e.p-30

1K 42 0
                                    

ဒီနေ့ရာသီဥတုကအုံ့မှိုင်းမှိုင်းကြီးဖြစ်နေတယ်။မိုးကရွာတော့မဲ့ပုံပါပဲ လူတွေကလဲဝမ်းနည်းစွာနဲ့ ငိုကြွေးနေကြတယ်။ဒီနေ့ကရှောင်းရှောင်းမားရဲ့ နောက်ဆုံးနေလေ။

ရှောင်းရှောင်းတို့မျိုးနွယ်စုမှာ စုန်းတစ်ယောက်သေခဲ့ရင် အုပ်ဂူထဲ ထည့်ပြီး မြေမြှုပ်ကြတယ်။ပြီးရင် ၃ရက်လောက်နေရင်ပြန်လာတူးပြီး စုန်းမီးနဲ့ ထပ် တကြို ကြတယ်။ဘာလို့လုပ်လဲမသိပင်မဲ့ တကြိုပြီးရင် အရိုးပြာတွေကိုပုလင်အဖြူရောင်ထဲ ထည့်ပြီး ရေနဲ့မျှော်လိုက်တယ်။ အခုခုရှောင်းရှောင်းက မားရဲ့ပြုံးနေတဲ့ဓာတ်ပုံလေးကိုကိုင် ထားတယ်။မားကအရမ်းလှတာ။အခုတော့ မားကိုမြေမြှုပ်ဖို့သွားနေတာလေ။ရှောင်းရှောင်း မငိုဘူးသိလာမား ရှောင်းရှောင်းတော်တယ်မလား။

သူတို့အခု မားရဲ့အုပ်ဂူကိုသူတို့က မြေမြှုပ်ဖို့လုပ်နေတာလေ။ရှောင်းရှောင်းကြည့်ရင် မျက်ခမ်းနားတွေက စပ်လာခဲ့တယ်။မျက်လုံးထဲဖုန်မှုန့်တွေဝင်သွားတယ်ထင်တယ်။မျက်ရည်ပူတွေလဲကျလာတယ်။

ရှောင်းရှောင်းထပ်မကြည့်နိုင်တော့ဘူး။မားရဲ့အုပ်ဂူကိုမြေမြှုပ်ပြီးတဲ့အချိန်မှာ မိုးကသဲကကြီးမဲကြီးကိုရွာချလာတယ်။ရှောင်းရှောင်းမိုးရေထဲမှာငိုလိုက်ရင်ဘယ်သူမှမသိလောက်ဘူးမလား။ရှောင်းရှောင်းထပ်ငိုမိတယ်မား။ရှောင်းရှောင်းမယုံနိုင်သေးဘူး။မားရှောင်းရှောင်းတို့စီကထွက်သွားပြီဆိုတာ။

မိုးရေထဲမှာမားရဲ့ဓာတ်ပုံကိုကိုင်ပြီးရပ်နေတဲ့ ရှောင်းရှောင်းကို ကျဲက ထီးမိုးပေးခဲ့တယ်။ကျဲရဲ့မျက်နှာကသွေးမရှိတော့သလိုဖြူစုတ်နေတယ်။ကျဲလဲဝမ်းနည်းနေမှာပဲလေ။ကျဲကအကြီးမို့လားမသိ မျက်ရည်ဝဲနေတာကလွှဲပြီးမငိုခဲ့ဘူး။

မိုးကဘာငြိုးနဲ့မှန်းမသိဘူး ပြင်းပြင်းထန်ထန် ကိုရွာနေခဲ့တာ မိုးကြောင့်လူတွေအကုန်ပြန်သွားပင်မဲ့ ရှောင်းရှောင်းနဲ့ကျဲကတော့ရပ်နေတုန်ပဲ။ပါးလဲရှောင်းရှောင်းတို့ဘေးမှာရပ်နေတယ်။

မိုးတွေအပြင် လျှပ်စီးတွေလျှပ်လာချိန်မှာတော့ပါးက ပြန်ဖို့ပြောလာခဲ့တယ်။

 My  Warlock (Completed)Where stories live. Discover now