e.p-7 Is he ogre?

1.7K 119 3
                                    

ရှောင်းကျန့်သူ့ကိုအတင်းဖက်ကာငိုနေသာလူကြောင့်တဖြေးဖြေးနဲ့စိတ်ညစ်လာကာ

"ဘိုးတော် ခင်ဗျာကျုပ်ကိုလွှတ်ဗျာ အသက်ရှူကျပ် တယ်"

ရှောင်းကျန့်စကားကိုကြားတော့ထိုလူက
ချက်ချင်ဆိုသလိုဖက်ထားရာကနေခွာလိုက်
ပင်မဲ့ရှောင်းကျန့်ကိုတော့လွမ်းဆွတ်သောမျက်လုံးများဖြင့်ကြည့်မြဲ ကြည့်နေတော့သည်။ ရှောင်းကျန့်ကလဲရုပ်တည်ကြီးနဲ့
ရပ်နေကာထိုလူအားအကြည့်ဆူးဆူးများဖြင့်
ကြည့်နေသည်။တကယ့်ကိုလေထုကမသက်မသာခံစားရစေသည်။

"အကြီးအကဲ အခုထိ အိမ်ပြောင်းဖို့အစီအစဥ်
မရှိတော့ဘူးလား "

ကျန်းချန်ရဲ့ရောက်လာမှုကြောင့် တင်းမာနေသောအခြေအနေကို ကယ်တင်နိုင်ခဲ့သည်။

"ငါကဘာလို့အိမ်ပြောင်းရမှာလဲ  ဟမ်"

အကြီးအကဲဆိုသူကကျန်းချန်ရဲ့စကားကိုမကျေနပ်ဟန်သူ့ရဲ့သစ်ပင်သဏ္ဌာန်နဲ့သူ့အိမ်ကို
မျက်မှောင်ကြုတ်၍ပက်ကနဲပြန်ပြောသည်။
ကျန်းချန်ကလဲသစ်ပင်ကိုချည်ထာတဲ့ကြိုတွေကိုလက်ညိုထိုးပြသကာတစ်ချက်မဲ့ပြလိုက်သည်။

"ငါ့အိမ်ကိုအပြင်ပိုင်းနဲ့ကြည့်ပြီးမဆုံးဖြတ်နဲ့"
ဒေါသကြီးစွာသူအိမ်ကိုချုံ့မဲ့နေသောမျက်နှာနဲ့ ပြောနေသောကျန်ချန်ကိုအော်လွတ်လိုက်တော့

"အကြီးအကဲ ကလဲ စုတ်ပျက်နေလို့
စုတ်ပျက်တယ်လို့ပြောတာလေ ဘာမှားလို့လဲ"

"မင်း........ မင်း......မင်း"

စိတ်တိုလွန်လို့စကားတောင်မပြောနိုင်တော့သောအကြီးအကဲဆိုသူကို

"တမင်း မင်းနဲ့ဘာဖြစ်တာလဲအသက်အရွယ်ရလာတော့ လေဖြန်းချင်နေတာလား"

ဟုထပ်မံပြောပြန်သောကြောင့်အကြီးအကဲ
မှာမျက်နှာတစ်ခုလုံးနီစုပ်နေကာချုံ့မဲ့နေတော့သည်။

"ကျန်းချန်တော်တော့မစနဲ့တော့"

ရှောင်းကျန့်ဝင်တားရတော့သည်မဟုတ်ရင်
မလွယ်ပေး ကျန်းချန်ကအစအရမ်းသန်တယ်
အဘိုးကြီးက စိတ်ဆိုးလွယ်တယ်။
ဒီနှစ်ယောက်လိုက်လဲလိုက်ပါတယ် ။

 My  Warlock (Completed)Where stories live. Discover now