e.p-6 who are you

1.8K 118 4
                                    

ကျန်းချန်နဲ့ရှောင်းကျန့်  အကြီးအကဲဆီ
ဝမ်ရိပေါ်ရဲ့အကြောင်းကိုမေးဖို့ထွက်လာခဲ့
ကြတယ်။ဟုတ်တယ်ဝမ်ရိပေါ်  ရှောင်းကျန့်က  သူမထွက်လာခင်10နှစ်အရွယ်နဲ့3နှစ်သား လေးအတွက်နာမည်ကို ပေးခဲ့တယ်။
ဝမ်ရိပေါ်တဲ့ ရှောင်းကျန်လဲ အဲ့နာမည်ကို
ဘာလို့ ပါးစပ်ကပြောထွက်နိုင်သွားလဲဆိုတာကိုယ်တိုင်လဲမသိပါ။ဒီတိုင်း နာမည်မပေးခင်
ကြားလိုက်ရတဲ့ *ကျွန်တော်က ဝမ်ရိပေါ်*
ဆိုတာကြောင့်လဲကိုယ်တိုင်မသိ။

ရှင်းရှင်းပြောရင်ဝမ်ရိပေါ်ကရှောင်းကျန့်တို့စီကို တကယ့်ကို ထူးထူးဆန်းဆန်းနဲ့ရောက်
လာတာမဟုတ်ပါဘဲ ပုံမှန်သာမန် ကလေးတစ်ယောက်ကိုကောက်ရခဲ့
သလိုပဲ။တာပင်မဲ့ ဒီကလေးကတကယ့်ကို
ထူးဆန်းနေခဲ့တယ် ။

ကျန်းချန်နဲ့ရှောင်းကျန့် က တစ်ယောက်နဲ့
တစ်ယောက်စကားမပြောဘဲ  တိတ် တဆိတ်
တာငြိမ်နေတော့သည်။သားရဲပျံကြီးပေါ်မှာ
ကျန်းချန်က တိတ်ဆိတ်နေ တာမဟုတ်ဘဲကြောက်နေတာဆိုတာကို တော့ဘယ်‌တော့မှ ပြောမှာမဟုတ်ပါဘူး။
ပြောစရာလားငါ့ကိုရှောင်းကျန့် ကလှောင်မှာပေါ့ ငယ်ငယ်တည်က စီးလာတဲ့ သားရဲပျံကြီး
ကိုခုထိကြောက်တုန်းလာဆိုပြီတော့
ငါကကြောက်တာမဟုတ်ဘူး မကြိုက်ရုံ
ပဲ လေလို့ပြောရင်လဲငါစကားနားမထောင်ဘူး။
အဲ့တာကတကယ်ဒေါသထွက်စေတယ်။
ငါကအရင်ကလဲသားရဲပျံစီးရတာမကြိုက်ဘူးအခုလဲမကြိုက်ဘူး နှောင်လဲကြိုက်လာစရာ အကြောင်းမရှိဘူး ။

ကျန်းချန်ကတော့ကြောက်လွန်လို့ကမ္ဘာပျက်
နေသလောက်ရှောင်းကျန့်ကတော့အတွေးများကာ ကျန်းချန်ရဲ့အခြေအ‌ေနကိုပင်သတိမထားမိပေး။

သူတို့တစ်ရက်လောက်တိတိ သားရဲပျံစီးလာပြီး နောက်တော့သစ်ပင်ငယ်လေးမြောက်များစွာရဲ့ ဝန်းရံခြင်းကိုခံထားရတဲ့ သစ်ပင်ကြီးတစ်ပင်ရှိနေသည်။သစ်ပင်ကြီး၏ အကိုင်းအခက်များတွင် ဖဲကြိုးများစည်းထားနေတာကိုလဲတွေ့ရသည်။

ရှောင်းကျန့်တို့သားရဲပျံပေါ်ကဆင်းလာပြီး
သစ်ပင်ကြီးနားလျှောက်သွားလိုက်သည်။
ရှောင်ကျန့်ကသစ်ပင်ကြီးရဲ့အနားကိုသွားကာ
တံခါးပုံစံဖြစ်နေတဲ့ သစ်ပင် ပင်စည်ကိုခေါက်လောက်တော့အခေါက်ပေါက်ဖြစ်နေသလို

 My  Warlock (Completed)Where stories live. Discover now