်ရင်း
"သားနားပါစေ"
"....."
ရှောင်မားရောရှောင်ပါးရောအပြင်ထွတ်သွားတယ်။ ရှောင်ပါးတို့ကို့အခန်းထဲကိုပြန်ရောက်တော့ 
"မား ....ဘယ်လိုဖြစ်တာလဲ"
"ကျမ်းချန်တို့ခေါ်လို့အပြင်သွားတာ ပြန်လာတော့လက်ထဲမှာသတင်းစားပါလာတာပဲ"
ရှောင်မားကမျက်ရည်တွေကျကာဖြင့် ရှောင်ပါးပုခုံးကိုမှီလိုက်ပြီး သားအခုလိုဖြစ်ရတာကျမတို့ကြောင့် သားလိုချင်တာကိုသာမလိုက်လျောခဲ့ရင်
"ဟီးးးးးး"
"မိန်းမရယ်ငိုမနေပါနဲ့တော့"
"သားလေးကိုသနားလိုက်တာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရှောင်ကျန့်နိုးလာတော့ စောင်စကိုကိုင်ရင်း ငိုနေမိတယ်။
တကယ်ပါ ဒီညလပြည့်ည သူနဲ့ တွေ့ခွင့်ရခဲ့တဲ့နေ့လေးမှာ
အခန်းထဲက ပြတင်းပေါက်လေးကိုဖြတ်လို့ တိုးဝင်လာတဲ့လေအေးလေးတွေရယ် လရောင်ရယ်က ကျုပ်ကိုကြည်စားနေသလိုပဲ။မောင်သာမရှိရင်ဆိုတဲ့အတ္တတွေကို မထားသင့်တော့ဘူး။ကို့ဘဝနဲ့ကိုပေါ့လေ။ကိုပျော်ဖို့ထက်သူပျော်ဖို့ပိုအရေးကြီးနေလေပြီ။သူပျော်တာကိုဖြည့်စည်းပြီးသာနေရတော့မယ်။နားလည်လိုက်တာက ကိုကချစ်နေဖို့ပဲ။
အတွေးတွေနဲ့ဆုံးဖြတ်ချက်ချရင်းငိုနေတဲ့ ကောင်လေးတစ်ယောက်။
တခြားတစ်ဖက်တွင်။။။။။။
စာကြည့်ခန်းထဲကနေလကိုမေ့ကြည့်ရင်း
*မောင်တောင်းပန်ပါတယ်ကျန့်မောင်မင်းကိုချစ်တယ်။ဒါပေမယ့်အရမ်းနောက်ကျသွားတာလား။မောင် ကျန့်ကိုချစ်နေပြီ။ မောင် ကြိုးစားကြည့်ချင်သေးတယ်။မောင်လက်မလျော့ချင်ဘူး။မောင့်ကြောင့်မောင့်ကြောင့် မင်း နာကျင်နေရပြီ။ ဒါပေမယ့်မောင်မင်းကိုလက်မလွှတ်ချင်တာမို့။*
တစ်ယောက်ထဲကံကိုအပြစ်ဖို့ရင်းငိုကျွေးနေတဲ့ကောင်လေးရယ်
ဒီလပြည့်ညဟာခါးသက်လှတယ်။
မိုးလင်းတော့ ပိုးအနွေးထည်အထူကိုဝတ်ဆင်ရင်း ထမင်းစားခန်းထဲကိုကျန့်ကျန့်ရောက်လာခဲ့တယ်။ထမင်းစားခန်းတစ်ခုလုံးတိတ်ဆိတ်နေတယ်။ရှောင်ကျန့်မျက်နှာကလဲတည်ငြိမ်လျက်။ ထိုထမင်းစားခန်းတွင်
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သောအသံကား
"မားနဲ့ပါး သားပြောစရာရှိတယ်"
"သားဧည့်ခန်းကနေစောင့်နေမယ်"
ပြောပြီးထထွတ်သွားလေတော့သည် ။
ရှောင်မားနဲ့ပါးလဲ ပြောပြီးထထွတ်သွားသူ သားကျောပြင်ကိုကြည့်ရင်းသက်ပျင်းချရပြန်သည်။
"မားနဲ့ပါး"
"သား မြို့အုပ်မင်းနဲ့ကွာရှင်းတော့မယ်။"
"သား ပြင်သစ်သွားတော့မယ်"
"ကျန့်......သားလေး"
"မားသားကိုအချိန်တခုပေးပါ။ သားပြန်လာခဲ့မယ်။"
ရှောင်ပါးကတားဖို့ကြံနေတဲ့ ရှောင်မား ရဲ့ပေါင်လေးကိုလက်လေးနဲ့ဖိရင်းခေါင်းလေးခါပြတယ်။
"သားသဘောပါ"
ရှောင်ကျန့်မိဘတွေကိုပြောပြီးတော့သိပ်မကြာဘူး ကားသံကြားလိုက်ရတယ်
ဧည့်ခန်းထဲကနေ
"ကျမ်းချန်ငါဒီမှာ"
"သားတို့လွပ်လွပ်လပ်လပ်ပြောကြ"
ပြောရင်းပါးနဲ့မားကဧည့်ခန်းကနေထွတ်သွားတယ်။

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Where stories live. Discover now