e.p-29

985 46 0
                                    

ရှောင်းကျန့် သူ့ကိုအမှောင်ထုကြီးကဆွဲထုတ်သွားချိန်မှာတော့ သူမမြင်ရတာကြာနေပြီဖြစ်တဲ့သူမ ရဲ့မျက်နှာကိုမြင်ခဲ့ရတယ်။သူမမှာနက်မှောင်ပြီလှပတဲ့ဆံနွယ်ရှည်တွေရှိတယ်။လှပတဲ့မျက်တောင်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပြီး ဝိုင်းစက်နေတဲ့မျက်ဝန်တွေကိုလဲပိုင်ဆိုင်ထားပြီးပန်းဆီရောင်နှုတ်ခမ်းနဲ့နှာတံကလဲဆွဲဆောင်မှာရှိတယ်။သူရဲ့နှုတ်ခမ်းပါးကနေချိုသားတဲ့အသံလေးကိုကြားလိုက်တယ်။အဲ့တာက

"သားလေးကျန့်ကျန့် တအားမပြေးနဲ့လေ မှောက်လဲကုန်မယ်"

အဲ့တာသူ့ရဲ့အမေပဲ သူကလိပ်ပြာဖမ်းချင်လို့ပူဆာခဲ့တာ။ဘယ်သူမှမအားတာကြောင့်အနောက်ဖက်တောအုပ်ကိုအမေနဲ့သူနှစ်ယောက်ထဲထွက်လာပြီး လိပ်ပြာလာဖမ်းခဲ့ကြတာ။အမေကသူ့ကိုတအားမပြေးဖို့ပြောနေခဲ့တာ။

ရှောင်းကျန့် မြင်နေရတဲ့မားမားရဲ့မျက်နှာကြောင့် မျက်ရည်တွေဝဲနေမိပြီ။သူတကယ်သူမကိုပြန်မြင်ရမယ်လို့တကယ်ထင်မထားခဲ့ဘူး။တကယ်ကိုလွမ်းနခဲ့တာ..တွေ့ချင်နေခဲ့တာ။

အဲ့ချိန်ကသူ 6နှစ်အရွယ်ပဲရှိနေသေးတယ်။မားကသူ့ကိုတအားချစ်တာ ပါးကအရမ်းအလုပ်များတဲ့လူမို့သူ့ကို သိပ်ဂရုမစိုက်နိုင်ပင်မဲ့မားကတော့မတူဘူး ။မားကသူ့ဘေးနားမှာအမြဲရှိနေခဲ့ ပြီး မမကလဲအရွယ်ပြောင်းကာလကိုဖြတ်သန်းနေရတာမို့သူ့ကိုအဖော်မလုပ်ပေးနိုင်ခဲ့ဘူး။မားသာလျှင်သူ့ဘေးနားမှာရှိနေခဲ့တာ။ရှောင်းကျန့် သူ့ရှေ့ကမြင်ကွင်းကြောင့်ပြုံးနေမိသည်။တကယ်ကိုလှပတဲ့အတိတ်တွေပါပဲ။

ဒါပင်မဲ့ လှပတဲ့မြင်ကွင်းလေးကကြာရှည်ခံမနေဘူး။တိမ်ကင်စင်ပြီးလှပတဲ့ ကောင်းကင်းကြီးကရုတ်တရက်မှောင်မိုက်သွားပြီး လူတစ်ယောက်ပေါ်လာခဲ့တယ်။သူက ခြုံလွှာအမဲကိုခေါင်းလုံအောင်ခြုံထားတဲ့ ထူးဆန်တဲ့လူတစ်ယောက်ပဲ။သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာနက်မှောင်နေတဲ့ အငွေ့အသက်တွေပြည့်နက်နေပြီး သူကသူတို့သားမိရှေ့ဖြေးဖြေးချင်းလျှောက်လာနေတယ်။ပြီးတော့သူရဲ့ခက်အက်အက်နဲ့ ခြောက်သွေ့သွေ့အသံကြီနဲ့ပြောသေးတယ်

 My  Warlock (Completed)Where stories live. Discover now