Arc-2.16(ညှိုး)

3.1K 368 28
                                    

Unicode

"ကောင်လေး..ဟော့ဒီမှါပန်းသီးလေးစားလိုက်ပါဦး..."

"ကောင်လေး..ဒီမှါစပျစ်သီးလေးစားလိုက်ပါဦး..."

ဦးဝဏမင်းစိုးက ယနေ့Windyနဲ့Winnerတို့ရဲ့မိသားစုဝင်တွေရောက်လာမည်မို့အလုပ်ရှုပ်နေပေသည်။ ထိုသို့အလုပ်ရှုပ်နေသည်ကိုWinnerနှင့်Windyကအခွင့်ကောင်းယူကာ Televisionကြည့်နေသောလင်းရောင်အနားကပ်နေကာမျက်နှာကောင်းယူနေကြပေသည်။

အခုချိန်မှာBlessကလည်းအရေးကြီးကိစ္စရှိ၍အန်ကယ်ဒေးဗစ်နှင့်ထွက်သွားလေသည်။ ထို့ကြောင့်ထိုနှစ်ယောက်အတွက်အခွင့်ကောင်းပင်။ နို့မို့ဆိုအနားကပ်ခွင့်ပင်မရှိချေ။ ကောင်လေးကိုသူ့အဖေကအမြဲခေါ်ထားလေသည်။ အိပ်ချိန်ရောက်ရင်အခန်းဝ၌ဘော်ဒီဂတ်10ယောက်လောက်ရှိသည်။ ကောင်လေးနဲ့တွေ့ဖို့အခွင့်မသာပေ။ ကောင်လေးကသူတို့ကိုမမုန်းလို့ပျော်ပေမဲ့သူ့ကိုနာအောင်ထပ်လုပ်မှာစိုးလို့ရှောင်နေတတ်သည်။ အခုတော့ကြောက်စိတ်ပြယ်သွားပြီထင်ပေသည်။ {🍁🍁poorလင်းရောင်}

"တော်ပြီ...ကျွန်တော့ကိုစပျစ်သီးပဲပေး"

"ရော့ကောင်လေး..."
Windyကဂုဏ်ယူဟန်ဖြင့်Winnerကိုမျက်ခုံးတစ်ချက်ပင့်ပြီးကြည့်လိုက်လေသည်။

ထိုအချိန်တွင်တံခါးခေါက်သံထွက်ပေါ်လာပြီး...
"သခင်လေးWinner...သခင်လေးရဲ့မိဘတွေရောက်ပါပြီသခင်လေး...အခုဧည့်ခန်းထဲမှာပါ"

"ခဏနေလာခဲ့မယ်..."ဟုသာပြောပေမဲ့မျက်နှာကမှုန်ကုပ်နေပေသည်။ သူသာအနားမှာမရှိရင်ဟိုကောင်ကအမှတ်ပိုရသွားနိုင်သည်။

သို့သော်...
"သခင်လေးWindy..သခင်လေးရဲ့အဖိုးအဖွားတွေနဲ့မိဘတွေရောက်လာပါပြီ..."
ထိုအသံလည်းကြားရောWindyရဲ့မျက်နှာဟာတင်းမာလာလေသည်။ Winnerကတော့ပျော်သွားလေသည်။

သူတို့နှစ်ယောက်ဖြစ်နိုင်လျှင် လင်းရောင်နားကမခွါချင်...သို့သော်မသွား၍မဖြစ်ပေ။ လူကြီးတွေကိုအသနားအရင်ခံရပေမည်။

နှစ်ယောက်သားလင်းရောင်ရဲ့ပါးကိုတစ်ယောက်တစ်ဖက်စီနမ်းကာ..
"ကောင်လေးကိုယ်မင်းကိုချစ်တယ်"
"ကောင်လေးကိုအရမ်းချစ်တယ်"

I am a System30 (series1)Where stories live. Discover now