Arc-2.17(ညှိုး)

3.2K 366 12
                                    

Unicode

"သွားကြရအောင်ကောင်လေး...လေယာဉ်ဆိုက်တော့မယ်"

"ကြိုသွားထားမယ်လေ"

"ဟုတ်ခဏလေးပါဗျာ"

မြန်မာနိုင်ငံကိုပြန်ချင်တာကိုဖေဖေကပြန်ခွင့်ပြုသော်လည်းချစ်ရသူနှစ်ယောက်ကပြန်ခွင့်မပြုပေ။
ထို့အတွက်ကြောင့်စိတ်မကောင်းဖြစ်နေတာကိုဖေဖေကမြင်သွား၍ဘာပြောလိုက်မှန်းတော့မသိ နှစ်ယောက်သားရောက်ချလာပြီး "ကိုယ်တို့ပါလိုက်ခဲ့မယ်လေဒါမှသွားခွင့်ပြုမှာနော်"တဲ့။

အဲ့အချိန်မှာဖေဖေကတစ်စခန်းထလာပြန်သည်။ ဟိုနှစ်ကောင်ပါရင်မသွားရဘူးတဲ့။ ဖေဖေကအတူလိုက်ချင်သော်လည်းအလုပ်ကိစ္စမပြတ်သေး၍နောက်မှလိုက်လာရမည်ဖြစ်သည်။ နောက်ဆုံးတော့ချစ်ရသူနှစ်ယောက်နှင့်ဖေဖေဘယ်လိုညှိလိုက်လည်းမသိအဆင်ပြေသွားလေသည်။

မြန်မာနိုင်ငံကိုမသွား၍လည်းမရချေ။ mission အောက်ဖို့အတွက်ဖြစ်အောင်သွားရပေမည်။ တိုက်ရိုက်တော့သွားလို့ရမည်မဟုတ်ပေ။ ဘေးနိုင်ငံကတစ်ဆင့်သွားရပေမည်။

အခုက1947ခုဒီဇင်ဘာလလယ်ပင်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်အသည်းအသန်ဖြစ်နေရခြင်းဖြစ်သည်။ ဖေဖေနဲ့ပြန်တွေ့တာ2နှစ်ကျော်ပြီလေ။ ဒါပေမဲ့ချစ်ရသူတွေနဲ့ကတော့လက်မထပ်ရသေးပေ။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးမှလို့သာပြောပြီးအချိန်ဆွဲထားရလေသည်။

သူတို့တွေကိုသနားပေမဲ့ကိုယ့်ကိုယ်ကိုအရင်သနားရသည်လေ။ ဒါတေါင်မျက်နှာငယ်လေးနဲ့ခဏခဏတောင်းဆို၍တစ်လတစ်ရက်ဟုသာညှိနှိုင်းရပေသည်။ လက်ထပ်လိုက်ရင်တော့ဘဝကeverydayရနိုင်ချေများသည်။ ဒါတေါင်ဖေဖေမသိအောင်ဂတိပေးထားရခြင်းဖြစ်သည်။ အရင်ကမ္ဘာမှာဉီးတစ်ယောက်ထဲရှိတုန်းကeverytimeနေရတာလေ။

"ကောင်လေးဘာတွေတွေးနေတာတုန်း...ဖေဖေ့ကိုနုတ်ဆက်လိုက်ဉီးလေ"

"လေယာဉ်ပေါ်တက်ရတော့မယ်ကောင်လေး...ဖေဖေကျွန်တော်တို့သွားရတော့မယ်"

ဉီးဝဏမင်းစိုးရဲ့မျက်နှာကတော့ဒေါသတွေကိုအတင်းမျိုသိပ်ထားပုံပေါ်လေသည်။
ခဏခဏအသည်းသန်ခေါ်နေတဲ့နှစ်ယောက်ကြောင့်လင်းရောင်ရီရမလိုလိုငိုရမလိုလို...
"ဖေဖေမြန်မြန်လိုက်လာနော် အရမ်းလွမ်းနေမယ်"

I am a System30 (series1)Where stories live. Discover now