e.p-5 မင်းကဘာကောင်လေးလဲ

1.9K 131 0
                                    

ရှောင်းကျန့်မနက်ထလာတော့ သူ့လက်က
ထုံကျင်နေတာကိုခံစားမိသည်။နောက်ပြီးတော့ ‌ အရင်ကထက်လေးလာတဲ့ဝက်ပေါက်ရဲ့ခန္ဓာကိုယ် ပြီးတော့ ခြေထောက်နဲ့လက်ကလဲအရင်ကထက်ရှည်လာသလိုပဲ။
ရှောင်းကျန့်တစ်ခုခုထူးဆန်းနေသလိုခံစား
ရသာမို့မဖွင့်ချင်သေးသောမျက်လုံးကို
အတင်ဖွင့်လိုက်တော့ ဝက်ပေါက်ကသူ့ရဲ့
ရင်ခွင်ထဲမှာဝင်ပြီးအိပ်နေတာပဲ။

ဒါကမထူးဆန်းဘူး ထူးဆန်းတာကအရင်ကထက် ရှည်လာတဲ့ ဝက်ပေါက်ရဲ့ အရပ်
ပြီးတော့ တစ်ညထဲနဲ့ ဘယ်လိုလုပ်ဒီ 3နှစ်
အရွယ် ကလေးက ဒီလောက်အရွယ်ရောက်လာရတာလဲ။

ရှောင်းကျန့်တို့လို စုန်းမျိုးစုန်းနွယ်မှာအရွယ်
ပြောင်း တဲ့ ကလေးတွေရှိပင်မဲ့ အခုလို
ချက်ချင်းကြီး 3နှစ်အရွယ်ကနေ 10နှစ်အရွယ် ကလေးဖြစ်လာတာလဲ ။အလွန်ဆုံး
အရွယ် ပြောင်း ‌ တဲ့ ကာလက 10နှစ်အထက် မှဖြစ်တတ်တာပါ။တာဆိုဝက်ပေါက်
ကစုန်းမျိုးနွယ်ကမဟုတ်ဘူးလား။
3နှစ်အရွယ်နဲ့ အရွယ်ပြောင်းကာလရောက်ရအောင် မင်းကဘယ်မျိုးနွယ် ကလဲ
ဟင် ဝက်ပေါက် ။ဒီအကြောင်းကို
ငါကျန်းချန်နဲ့ တိုင်ပင်ကြည့်ရ မယ်။
ဒါကတကယ်ထူးဆန်းတဲ့ ဖြစ်စဥ်ပဲ။

"gege"

ရှောင်းကျန့်ဝက်ပေါက်ကိုကြည့်ကာ အတွေးနွံ့ထဲနှစ်နေတုန်း ဝက်ပေါက်က နိုးလာကာ
သူ့ကိုခေါ်လိုက်သောကြောင့် ဝက်ပေါက်ကို
မျက်မှောင်ကြုတ်ကာကြည့်မိတော့ ဝမ်ပေါက်စ ကစိုးရိမ်တကြီး

"ညက သား အအိပ်ဆော့လို့လားဟင်"လို့ပြောလာတော့ ခေါင်းသာခါပြတော့သည်။

"တာဆိုဘာလို့လဲဟင်"

"မင်းကိုမင်း သေချာပြန်ကြည့် လေဘာတွေ
ပြောင်းလဲသွားလဲဆိုတာကို"

ဝမ်ပေါက်စကသူကိုယ်သူပြန်ငုံ့ကြည့်ကာ
သူလက်တွေကိုလဲကြည့် တယ် ‌ေခြတောက်
တွေကိုလဲစောင်ကို လှန်ပြီးကြည့် တယ်။
ပြီးတော့ခုတင်ပေါ်ကဆင်း ပြီး ရှောင်းကျန့်အခန်းထဲမှာရှိတဲ့တစ်ကိုယ်လုံး ပေါ်တဲ့
မှန်ကိုကြည့်တယ် ပုံစံမျိုးစုံလုပ်ကြည့်တယ်
ပြီးတော့ အံ့သြတဲ့ပုံစံနဲ့ရှောင်းကျန့်ကို လှည့်
ကြည့်လာတယ်ပြီးတော့သူကိုယ်သူလက်ညိုး
ထိုးပြီးတော့

 My  Warlock (Completed)Where stories live. Discover now