e.p-36

978 49 2
                                    

"အသေးလေး"

"ဘာလဲ"

ရှင်းဖုန်းသူခေါ်လိုက်လို့စူပုတ်ပုတ်နဲ့ထူးလာတဲ့ အသေးလေးကိုမျက်ခုံးပင့်ကာကြည့်မိသည်။ဒီအသေးလေးက သူကျွေးတဲ့ အစားစာတွေကိုမစားဘူး အတင်းကျွေးလဲ မရ ခြိမ်းခြောက် ပြီးကျွေးရင် လဲ သူကကြီးတကယ်လုပ်ပလိုက်တာမို့ အစားကျွေးဖို့ကိုရှင်းဖုန်းတကယ်ခေါင်းစားနေရသည်။

"နည်းနည်းလေးတော့စားလိုက်ပါ"

"မစားဘူး"

"စားကောင်းမဲ့ပုံလေးပါ အသေးလေးရယ်"

"ဟွန့်"

ရှင်းဖုန်းယူလာတဲ့ အစားကိုကြည့်ကာနှခေါင်းရှုပ်လို့တစ်ဖက်သို့လှည့်သွားသောဝမ်ရိပေါ်ရဲ့ကြင်ယာတော်အသေးလေးသည် တော်တော်လေးခေါင်းမာပုံ မစားဘူးဆိုမစားဘူးဆိုတဲ့စိုက်နဲ့ နည်းတည်းလေးတောင်မတို့ထိပဲတစ်ဖက်သို့သာမျက်နှာကိုလှည့်ထားသည်။

ရှင်းဖုန်းကျွေးမရသည့်အဆုံးလက်လျော့လိုက်သည်။

ရှောင်းကျန့် တံခါးပိတ်သံကြားတော့ လှည့်နေတဲ့ခေါင်းကတံခါးဖက်ကိုကြည့်ကာသက်ပြင်းချလိုက်မိသည်။အမှန်တကယ်တော့သူလဲ ကလေးလိုလုပ်မနေချင်ပါဘူး။ဒါပင်မဲ့ သူ့ကိုဖမ်းလာတဲ့လူက ကလေးလို့ထင်နေမှ ကလေးလိုနေပြရုံပေါ့ ဒါကသူအတွက်ဘေးအကင်းဆုံးဟန်ဆောင်မှုပဲ။

စားပွဲခုံးပေါ်မှာတင်ထားတဲ့ အငွေ့တထောင်ထောင်နဲ့ ကြာစွယ်စွတ်ပြုတ်ကိုကြည့်ကာ သေရည်တွေပင်ရို ဗိုက်ထဲကအူတွေပင်လှိမ့်ကာအော်နေပင်မဲ့ သူမစားရဲနေဘူး။သူ့စိတ်ထဲမှာ ရှင်းဖုန်းက လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ခံစားနေရတယ်။

နောက်ပြီးသူကမရိုးရှင်းဘူး သူ့ကိုခေါ်လာကတဲ့က တော်တော်ပြင်းတဲ့ အိပ်ဆေးငွေ့ကိုသုံးနိုင်တဲ့အပြင် သူ့ကိုလဲအဆောင်တော်ကနေအလွယ်တကူခေါ်ထုတ်လာနိုင်ကတဲ့က ထိုလူက အန္တာရယ်ရှိတဲ့လူဆိုတာတော်တော်လေးကိုသေချာနေသည်။

ရှောင်းကျန့် စားပွဲပေါ် က ကြာစွယ်ပန်းကန်ကိုကြည့်ကာ အကြံတစ်ခုရလိုက်သည်။အဆိပ်ဖယ်မန္တန် ရှောင်းကျန့်သူ့ရဲ့အကြံကြောင့်ချက်ချင်းပြုံးလိုက်မိသည်။ဒီအကြံကမဆိုးဘူး အစားလဲငတ်ခံနေစရာမလိုတော့သလို ဟိုကောင်ကိုလဲ ယုံအောင်လုပ်လို့ရတယ် သိပ်တော်တဲ့ ငါပါလား။

 My  Warlock (Completed)Where stories live. Discover now