e.p-17 ရှက်ရှက်

1.6K 114 4
                                    

ဝမ်ရိပေါ်ရှောင်းကျန့်ကိုအသံကျယ်နဲ့အော်ခေါ်ကာ ရှာလိုက်ပြီးထမင်းစားခန်းထဲရှိမယ်
ထင်ကာ ထမင်းစားခန်းထဲသို့တိုက်ရိုက်
သွားကာထပ်မံအသံကျယ်ကြီးနဲ့အော်ခေါ်နေပြန်သည်။

ဝမ်ရိပေါ်ထမင်းစားခန်းရဲ့ တံခါးပေါက်ဝရောက်တော့။ဟိုမှာတွေ့ပါပြီ ဟိုအရူးစုန်း
ကိုဘာတွေပြောနေမှန်းမသိ ဟိုအရူးကလဲ
အနည်းငယ်ဒေါသ ထွက်နေသလိုပင်။

ဝမ်ရိပေါ်တံခါးရှေ့မှာရပ်နေတုန်းရှောင်းကျန့်ကရေသောက်ကာသူ့ကို လှည့်ကြည့်လာတာကြောင့် ပြုံးလိုက်သည်။ရှောင်းကျန့်ကတော့
ဝမ််ရိပေါ်ရဲ့အပြုံးမှာကျဆင်းသွားပြီထင််
ရေတွေတောင်ပါးစပ်ကပြန်ထွက်ကုန်ပြီ
ဟိုအရူးကလဲ ရှောင်းကျန့်ကိုကြည့်ကာသူကို
ထပ်လှည့်ကြည့်ကာ ဘာတွေထအော်မှန်း
မသိ။

"ဘာတွေအဲ့လောက်ကြည့် နေတာလဲ gege
ကျွန်တော်ရှက်လာပြီ"

ဟုပြောကာလက်တွေကလဲ လည်ပင်းကိုပွတ်
လိုက်ပြီး ခေါင်းကိုငုံ့ထားကာ ရှက်သလို
ဟန်ဆောင်လိုက်ပင်မဲ့ တကယ်တမ်း ကျတော့ ရှောင်းကျန့် သူ့ကိုကြည့်တဲ့ပုံစံကြောင့်
ကျေနပ်နေကာ ပြုံး ချင်နေသောကြောင့်
ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်ခြင်းပင်ဖြစ်သည်။

ရှောင်းကျန့်လဲ ကြောင်နေတာနဲ့မတူ အသက်
ဝိညာဉ် နှုတ်ခံရသော လူနဲ့တူနေကာ
ဝမ်ရိပေါ် ကိုသာ ဆက်တိုက်ကြည့်နေတာကြောင့် ဝမ်ရိပေါ်အသံကျယ်ကြီးဖြင်းထပ်မံအော်ခေါ်လိုက်သည်။

"gege!!!!!!!!!!!!"

ရှောင်းကျန့် ကို အသံကျယ်ကြီးကြောင့်
အသိစိတ်ကို ပြန်ရသွားသလို ပါးစပ်မှ ပေါက်
တတ်ကရတွေပြောနေသော ကျန်းချန်သည်လဲတိတ်ဆိတ်သွားတော့သည်။

" ဝမ်ရိပေါ် အရှက်မရှိတဲ့ကောင်"

"ကျွန်တော်က ဘာလုပ်နေလို့လဲ"

ရိုးသားဖြူဆင် သူ မျက်နှာလေးနဲ့ပြောလာသော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သွေးပင်
ဆောင့်တက် ချင်သွားရသည်။

"မင်းကိုယ်မင်းပြန်ကြည့်လေ"

ရှောင်းကျန့်ရဲ့အပြောကြောင့်ဝမ်ရိပေါ် ချက်ချင်း ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး
အူတူတူမျက်ဘေး လေးဖြင့်

 My  Warlock (Completed)Where stories live. Discover now