e.p-23

1.4K 66 6
                                    

ရှောင်းကျန့်တို့ရေတံခွန်နောက်ကလှိုင်ခေါင်းထဲကိုဝင်သွားကြသည်။အထဲကအတော်ကိုမှောင်နေကာ စိုထိုင်းထိုင်းအနံ့ကြီးကိုရနေကာ မြေတွင်းအောင် သတ္တဝါလေးတွေရဲ့အော်သံ သေးသေးလေးနဲ့ သူတို့ရဲ့သွားလာလှုပ်ရှားနေတဲ့အသံကိုလဲကြားနေရသေးသည်။မီးအလင်းရောင်မပါပဲဒီနေရာကိုဝင်လာမိပါက တစ်ခါတည်းပင် အသက်ထွက်သွားမည့် နေရာကြီးပင်ဖြစ်သည်။ဂူးရဲ့အထဲကိုရောက်လေလေ အအေးဓာတ်လှိုင်းကပိုပြင်းထန်လာလေဖြစ်ကာ ဂူအတွင်ကလဲ ပိုပိုပြီးတိတ်ဆိတ်လာကာ အကောင်ငယ်တွေရဲ့တစ်ချက်တစ်ချက်သွားလာသံတွေကြောင့် ကြက်သီးတွေပင် ထသွားရသည်။

ရှောင်းကျန့်က တော့ရှေ့ကနေ ပတ်ဝန်းကျန်အခြေအနေကိုကြည့်ကာ ဆက်သွားနေစဲပင်။ရှောင်းကျန့် ရှေ့ကိုသွားနေတုန်းသူလက်ကိုလာဆွဲတဲ့ တစ်စုံတစ်ယောက်ရဲ့လက်ကြောင့်
နောက်ကိုလှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်ကသူကိုမျက် ချွဲကြီးတွေနဲ့ကြည့်ကာ

"gege သားကြောက်တယ် "

"ဒီနေရာက အရမ်းမှောင်တာပဲ ပြီးတော့ ကြွက်သံတွေလဲကြားနေရတယ် "

ရှောင်းကျန့်  မျက်ရည်တွေဝဲကာပြောနေတဲ့ဝမ်ရိပေါ်ကိုကြည့်ကာသနားသွားရသည်။ဘယ်လိုပဲဝမ်ရိပေါ် ကအသက်ကြီးပြီးပြောပြော သူက ကလေးစိတ်တာရှိသေးတာကြောင့် ဝမ်ရိပေါ်ရဲ့လက်ကိုခက်တင်းတင်းပြန်စုတ်ကိုင်လိုက်ပြီး

" မကြောက်နဲ့"

"ဟုတ်"

ဝမ်ရိပေါ်ခိုးပြုံးလိုက်မိသည်။gegeက အရမ်းကိုရိုးတာပဲ ပြီးတော့အရမ်းလဲချစ်ဖို့ကောင်းတယ်။ဝမ်ရိပေါ်ကတော့ဂူထဲကအကောင်သံတွေကြားရင် ရှောင်းကျန့် ကိုဖက်လိုက်ချွဲလိုက် လုပ်ရင်သာယာနေပင်မဲ့မသာယာတဲ့သူနှစ်ယောက်ကတော့နောက်မှာမျက်နှာကြီးမဲမှောင်ကာလိုက်လာကြတော့သည်။

ရှောင်းကျန့်တို့ဂူပြင်ကိုရောက်တော့အတော်ကိုပင်မှောင်နေပြီဖြစ်သည်။ဒါကြောင့်အနားယူလို့ရမဲ့နေရာကို ရှာကာအနားယူကြရတော့သည်။kကမီးမွှေးဖို့ ထင်းကိုထွက်ရှာရပြီး ကျန်းချန်ကတော့ ဘေးပတ်ဝန်းကျင်ကသားရဲတွေရှိမရှိစစ်ဆေးကာ သူတို့နားမဲ့နရာကို သားရဲရန်ကကာကွယ်ရန်စည်းချ ကာရန်ထားလိုက်သည်။

 My  Warlock (Completed)Where stories live. Discover now