P-16

1.8K 63 11
                                    

💖 ချစ်ကြိုးရှုပ် 💠

Part - 16

စည်းချက်ကင်း ဆေးရုံထဲဝင်လာရင်း ဒီနေ့ကတော့ လမ်းကြုံ၍ ဝင်လာခြင်းပင်။ အခန်းဆီလျှောက်လာရင်း သူ့အကြည့်က သူနှင့် မျက်နှာချင်းဆိုင်မှ လျှောက်လာသော သူကို မြင်တော့ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားရသလို ငြိမ်သက်နေသည့် နှလုံးသားကပါ မူပျက်လာသည်။

သျှင်မင်းယာ......။
ဟုတ်တာပေါ့....သူ့ နှလုံးသားကို အဆိပ်ခတ်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေး။ စည်းချက်ကင်းဆိုသော လူသား၏ ပျော်ရွှင်မှူမှန်သမျှ ကို တစ်ချီထဲနှင့် အလဲထိုး ယူဆောင်သွားနိူင်သောသူ။ ပြန်ရောက်နေတာလား.....ဘယ်ထဲကပါလိမ့်။

သျှင်မင်း ခြေလှမ်းတို့က မြင်လိုက်ရသည့် လူကြောင့် တုန့်ခနဲ ဖြစ်သွားရရင်း အောက်နှုတ်ခမ်းကို တင်းခနဲ ဖိကိုက်မိသည်။ သူ့မျက်နှာမြင်သည်နှင့် နာကြင်မှုတို့က အသက်ဝင်လာရသည့်အထဲ သမီးလေးဟာ သူ့ကြောင့် ဒီလိုဖြစ်ရမှန်း သိထားသည်မို့ ဒေါသစိတ်က လူကို တွန်းအားပြုတော့ ဘာမှ သတိမထားနိုင်တော့ပဲ တစိုက်မက်မက် လျှောက်လာကာ လက်တစ်ဖက်က မြောက်တက်သွားရသည်။

" ဖြန်း! "

ပါးတစ်ဖက်က ထူပူသွားရသလို ရုတ်တရတ် မို့ လူက သတိလက်လွတ် အရိုက်ခံလိုက်ရသည့် အခြေအနေပင်။သတိပြန်ဝင်လာသည့်အချိန် သူ ဒေါသစိတ်နဲ့အတူ သျှင်မင်းလက်မောင်းကို ဆောင့်ဆွဲပြီးသား ဖြစ်သွားရ၏။

" သျှင်မင်းယာ....မင်း "

ခပ်စူးစူးလေး ပြန်ကြည့်ကာ အံကြိတ်ထားသည့် မျက်နှာလေးကို မြင်တော့ သူ့ဒေါသတွေဟာ အကြောင်းအရင်းမဲ့စွာ ကျရှူံးသည်။ မရိုက်ရက်သည့် နှလုံးသားကိုပင် သူ ခံပြင်းမဆုံးဖြစ်ကာ မျက်ဝန်းတွေပါ ချက်ချင်း နီရဲတက်လာ၏။ အတောမသတ်နိုင်သည့် ဒေါသကတော့ မျက်နှာကို မာထန်စေခဲ့ရင်း...

" မင်း ရူးနေလား သျှင်မင်းယာ။ ဘာလဲ....တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းတာလား ဟုတ်လား။ ဒါမှမဟုတ် ငါ့ကို အရင်ကလို ထပ်အနိုင်ယူချင်သေးတာလား။ "

" ရှင့် အပြစ်ရှင် မသိဘူးလား စည်းချက်ကင်း ။ ရှင် ကျွန်မ သမီးကို သတ်မလို့ လုပ်ခဲ့တာလေ။ "

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now