P-1

4.3K 111 7
                                    

ချစ်ကြိုးရှုပ်
Part - 1

အစွမ်းကုန် ခြယ်သထားသည်မို့ လှပနေသော သတို့သမီး လေးကို ကြည်နူးအားကျစွာ ငေးကြည့်ရင်း သျှင်မင်း ပြုံးလိုက်မိသည်။ ပါးပြင်ပေါ် လွင့်ခနဲ ကြွေကျသည့် မျက်ရည်စက်က နာကြင်ရပေမယ့် သျှင်မင်း အတတ်နိုင်ဆုံး ပြုံးထားရသည်။

" နင် မငိုနဲ့လေ သျှင်မင်းရယ်။ နင် ငိုတော့ ငါလဲ ငိုချင်တယ် ။ "

ဝေ့ခနဲ မျက်ရည်ဝဲတက်လာသည့် နှင်းရည်ကြောင့် သျှင်မင်း အလျင်အမြန်ခေါင်းခါလိုက်မိသည်။

" ငါ ဝမ်းသာလို့ပါဟာ....သတို့သမီးက မငိုရဘူးလေ နော်။ "

" သတို့သမီး အရံကလဲ ငိုလို့ မရပါဘူးနော်။ အလှပျက်ကုန်မယ်။ "

သျှင်မင်း ခေါင်းငြိမ့်ပြလိုက်ရင်း နှင်းရည်ကို ဖက်ထားမိသည်။ ကျွီခနဲ တံခါးဖွင့်သံကြောင့် သျှင်မင်း လှည့်ကြည့်မိတော့ သတို့သားဝတ်စုံ ဖြင့် ကိုကို့ပုံစံက ရှင်းသန့်နေသည်။ နှင်းရည်ကို လာကြည့်မှန်း သိတာမို့ရော ၊ မျက်နှာချင်းဆိုင်ရန် ခွန်အားမရှိခြင်းကြောင့်ပါ သျှင်မင်း ရှောင်ထွက်ရန် ပြင်မိသည်။

" ငါ အပြင်မှာ သွားကြည့်လိုက်ဦးမယ်။ "

စည်းချက်ကင်း သူ့ ဘေးမှ ဖြတ်သွားကာ အခန်းထဲမှ ထွက်သွားသည့် သျှင်မင်းကို ငေးကြည့်မိရင်း ရင်ထဲက နာကြင်ခါးသီးမှုဟာ တင်းကြပ်စို့နင့်နေရသည်။ ညက အဖြစ်အပျက်တို့ကို ပြန်တွေးမိသည့်အချိန် ရင်ထဲ နင့်ဆင်းသွားရသလို  ခံပြင်းဒေါသကြောင့် ပြောခဲ့မိသည့် စကားတို့ဟာ ရင်ထဲက စိတ်ရင်းမှ မဟုတ်ပဲ။

ချစ်လွန်းလို့... ။
သိပ်ချစ်ခဲ့ရသူမို့ ဖြေမဆည်နိုင် ယူကြုံးမရ ခံပြင်းဒေါသကြောင့် ပြောမိခြင်းသာပင်။

အချစ်ဆိုသည့်အရာဟာ လှည့်ဖြားမှူတို့ကို အရင်းခံသော နာကြင်မှုပြယုဂ်ဟုဆိုလျှင် အဘယ်ကဲ့သို့သော လူမျိုးတွေက ငြင်းချက်ထုတ်လာကြမလဲ သူ သိပ်သိချင်သည်။ အချစ်ကြောင့် အမြဲတမ်း ပျော်ရွှင်နေကြရသော ဒဏ်ရာကင်းသည့် လူတွေလား။ ဒါမှမဟုတ် အချစ်ကြောင့် အလူးအလိမ့်ခံစားရသည်ကိုပင် ကျေနပ်ကာ ပေးဆပ်သူကြီးဟု ခံယူထားသည့် အရှူံးသမားတွေလား။ သူ့အတွက်တော့ အချစ်ဆိုတာ ကောင်းကျိုးမပေးခဲ့သော ကျိန်စာဆိုးဖြစ်ကာ လူလဲ သေကောင်ပေါင်းလဲ ခံစားနာကြင်ခဲ့ရသည်ပင်။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now