e.p-19 ​မြေပုံ

1.4K 88 4
                                    

ရှောင်းကျန့်တို့မနက်စာစားပြီးတော့စာအုပ်ခန်းထဲတွင် မန္တာန်စာအုပ်တစ်အုပ်ကို‌ကောက်   ‌ဖတ်နေလိုက်သည်။ခုချိန်ထိတော့အရှုပ်ထုပ်လေးကလာမရှုပ်သေးပေ။ရှောင်းကျန့်ရဲ့ဘဝလေးဟာခဏတာတိတ်ဆိတ်အေးချမ်းသွားသလိုခံစားရသည်။စာအုပ်ခန်းကအိမ်ရဲ့အောက်ထပ်မှာရှိပြီးထမင်းစားခန်းနဲ့မျက်နှာချင်ဆိုင်အခန်းတွင်ရှိနေသောအခန်းဖြစ်သည်။အခန်းရဲ့တံခါးပေါက်ကစိမ်းဖန့်ဖန့်အရောင်ရှိပြီးတံခါးလက်ကိုင်ကလဲနွယ်ပင်လိုမျိုးလေးဖြစ်နေကာတံခါးရဲ့မျက်နှာပြင်အပေါ်ဖက်မှာရွှေရောင်သစ်ရွက်ပုံစံလေးလည်းရှိနေသည်။
အခန်းရဲ့အတွင်းနံရံအရောင်တွေဟာအညိုရောင်ဆိုးထားပြီးပြတင်းပေါက် နှစ်ခုရှိကာရှောင်းကျန့်က အခန်းထောင့်လေးနားကပြတင်းပေါက်နားထိုင် ကာစာအမြဲဖတ်ဖြစ်သည်။

ရှောင်းကျန့်ထိုင်နေတဲ့နေရာက နေထိုးနေသည်မို့ အေးဆေးတည်ငြိမ်ကာ ဂုဏ်ရှိန်ဝါအပြည့်နဲ့စာဖတ်နေသော ရှောင်းကျန့် ကနတ်သားလေး ပမာလှရက်လွန်သည်။

ရှောင်းကျန့်စာဖတ်နေတုန် အပြင်မှ ရယ်သံကျယ်ကျယ်များကိုကြားနေရတာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့မကြီးမငယ်နဲ့ စွန်လွှတ် နေတဲ့ဟိုသုံးယောက်။

စွန်လွတ်နေရင်တစ်ယောက်ယောက်ကြည့်နေသလိုခံစားရတာကြောင့်နောက်လှည့်ကြည့်လိုက်တော့။gegeကသူတို့ကိုကြည့်နေတာမို့
လက်လှမ်း ပြလိုက်သည်။gegeကမျက်မှောင်ကြုတ်ကာ စာအုပ်ကိုသာပြန်ဖတ်နေတာမို့ နှုတ်ခမ်းကိုမသိမသာဆူမိလိုက်သည်။ဘယ်လိုလူလဲမသိဘူး။အမြဲတမ်းမုံမုံကုပ်ကုပ်နဲ့။

ရှောင်းကျန့် သူ့ကိုလက်လှန်းပြတဲ့ ဝမ်ရိပေါ်ကိုမြင်ပင်မဲ့ သူရဲ့ စာဖတ်ချိန်ကို နှောက်ယှက်ခံရမှာစိုးဒါကြောင့် မသိချင်ယောင်ဆောင်ကာစာဆက်ဖတ်နေလိုက်သည်။

......................

ရှောင်းကျန့်စာဖတ် နေတာဘယ်လောက်ကြာနေပြီလဲ မသိ။ တံခါခေါက်သံကြားမှ တာ
ဖတ်နေတာကို ရပ် လိုက်ကာ စာအုပ်ကို
သူနေရာနဲ့သူထားကာ အခန်းတံခါးကို လက်တစ်ချက်မြောက်လိုက်ပြီး ဖွင့်စေကာ။သူကတော့ အခြားစာအုပ်တွေကိုထပ်ရှာနေမိသည်။

 My  Warlock (Completed)Where stories live. Discover now