P-21

886 22 0
                                    

💗 ချစ်ကြိုးရှုပ် 💗
Part - 21

သျှင်မင်း သမီးကိုချီကာ ဆေးစစ်ရန်ရှိသည်ဆိုပြီး သွားရန်ပြင်နေသည့် ကင်းကြောင့် နားမလည်တာမို့ အတင်းလိုက်မေးနေခြင်းပင်။ မနက်ထဲက သမီးကို သွေးစစ်ရန်ဆိုပြီး လာစစ်သွားသည်ကလဲ ရှိသေးသည်။

" ဘာဖြစ်နေတာလဲလို့.....ကျွန်မ မေးနေတယ်လေ။ "

ကင်း အသည်းအသန် လိုက်မေးနေသည့် သျှင်မင်းကြောင့် သက်ပြင်း ချလိုက်မိသလို ဘယ်လိုပြောရမှန်းလဲ မသိ။မေမေက သူ နဲ့ သျှင်မင်းကို ကြည့်ပြီး သူ့လက်ထဲမှ သမီးကို ပွေ့ချီကာ....

" လာ...မြေးလေး နဲ့ ဖွားက ကစားကွင်းခဏသွားရအောင်နော်။ "

ဆေးရုံ မှာ ကလေးကစားကွင်းပါ ရှိသည်မို့ မေမေက သမီးကို ပွေ့ချီပြီး ရှောင်ထွက်သွားပေးသည်။ သူ သျှင်မင်း နဲ့ မျက်နှာချင်းဆိုင်လိုက်ရင်းမှ သမီးအခြေအနေကို ပြောပြရန် အားယူလိုက်ရင်း....

" ညက ဆေးအဖြေရတယ်..."

သျှင်မင်း ရင်ထဲထိတ်ခနဲ ဖြစ်သွားရကာ တစ်ခုခု မှားပြီမှန်း သိလိုက်၏။ သူ့ မျက်နှာကို ကြည့်တော့လဲ အံကိုတင်းတင်း ကြိတ်ထားရင်း မျက်ရည်စတွေဝဲနေသည်မို့ သျှင်မင်း အလိုလို နောက်ဆုတ်မိသွားရသည်။

" သမီးက ခွဲစိတ်ရမယ်တဲ့...ပြီးတော့...ပြီးတော့ သမီးရဲ့ စိတ်အခြေအနေက သူများတွေပါ ရန်မူလိမ့်မယ်ပြောတယ် ။ "

" ဟင့်အင်း.....ရှင်....ရှင် ဘာတွေပြောနေတာလဲ။ မဟုတ်ဘူး.....သျှင်မင်း သမီးက..."

ကင်း ခေါင်းခါယမ်းကာ ငြင်းဆန်ရင်း လဲကျသွားသည့် သျှင်မင်းကို ဆွဲပွေ့လိုက်ရင်းမှ ခပ်တင်းတင်း ဖက်ထားမိသည်။ သူ့ရင်ဘတ်ကို တဗုန်းဗုန်း ထုရိုက်ရင်း ငိုကြွေးနေသည့် သျှင်မင်း ဘယ်လောက် ခံစားရမလဲ သူ သိ၏။

---------------------------
" အရင်ဆုံး ခွဲစိပ်ဖို့ လုပ်ကြတာပေါ့။ ခွဲစိပ်ပြီးမှ Sweety ရဲ့ စိတ်ကို တဖြည်းဖြည်း ကုကြရလိမ့်မယ်။ "

မိုးတစ်ည၏ စကားကို သူ ခေါင်းငြိမ့်ပြရင်း ဘေးတွင် မလှုပ်မယှက်လေးထိုင်ကာ မျက်ရည်တွေသာ ကျနေသည့် သျှင်မင်းကို သူ ရင်ထဲမကောင်းစွာ ငေးစိုက်ကြည့်မိသည်။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now