မြို့အုပ်မင်းမှပြန်ချစ်ပါpart...21

1.1K 61 0
                                    

မြို့အုပ်မင်းမှပြန်ချစ်ပါ
Part....21
ဂျူဟီယိုထွတ်သွားတော့ကျန့်လဲခြံထဲလျှောက်ပတ်
ကြည့်ခဲ့တယ်။ တခုမှပြောင်းလဲမှုရှိမနေဘူး။ အရင်က
ကျန့်နဲ့မောင်ရှိခဲ့တုန်းကအတိုင်းပင်။ တကယ်ကို မပြောင်းလဲဘူး။ တခုပဲပြောင်းလဲသွားတာ မောင်မရှိ‌ေတာ့တာ‌ေလးပဲ။ရှောင်ကျန့် မျက်လုံးထဲတွင်ပြန်မိယောင်မိတယ်။ မောင်စာဖက်နေတာရယ် ကျန့်ရေလောင်းနေတဲ့မြင်ကွင်းလေးတွေကိုပေါ့။
မျက်စိကစားကြည့်တော့ သူအရမ်းကြိုက်တဲ့သစ်ခွပင်လေးပင်။ သူသိပ် အံ့ဩသွားတယ်။ထိုသစ်ခွဟာ ဘယ်အိမ်တော်မှာမစိုက်ဘူး။ ကျန့်စီမှာပဲရှိတာ။ အိုးလေးကလဲတစ်ပုံထဲပင်။
"ရှောင်းသခင်လေး"
ရှောင်ကျန့်နောက်လှည့်ကြည့်ရင်းပြုံးပြကာ
"ဂျူ သခင်မလေး "
"ဒီအပင်က"
"အာ အဲ့သစ်ခွစိမ်းနဲ့နီရောထားတဲ့ပန်းပင်ကို ကိုကိုကသိပ်ကြိုက်တာ အိမ်တော်ကဘယ်သူမှမထိရဘူး။ အဲ့သစ်ခွကိုကိုကိုက သူကိုယ်တိုင်ရေလောင်းတာ။ ပြီးတော့တခါတလေဆို စကားတွေပြောနေသေးတာပန်းပင်ကိုကြည့်ပြီး"
"ဟုလား"
"အင်း"
"အာ အကိုပြန်ရတော့မယ်"
"ဟုကဲ့ရှောင်းသခင်လေး"
ရှောင်ကျန့်ကခြံဝန်းလေးထဲကလမ်းခလျှာက်ပြီးထွတ်အသွား ခြံထဲကိုဂျစ်ကားစိမ်းလေးကတစပ်တည်းဝင်လာခဲ့တယ်။
"မြို့အုပ်မင်း အောက်မှာ"
ရှောင်ကျန့်ဘေးကထိုကားလေးဖြတ်မောင်းသွားတော့ ရှောင်ကျန့်လှမ်းကြည့်ပေမယ့် ကားထဲတွင် မောင်းနှင်သူတစ်ဦးသာတွေ့သည်။
ကားလေးကရှောင်ကျန့်ကိုကျော်ခါမှ မြို့အုပ်မင်းက ကျသွားတဲ့ပစ္စည်းလေးကိုကောက်အပြီး။
*ထိုအခါကံရယ်ရက်စက်လေတာလား။ အဲ့မြို့အုပ်မင်းကဘယ်သူလဲ🤔*
ရိပေါ်လဲ ကားတံခါးပေါ်လက်တင်ပြီး ဘက်မှန်ဆီကြည့်မိရာက ကားမှန်မှာပေါ်နေတဲ့ လူတစ်ယောက်။ နောက်ကျောကနေကြည့်တာတောင်တကယ်ရင်အေးရတယ်။ ထိုကျောပြင်လေးကိုနောက်လှည့်ကြည့်ရင်း
*သိပ်တူတယ်မောင့်ကတော်နဲ့"
ထိုလူကားနားကဖြတ်သွားတော့ ရတဲ့ရနံ့ ပြီးတော့ အကုန်မောင့်ကတော်နဲ့သိပ်တူတယ်။
ခုဏက ကားငါ့ဘေးနားကဖြတ်သွားတော့ဘာလို့ရင်ထဲနွေးသွားရတာလဲ။စိတ်ထဲမှာလုံခြုံသလိုခံစားရတာလဲ။
"မဟုတ်ပါဘူးလေ ငါအတွေးနေမှာပါ"
ရှောင်ကျန့်ကို့ဘာသာတစ်ကိုတည်းရေရွတ်ရင်း နှစ်သိမ့်မိပြန်သည်။
ကားလေး က ဆင်ဝင်ရှေ့ရောက်တော့
"ကိုကိုတောင်ပြန်လာပြီလား"
"အင်း"
"ကိုကို"
"ဟင်"
"ကိုကိုနဲ့အကြိုက်တူတဲ့သူတွေ့ပြီ"
"ဘာကို"
"ဘယ်သူမှမကြိုက်တဲ့ကြောင်ကြားကြားသစ်ခွကို ကြိုက်တဲ့သူတွေ့ပြီ"
"ဘယ်သူလဲ"
"ခုဏကထွတ်သွားတဲ့လူလေ"
ရိပေါ်ခေါင်းလေးနောက်ပြန်လှည့်ကြည့်ကာ
" ခုဏကထွတ်သွားတဲ့သူက ဘယ်သူလဲဂျူ"
"အာ မြို့စားကတော်တဲ့ နိုင်ငံခြားမသွားခင် အရင်ကနေဖူးတဲ့အိမ်ကိုနောက်ဆုံးလာကြည့်တာတဲ့"
"သူ့နမည်က"
"ရှောင်းသခင်လေးလေ"
"ရှောင်းသခင်လေး!"
‌ရိပေါ်ဂျူဟီယို စကားကိုသံယောင်လိုက်ရင်း
"မောင့်ကတော်"
"ကိုကို ဘာဖြစ်လို့လဲ"
"ဂျူဘယ်မှာနေလဲသိလား"
"မသိဘူး"
ရိပေါ် ဘာမှဂျူဟီယိုကိုထက်မမေးတော့ဘူး ပြေးလိုက်သွားခဲ့ပေမယ့်။ ထိုလူသားရဲ့အရိပ်တောင်မမြင်ရတော့ဘူး။
အကွာအဝေးတစ်ခုအရောက်မှာ ဒူးနှစ်ဖက်ပေါ်လက်တင်ရင်းထိုင်ချကာ ငိုချလိုက်တယ်
"မောင့်ကတော်"
အကျယ်ကြီးအော်လိုက်တယ်နာမ်စားလေးကို။
"မောင်မင်းကို မတွေ့တွေ့အောင်ရှာမယ်မောင့်ကတော်"
"မောင် ကတော်မသေဘူး"
ရှောင်ကျန့်ကိုရိပေါ် လိုက်ရှာနေတာ ကြာပြီ။
ထို့နောက်ရိပေါ် စာကြည့်ခန်းထဲတွင်စာရင်းကြည့်နေရင်းတခုသောအတွေးဆီ။
ထိုနေ့က ရိပေါ် ‌လော့ယန်ကိုသွားခဲ့တယ်။ ကတိထက်နောက်ကျပြီးမှပေါ့။ ထိုနေ့က လော့ယန်တစ်မြို့လုံးဗုံးကျဲခံရတဲ့နေ့။သူနည်းနည်း နောက်ကျပြီးမှရောက်သွားတယ်။
သူလော့ယန်အိမ်တော်ကိုရောက်တော့ အိမ်တော်က မီးလောင်ပြီး မည်သူမျှရှိမနေဘူး။အသက်ရှင်တဲ့သူလဲတစ်ယောက်မှရှိမနေဘူး။ သူလာတာနောက်ကျခဲ့လေပြီ။
သူလက်မ‌ေလျာ့ပဲ  ရှောင်ကျန့်ကို တစ်မြို့လုံးပါတ်ရှာသေးတယ်။ဒါပေမယ့်မတွေ့ဘူး။ ဈေးတစ်ခုထဲတွင် လဲကျနေသောမိန်းကလေးတစ်ဦး။ ထိုအမျိုးသမီးအား ကြည့်တော့အသက်ရှိနေသေးသည်။ ထို့ကြောင့် ထိုအမျိုးသမီးအား မလိုက်တော့ လည်ပင်းတွင် ရှိနေသော
မောင့်ကတော်ရဲ့ဆွဲကြိုး။
"မိန်းကလေးသတိထားအုံး"
"ဒီဆွဲကြိုးကဘယ်ကရတာလဲ"
"သ...သခင်လေး....တစ်ယောက်.....ဆီက"
ထိုမိန်းကလေးက‌ေမာဟိုက်စွာ  စကားကိုဖြတ်တောက်လျက်ပြောနေတယ်။
"ဆွဲကြိုးပိုင်ရှင်ရော"
"သူ..သူ....အဲ့နေရာ....မှာပဲ သေပြီ"
"ဘာ"
ထိုသို့စကားတစ်ခွန်းပြောပြီး ထိုအမျိုးသမီး မျက်နှာဟာ တစ်ဖက်သို့လှည့်ကာ အသက်မရှိတော့ချေ။
ရိပေါ်ထိုဆွဲကြိုးကို ယူပြီး
"မောင့်ကတော်....မောင်နောက်ကျသွားတယ်"
"မောင့်ကတော်"
မျက်ဝန်းအိမ်မှမျက်ရည်စတို့အလဲလဲအပြိုပြို။
"မောင့်ကတော်မသေဘူး"
"မောင့်ကတော်က မောင့်ရင်ထဲမှာ...ထာဝရ...ထာဝရ...ရှင်သန်နေတယ်"
ထိုသို့နှင့်မောင့်ကတော်ရဲ့အငွေ့တွေအရိပ်တွေတည်ရာ
ပေကျင်းအိမ်တော်သို့ပြန်ခဲ့လေသည်။ရိပေါ်အတွေးလေးကို အစသက်ကာ အိပ်စက်ခြင်းဆီသို့။
ရှောင်းအိမ်တော်ထဲက ပန်းခင်းထဲတွင် မျက်နှာကိုကောင်းကင်‌ဘက်မော့ကြည့်ရင်း
"မောင်ဒီနေ့လသာတယ်.မောင်သိလား။မောင့်ကတော်လေ နိုင်ငံခြားသွားတော့မယ်။ဘဝကို ကောင်းကောင်းဖြတ်သန်းပါ့မယ်မောင်။ မောင် ကျန့် အားရှိမနေတော့ဘူး။ ကျန့်ကိုခွန်အားတွေပေးပါ။ မောင်အဲ့ကနေကျန့်ကိုကြည့်နေတယ်မို့လား။ မောင်ကတော့ပျော်နေမှာပေါ့။ ကျန့်ကတော့  မောင်ရှိရာလိုက်လာချင်ပြီ"
ကောင်းကင်ကိုမော့ကြည့်ရင်းစကားတွေခံစားချက်တွေတသီကြီးဖွင့်ချနေတာကလေးတစ်ယောက်လိုပဲ။
နောက်တနေ့နံနက်တွင်
"ကလင်ကလင်"
"ဟယ်လိုရှောင်းအိမ်တော်ကပါ"
"$#@$-&"
"ဟုကဲ့"
ရှောင်းကျန့် ဂျူဟီယိုရဲ့ဖိတ်ကြားချက်အရ ပါတီသို့တက်ရောက်ခဲ့သည်။ ထိုပါတီထဲရောက်တော့ ရှောင်ကျန့် မျက်စိဝှေ့ကြည့်လိုက်တော့ လူကုန်ထံတွေကြီးပဲ။ သူလူတစ်ယောက်နဲ့တိုက်မိသွားတယ်။
သွားပြီငါတော့အရှက်ကွဲပြီ ခြေထောက်တွေလည်သွားပြီး မြေကြီးနဲ့ငါတော့ထိပြီ ရှောင်ကျန့်မျက်လုံးတွေကိုတဆုံးမှိတ်ချလိုက်တော့တယ်။ ထိုအချိန်သူတွေးထားတာနဲ့တခြားစီပင်။ သူ့ကိုလေးကလေပေါ်တွင်ရပ်တန့်က အောက်ကိုပြုတ်ကျမသွားဘူး။
မျက်လုံးတွေကိုသာယာစွာဖွင့်ကြည့်လိုက်တော့
"ဟင်"
"ကျန်းချန်"
"ငကျန့်မင်းကတော့အမြဲစောင်တလွဲတွေကြီးပဲ"
"လာပြန်မယ်"
"ပေကုန်ပြီဝိုင်တွေ"
"အေးပါကွာ"
ရှောင်ကျန့်ဖယ်ကန်ဖယ်ကန်နဲ့ ကျန်းချန်‌ဆွဲခေါ်တဲ့ဆီပါသွားပြီ။
ထိုယက်ကန်ယက်ကန်ပါသွားသူကို ရိပေါ်တစ်ချက်လှမ်းကြည့်ပြီး ခေါင်းလေးခါကာပင် ‌ပြောလက်စစကားကို ပြန်လည်ဦးတည်ခဲ့သည်။
"ကိုကို"
"ဟင်"
ရိပေါ်သ့ကိုခေါ်လာသူအား ပြန်လှည့်မကြည့်ပဲဟင်တစ်လုံးသာပြောရင်း
"ဟိုလေ"
"ပြောမှာသာ"
"ကိုကိုရဲ့ ဆွဲကြိုးလေးလေ "
ရိပေါ်ခေါင်းမေ့ကြည့်ကာ ဆက်ပြောဆိုသည့်ပုံစံမျိုးဖြင့်မေးဆက်ပြတော့
"ဂျူ အဲ့ဒါလေး ဂျူ ကိုင်ကြည့်ရင်း ပြုတ်သွားလို့ "
"ဘာ.....ကျစ်"
"ဆိုင်မှာပြင်ပေးထားတယ်ကိုကို"
"မင်းကို ငါမကိုင်ဖို့ပြောထားတယ်မို့လား"
"ဟု....ဟုပါတယ်"
"သွားတော့ နောက်ငါ့အခန်းထဲမဝင်နဲ့"
"ဆိုင်က ဘယ်မှာလဲ"
",#$$@မှာပါကိုကို"
"ငါ့ဘာသာသွားယူမယ်"
"ဟု"
ရှောင်ကျန့်တစ်ယောက် ဈေးထဲပါတ်ကြည့်ရင်းအထည်ဆိုင်တခုကိုမျက်စိကျလို့ဝင်ကြည့်တယ်။
ကျန်းချန်ကိုလင်ဆောင်ဝယ်ပေးဖို့လေ။
နာရီလေး ပေါ့။ လိုက်ကြည့်နေရင်း မျက်စိကတစ်ခုသော
ပစ္စည်းလေးဆီ။
"ဟင် ဆွဲကြိုး"
"အမ"
"ဒါလေးပြပေးပါလား"
"သခင်လေးအဲ့ဒါက လာပြင်ထားတာ "
"ဟင်"
"ဆွဲကြိုးပြတ်သွားလို့လာပြင်ထားတာ"
"ပိုင်ရှင်ကိုသိလားဗျ"
"ဟင့်အင်း"
"သူဘယ်နေ့လာရွေးမှာလဲ"
"မနက်ဖြန်"
"ဟုကဲ့ကျေးဇူးပါ"
ထိုသို့သာပြောပြီးရှောင်ကျန့်တွေးမိသည် မနက်ဖြန်အဲ့ ပိုင်ရှင်ဆီက ဆွဲကြိုးကို ရအောင်ပြန်ဝယ်မယ်။မောင့်ကိုစားလေးကိုနောက်တော့တွေ့ပြီ။ 
............................................................................................
Supriseတိုက်ဖို့ရှိတယ်နော်သိလား ။ 😉😉

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Where stories live. Discover now