P-5

799 34 0
                                    

ချစ်ကြိုးရှုပ်
Part - 5

စည်းချက်ကင်း သည်းသည်းထန်ထန် ရွာနေသည့် မိုးကြောင့် ကားပေါ်မှ ဆင်းကာ ထီးကိုဆွဲထုတ်ရင်း အဆောင်ဆီ လျှောက်လာခဲ့သည်။ ခဏနေ paratical အချိန် ပြီးပြီမို့ သျှင်မင်း ထွက်လာရင် မိုးတွေ စိုကုန်လိမ့်မည်။ ထီးလဲ ယူလာမှာ မဟုတ်မှန်း သိနေပြီးသားမို့ အဆောင်ရှေ့သာ ရပ်စောင့်နေမိသည်။

" ကိုကို့... ။ "

အဆောင်ထဲက ပြေးထွက်လာသည့် သျှင်မင်း ကို ခပ်ပြုံးပြုံး ငေးကြည့်ရင်း သူ ထီးကို ဆောင်းပေး ထားလိုက်သည်။ မလှမ်းမကမ်းမှ ထွက်လာသည့် နှင်းရည်ကို မြင်ပေမယ့် သူ မသိဟန်ဆောင်ရင်း ....

" ပြန်ရအောင်လေ သျှင်မင်း ။ "

နှင်းရည် မခံချင်စိတ်နဲ့အတူ သျှင်မင်းကို ဂရုတစိုက် မိုးစိုမှာစိုးကာ ထီးလေးထဲ ဆွဲသွင်း၍ ကားဆီ ခေါ်သွားသည့် ကင်းကို ငေးစိုက်ကြည့်နေမိသည်။ ကားထွက်ခါနီး နှင်းရည်ဘက် လှည့်ရယ်ပြကာ လက်ပြနှုတ်ဆက်သွားသည့် သျှင်မင်းပုံစံက တမင် လှောင်သွားသလိုပင်။

သျှင်မင်း ကိုကို့ ကားထဲမှာ သီချင်းလေး တငြီးငြီးဖြင့် ထိုင်လိုက်လာရင်း အအေးဗူးလေးကို မော့သောက်လိုက်သည်။ တုန့်ခနဲ ထိုးရပ်သွားသည့် ကားကြောင့် ကိုကို့ ကို လှမ်းငေးကြည့်ရင်း...

" ကိုကို့ ကား ဘာဖြစ်တာလဲဟင်။ "

" သျှင်မင်း ခုတလော ကောင်လေးတွေနဲ့ သူငယ်ချင်း ဖြစ်နေတာလား။ "

ဘာမဆိုင်ညာမဆိုင် ထမေးလိုက်သည့် မေးခွန်းကြောင့် သျှင်မင်း ပါးစပ်လေးအဟောင်းသား ဖြစ်သွားရသည်။ ကိုကို့ ပုံစံကလဲ ခပ်တည်တည် နဲ့မို့ သျှင်မင်း ကမန်းကတန်း ခေါင်းခါပြမိသည်။

" မဟုတ်ပါဘူး ကိုကိုရယ်....သျှင်မင်း ဘာလုပ်မိလို့လဲဟင်။ "

ကင်း အခုမှ ရင်အေးသွားရသလို သက်ပြင်းချလိုက်မိရင်း သျှင်မင်းကို ငေးကြည့်မိသည်။ သူ စိတ်မချနိုင်တော့ပါ။ ဒီ့ထက် ကြာကြာ စောင့်ရင် သူ သူမလေးစိတ်နဲ့ နှလုံးရောဂါပင် ရသွားနိုင်သည်။ ညက နှင်းရည် ပြောပြသည်ကို နားထောင်ပြီး စိတ်မချစွာ စိုးရိမ်စိတ်ဖြင့် လူက တစ်ညလုံး အိပ်လို့ပင် မရခဲ့။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now