P-18

895 20 0
                                    

💖 ချစ်ကြိုးရှုပ် 💟

Part - 18

အိမ်ထဲဝင်လာသည့် ကားကို မြင်သည်နှင့် သျှင်မင်း ဆတ်ခနဲ ဖြစ်သွားရသလို သမီးကိုလဲ ကမန်းကတန်း လှမ်းခေါ်လိုက်မိတော့ မြက်ခင်းပေါ် ပြေးဆော့နေရာမှ သျှင်မင်းကို လှမ်းကြည့်လာသည်။

" သမီး...မေမေ့ဆီ လာစမ်း။ "

အဆော့မက်သည့် ကလေးပီပီ ချက်ချင်းမလာသေးပဲ လက်ကလေး လှမ်းကာပြကာ နေရာတွင် ထိုင်ဆော့နေသေးသည်မို့ သျှင်မင်း ဒန်းပေါ်ထိုင်နေရာမှ သမီးဆီ အမြန်လျှောက်လာခဲ့သည်။

စည်းချက်ကင်း ကားပေါ်မှဆင်းကာ ဝယ်လာသည့် အရုပ်တွေရော ပန်းစည်းတွေပါ လက်ထဲတပွေ့တပိုက်ဖြင့် ကစားနေသည့် သမီးဆီ လှမ်းလာခဲ့သည်။

" သမီးလေး....."

" ဟင်....! "

သူ့အသံကြောင့် မော့ကြည့်ကာ သူ့ကို မြင်သည်နှင့် ထိတ်လန့်သွားသလို နေရာမှ ထပြေးကာ သျှင်မင်းအနောက်မှာ ပြေးပုန်းလိုက်သည့် သမီးဖြစ်သူ၏ အပြုအမူကြောင့် ကင်း ရင်ထဲနင့်ခနဲ ဖြစ်သွားရကာ မျက်ရည်စတွေပင် ဝဲတက်သွားရသည်။ သူ့ကို ကြောက်နေတာပဲ.....ဟုတ်ပါသည်လေ သူဟာ အမြဲတမ်း သမီးကိုဆို နူးညံ့စွာ ဆက်ဆံခဲ့ဖူးသည်မှ မရှိပဲ။

" ရှင် ဘာလာလုပ်တာလဲ....သမီး အိမ်ထဲဝင်စမ်း။"

အိမ်ထဲလှစ်ခနဲ ပြေးဝင်သွားသည့် သမီးကို လိုက်ငေးကြည့်နေရင်း သျှင်မင်းကို ပြန်ကြည့်မိတော့ သူ့ကို ရန်သူပမာ စူးစိုက်ကြည့်နေတာမို့ ရင်ထဲနွမ်းလျသွားရသည်။

" ကိုယ် မသိခဲ့ဘူး......ကိုယ် တောင်းပန်ပါတယ် ။ "

သျှင်မင်း နှုတ်ခမ်းလေးကို မဲ့ချပစ်ရင်းမှ မထေ့တထေ့ ပြန်ကြည့်လိုက်မိသည်။ တောင်းပန်တိုလျှိုးနေသည့် အသနားခံသော မျက်ဝန်းအစုံကို မြင်နေရပေမယ့် သျှင်မင်း အတွေးထဲ သူ့ရက်စက်မှုတွေ ပက်စက်ပြင်းထန်သည့် စကားလုံးတွေသာ ပြန်ကြားယောင်နေသည်။

" သိအောင်ရော ကြိုးစားခဲ့ဖူးလို့လား....ကြိုပြောပါရစေ စည်းချက်ကင်း ကျွန်မတို့ သားအမိကို လာမပက်သက်ပါနဲ့။ ရှင့်လို လူမျိုးနဲ့ မပက်သက်ချင်ဘူး။ "

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now