e.p-21

1.5K 95 5
                                    

ဝမ်ရိပေါ်နဲ့ကျန်းချန်ရဲ့သောင်းကျန်းမှုကြောင့်မီးဖိုဆောင်မှာရစရာမရှိအောင်မွဆာကြဲနေခဲ့တာမို့ရှောင်းကျန့်ကသူတို့နှစ်ယောက်ကိုပြန်သန့်ရှင်းခိုင်းလိုက်သည်။ကျန်းချန်နဲ့ဝမ်ရိပေါ်ကတော့ဆူဆူပုတ်ပုတ်နဲ့သာသန့်ရှင်းရေးလုပ်နေကာနင့်အပစ်သူ့အပစ်နဲ့တွတ်ထိုးနေတတ်သေးတာကြောင့်ရှောင်းကျန့်မှာတစ်လောက်ပိတ်ဟောက်ပေးလိုက်ရသေးသည်။ဒါတောင်မျက်လုံးချင်စစ်တိုက်နေသေးတာကြောင့်သေချင်သေကြတော့လို့တွေးကာရှောင်းကျန့်ထွက်လာပြီးအိမ်ရှေ့ခန်းမှာသာသွားထိုင်နေလိုက်တော့သည်။

"ပစ္စည်းလာပို့ပါတယ် အိမ်ရှင်တို့ရယ်အိမ်ရှေ့လေထွက်ကြည့်ပြီး ပစ္စည်းလက်ခံပေးပါအုံး"

ရှောင်းကျန့်အိမ်ရှေ့ခန်းမှာထိုင်နေတုန်းအသံကြားလိုက်တာကြောင့်မှာလိုက်တဲ့ပစ္စည်းရောက်ပြီဆိုတာသိလိုက်ရသည်။ရှောင်းကျန့်အိမ်ရဲ့တံခါးပေါက်ကိုဖွင့်ပေးလိုက်တာနဲ့ပစ္စည်းလိုက်ပို့တဲ့မကောင်းဆိုးဝါးလေးကိုတွေလိုက်ရသည်။သူပုံစံကသေးသေးလေးနဲ့အတောင်ပံလေးလဲပါသေးသည်။နှာခေါင်းကချွန်ချွန်လေးနဲ့ပါးစပ်ကလဲငှက်နဲ့နည်းနည်းဆင်ကာငှက်လိုတော့အမွေးရှိမနေပါ။အရွယ်ကလဲငှက်လိုသေးသေးလေးမဟုတ်ဘဲ5နှစ်ကလေးအရွယ်လောက်ရှိကာအင်္ကျီအပြာနဲ့ဘောင်ဘီအနီလေးဝတ်ထားသေးကာဦးထုတ်အဝါရောင်လေးလဲဆောင်းထားသေးသည်။တကယ်ကိုချစ်စရာကောင်းလွန်းပါတယ်။

"လူကြီးမင်း ရဲ့ပစ္စည်းက မီးရထားလက်မှတ်ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

"4စောင်ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

"ဒါဆိုတာကလူကြီးမင်းရဲ့ မီးရထားလက်မှတ်ပါ"

ပစ္စည်းပို့မကောင်းဆိုးဝါးလေးကသူဗိုက်နားကသားပိုက်လိုအိတ်ကလေးဖြစ်နေပြီးထိုးထဲမှနိုက်ကာမီးရထားလက်မှတ်ကိုထုတ်ပေးလာတာမို့ရှောင်းကျန့်လှန်းယူလိုက်သည်။ရှောင်းကျန့်စာအိတ်လေးနဲ့သပ်သပ်ရပ်ရပ်လေးထည့်ထာပေးတဲ့ထုတ်ပိုးမှုကြောင့်အတော်လေးသဘောကျသွားရသည်။မကောင်းဆိုးဝါးလေးကလဲအတော်လေးကိုယဥ်ကျေးတာမို့ရှောင်းကျန့်မနေနိုင်တော့ပဲမေးလိုက်တော့သည်။

 My  Warlock (Completed)Where stories live. Discover now