P.4

1.1K 68 2
                                    

ချစ်ကြိုးရှုပ်
Part - 4

စည်းချက်ကင်း စာကျတ်နေရင်းမှ ဘေးနားက ဖုန်းကို မကြာခဏ လှမ်းလှမ်းကြည့်နေမိသည်။ အရင်ကဆို သူ စိတ်ဆိုးရင် မနေတတ်ပဲ ပြန်လာခေါ်နေကျကို ခုချိန်ထိ ဖုန်းမဆက်လာသလို အိမ်လဲ မလိုက်လာ။ ဟိုကောင်က ဘာကောင်မို့လို့လဲ။ အလကား သူများဇနီးလောင်းနား လိုက်ကပ်​နေတာ။ ကိုယ်ကတော့ သူမလေး ငယ်သေးပါတယ်ဆိုပြီး ဆန္ဒတွေ အချစ်တွေ မြိုသိပ်ကာ သူမလေး၏ ပညာရေးကိုပဲ ဦးစားပေး ဂရုစိုက်နေတာ။ သျှင်မင်းယာ...သျှင်မင်းယာ လုံးဝ မကျေနပ်ဘူး။ လာခေါ်လဲ ခွင့်လွှတ်မယ် မထင်နဲ့။

! တူ တူ တူ !

ထမြည်လာသည့် ဖုန်းသံကြောင့် လှိုက်ခနဲ ဝမ်းသာသွားသည့် စိတ်က နောက်ကျနေ၍ လက်က ကမန်းကတန်း ဖုန်းကျသွားမှာ စိုးရိမ်ကာ အမြန်ကိုင်ပြီး ပြုံးမိသွားရသည် ။

ဟင်

ထင်သလို သူမလေးမဟုတ်ပဲ နှင်းရည်ဆီကမို့ မျက်နှာပျက်သွားရသလို လူလဲ စိတ်ပျက်လက်ပျက်။

" ပြော.....နှင်းရည် ။ "

နှင်းရည် ကင်း အသံကြောင့် ပြုံးလိုက်မိကာ  " နှင်းရည် စာနားမလည်လို့ပါ။ ကင်း ရှင်းပြပေးပါလား။ " ဟု ပြောလိုက်သည်။ မဟုတ်လျှင် စကားစဖြတ်ကာ ဖုန်းကို ခဏလေးနှင့် ချသွားတတ်သည် မဟုတ်လား။

စာရှင်းပြနေရင်း စိတ်က ဖုန်းသာ မြန်မြန်ချချင်နေသည့် စည်းချက်ကင်း ။ သူ့ စိတ်ထဲ သျှင်မင်း ဖုန်းဆက်လာလျှင် သူ ဖုန်းမအားလို့ ပြန်ချသွားမှာ စိုးရိမ်နေကာ ရင်မောနေရသည်။

" နားလည်ရင် ဖုန်းချလိုက်တော့မယ်နော် နှင်းရည်။ "

" ကင်းကို သျှင်မင်း ဖုန်းဆက်သေးလားဟင်။ "

ဖုန်းချမည့်လက်မှာ ရပ်သွားရရင်း သက်ပြင်းချလျက်  " မဆက်ဘူး " ဟု ပြန်ဖြေလိုက်သည်။ သူ့ စကားကြောင့် တစ်ဖက်မှ နှင်းရည်မှာ....

" သျှင်မင်းကလဲလေ......အရမ်းလွန်တာပဲ။ ကင်း သူ့အပေါ်ထားတဲ့ စေတနာကို ဘေးက နှင်းရည် တောင် အတိုင်းသားမြင်နေရတယ်။ သူမှားတာ တောင်းပန်သင့်တာပေါ့။ ဒါပေမယ့် သူက မတောင်းပန်နိုင်ဘူးပဲ ပြောနေတာ ကင်းရဲ့။ "

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now