P-8

697 32 0
                                    

ချစ်ကြိုးရှုပ်
Part - 8

ဒီရက်ပိုင်း သူ့ကို သိသိသာသာကြီး ရှောင်နေသည့် သျှင်မင်း ကြောင့် ကင်း ဘယ်လိုမှ နေလို့မတတ်။ ဖုန်းဆက်တော့လဲ ဖုန်းမကိုင်သလို တနေ့ကလဲ အန်ကယ်လကျာ်မွေးနေ့မှာ မဟာ နဲ့ သျှင်မွေ့ ပြဿနာ တက်ကြသည်။ မဟာက သျှင်မွေ့ကို အန်ကယ့်ရှေ့တင် ပါးရိုက်ချလိုက်သည်မို့ အခြေအနေက တင်းမာနေကာ ဒီကြားထဲ သျှင်မင်းကပါ သူ့ကို အတွေ့မခံ။

တွေ့သည့်အခါတိုင်းလဲ မျက်နှာလေးတည်တည်နှင့် ကြားလူတွေ ရှိနေတတ်တာမို့ စကားပြောဖို့ အခွင့်အရေးကမရ။ အခုလဲ အတန်းထဲလိုက်လာသည့်တိုင် သူ့မှာ သူမလေးအနားကပ်ထိုင်နေတာတောင် တစ်ချက်လှည့်ကြည့်ခြင်း မခံရ။ နှင်းရည်ကသာ စကားပြောပေမယ့် သူမလေးက တခွန်းပင် ဝင်မပြော။

" သျှင်မင်း.....ကိုကို မုန့်လိုက်ကျွေးမယ်လေ။ "

" အေးလေ......သျှင်မင်း မုန့်သွားစားကြရအောင်။ "

သျှင်မင်း စာဖတ်နေရာမှ ခေါင်းလေးခါယမ်းလိုက်မိရင်း နှင်းရည်ကို ပြုံးကြည့်ကာ....

" နင်တို့ပဲ သွားကြပါ။ ငါ စာတွေ လုပ်စရာ ရှိသေးတယ်။ "

ကြည့်.....ပြန်ပြောတာတောင် သူ့ကို မဟုတ်ပဲ နှင်းရည်ကိုသာ။ ဘေးမှာ ထိုင်နေရင်း အဖက်မလုပ်ခံရသည့် အဖြစ်ကြောင့် စည်းချက်ကင်း အသဲတယားယား ဖြစ်နေရသည်။ ရင်ထဲတနုံ့နုံ့ခံစားချက်က ဆိုးလှသလို စိတ်ရှိတိုင်းသာဆို သူမလေးကို ဆွဲယမ်းနမ်းရှိုက်ပစ်လို​က်ချင်သည်။

" သျှင်မင်း စာမရသေးဘူးလား။ ကိုကို ဒီည စာရှင်းပြဖို့ လာခဲ့မယ်လေ....နော်။ "

သျှင်မင်း ဒီတစ်ကြိမ်တော့ ကိုကို့ ကို လှည့်ကြည့်မိသည်။ ကိုကို့ မျက်နှာကို စေ့စေ့ကြည့်မိသည့်အချိန် ရင်ထဲက တုန်ယင်ကာ နာကြင်မှုက နှလုံးသားကို အဖျားခတ်သည်။ အရင်လိုပဲ ကိုကို့ မျက်ဝန်းတွေက နူးညံ့နေသယောင် ထင်မိသည်။

" ဟင့်အင်း.... သျှင်မင်း အကုန်နားလည်ပါတယ်။ ကိုကို မအားတဲ့ကြားထဲကနေ မလာပါနဲ့။"

စည်းချက်ကင်း မျက်နှာက မှိုင်းညို့သွားရင်းမှ တွေဝေ သွားသလိုပင်။ တကယ်လဲ သူ နားမလည်နိုင်။ သူဟာ အမြဲ သူမလေးအတွက်ဆို သူ့အချိန်တွေကို ပေါပေါလောလော ပေးခဲ့သည်ချည်းသာ။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now