P-20

904 21 0
                                    

💗 ချစ်ကြိုးရှုပ် 💗

Part - 20

စည်းချက်ကင်း သူ့ခုတင်ထက်တွင် ဆေးသွင်းလျက်သားလေးနှင့် အိပ်မောကျနေသည့် သမီးကို ငေးကြည့်နေရင်း သမီးစကားတွေကို နားထဲပြန်ကြားယောင်နေမိသည်။ သူက မချစ်ဘူးလို့ ထင်နေကာ ထင်ချင်စရာကောင်းအောင် သူကိုယ်တိုင်ကလဲ အသုံးမကျခဲ့။

သျှင်မင်းကို ကြည့်လိုက်တော့လဲ သမီးလက်လေးတစ်ဖက်ကို ဆုပ်ကိုင်ကာ ခုတင်ပေါ် ခေါင်းလေးတင်ရင်း အိပ်ပျော်နေ၏။ သမီးရော သျှင်မင်းပါ သူ့ကြောင့် စိတ်ဒဏ်ရာအသီးသီးရခဲ့ကြရတာမို့ သူကသာ တရားခံပင်။

" စကားခဏပြောရအောင်.... "

မော့ကြည့်မိတော့ မိုးတစ်ည....သူ့အနားလာရပ်ရင်း ခပ်တည်တည် ပြောလာသည်မို့ သူ ထိုင်ရာမှ ထကာ အခန်းအပြင် ထွက်လာခဲ့၏။ သူ့ဆီ ကမ်းပေးလာသည့် စာရွက်ကို ယူကြည့်မိတော့ သမီးနာမည်နှင့် ဆေးရုံစာအုပ်ကို လုပ်ထားသဖြင့်....

" ဒါက..."

" Sweety က မင်းသမီးပါ စည်းချက်ကင်း ။ သူ့ကို ငါ အားမရဘူး....ကလေးစိတ်ကျရောဂါ ဖြစ်နေပြီလို့ ထင်တယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှူတွေ လုပ်ဖို့လိုတယ်....."

မိုးတစ်ညစကားက သူ့နားထဲ မိုးကြိုးပစ်ချလိုက်သလို ပဲ့တင်ထပ်သွားကာ ကောင်းကင်တစ်ခုလုံး သူ့အပေါ် ပြိုကျလာသလို ခံစားလိုက်ရသည်။ ဝဲတက်လာသည့် မျက်ရည်စတွေကို ပုတ်ခတ်ဖယ်ရှားရင်း အခန်းထဲမှ အသံကြောင့် ငဲ့ကြည့်မိတော့ သမီး နိုးလာခြင်း ဖြစ်ကာ သျှင်မင်းကို ရန်လိုနေတာမို့ သူရော မိုးတစ်ညပါ အခန်းထဲ ပြန်ဝင်လာခဲ့သည်။

" မေမေ့ကိုလဲ မုန်းတယ်......မေမေက ဖေဖေ့ကို ရိုက်တယ်။ "

" သမီး....."

ဝမ်းပန်းတနည်း ငိုနေပြီ ဖြစ်သည့် သျှင်မင်းကြောင့် သူ သမီးကို လှမ်းခေါ်ကာ အနားတွင် ဝင်ထိုင်မိသည်။ သူ့ကို မြင်တော့လဲ ကြောက်သလို အနောက်ဆုတ်သွားရန် ပြင်လိုက်သည်မို့ သမီးလက်တစ်ဖက်ကို လှမ်းကိုင်လိုက်မိသည်။

" ချာတိတ်......"

သျှင်မင်း ဦးညကို လှမ်းကြည့်လိုက်ရင်း သမီး နဲ့ သူ့ကို ကြည့်ကာ နေရာမှ ထထွက်လာခဲ့သည်။ တမင် သျှင်မင်းကို ပ ထုတ်လာတာ သိပါသည်။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now