P-22 ( ဇာတ်သိမ်း)

2K 39 9
                                    

💖 ချစ်ကြိုးရှုပ် 💖
Part - 22 ( Final Part)

ခွဲစိပ်ခန်းရှေ့ ထိုင်စောင့်နေကြရင်း သျှင်မင်းမှာ ဘုရားစာကို အဆက်မပြတ်ရွတ်နေသလို ကင်းမှာလဲ ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်ဖြင့် စိုးရိမ်ပူပန်မှု ကြောင့် စိတ်တွေ လှုပ်ရှားနေရသည်။ မိုးတစ်ည က သျှင်မင်းဘေး ခပ်ဆိတ်ဆိတ်သာ ထိုင်ရင်း နာရီကို ကြည့်ပြီး ထရပ်လိုက်သည်။

" ကျွီ! "

Operation ခန်း တံခါး ပွင့်လာသလို ကင်းရော သျှင်မင်းပါ ခွဲစိပ်ဆရာဝန်အနား ပြိုင်တူ ရောက်သွားကြ၏။

" ဒေါက်တာ......ကျွန်တော့် သမီးအခြေအနေ"

" ခွဲစိပ်မှု အောင်မြင်ပါတယ်။ စိတ်ပူစရာ မရှိပါဘူး.....နောက်ထပ်လုပ်ရမယ့် Psycho Test တွေနဲ့ ကုထုံးသာ သေချာလုပ်ကြပါ။ "

ကင်း ဟူးခနဲ သက်ပြင်းချမိသလို သျှင်မင်းလဲ ခုမှ စိတ်သက်သာရာရသလို ခွေကျသွား၏။ ကင်း သျှင်မင်းကို ဆွဲထူရင်း မျက်ရည်စတွေသုတ်ပေးကာ ရင်ခွင်ထဲ ဆွဲဖက်ထားမိသည်။

မိုးတစ်ည ကင်း နဲ့ သျှင်မင်းကို ခပ်ယဲ့ယဲ့ ပြုံးကာ ငေးကြည့်နေရင်း ချာတိတ် ပခုံးပေါ်ကျလာသည့် သွေးစက်အချို့ကြောင့် မျက်မှောက်ကျုံမိသွားကာ....

" စည်းချက်ကင်း....မင်း နှာခေါင်းသွေးလျှံနေပြီ။ "

" ဟင်....."

ကင်း ကမန်းကတန်း သျှင်မင်းကို ဖယ်ရင်း လက်တစ်ဖက်က သွေးစတို့ ကို သုတ်လိုက်မိသည်။ သူ့ကို စိုးရိမ်သလို ငေးစိုက်ကြည့်နေသည့် သျှင်မင်းကြောင့် ပြုံးပြလိုက်ရင်း......

" ဘာမှမဖြစ်ပါဘူး..... ဒီလိုပဲ...တစ်ခါတစ်လေ"

ပြောနေရင်း ကို ခေါင်းထဲ မူးမိုက်သွားကာ မျက်စိတွေ ပြာသွားရင်း ဝုန်းခနဲ ပစ်လဲကျသွားသည့် ကင်းကြောင့် သျှင်မင်း ကမန်းကတန်း ပြေးထူလိုက်မိသည်။

" ကိုကို......ကိုကို့..... လုပ်ပါဦး ဦးည သတိလစ်သွားပြီ ထင်တယ်။ "

မိုးတစ်ညသာမက အခြားဆရာဝန်တွေပါ ရောက်လာကာ တွန်းလှည်းပေါ် ဆွဲတင်၍ ထွက်သွားကြစဥ်မှာပဲ Operation ခန်းထဲမှ ထွက်လာသည့် သမီးကြောင့် သျှင်မင်း သမီးနောက်သာ လိုက်ခဲ့ရသည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 06 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ချစ်ကြိုးရှုပ် ( Complete) Dove le storie prendono vita. Scoprilo ora