Arc-4.1(ညှိုး)Something went wrong

3K 233 18
                                    

Unicode

<"5.4.3.2.1. Go...mission start">

"အားး..."

ညှိုးနာကျင်စွာနဲ့မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာသူရောက်နေတာကစစ်မြေပြင်ကြီးဖြစ်နေသည်။ ဘယ်သူကသူ့ရန်သူလည်းသူ့ဘက်လူလည်းမသိတော့​ဘေးဘီကြည့်လိုက်သူ့ဝတ်စုံကြည့်လိုက်လုပ်နေရသည်။

ထိုအချိန်မှာအပြာရောင်တံဆိပ်ပါချပ်ဝတ်,ဝတ်ဆင်ထားတဲ့ရန်သူစစ်သားတစ်ချို့ကသူ့ကိုဓားနဲ့လွှဲခုတ်ပြီးကျန်သူတွေကရေလုံးတွေနှင့်ပြစ်နေကြသည်။ ရေဟုသာပြောပေမဲ့ဓားကဲ့သို့ထက်ရှပြီး လူတစ်ယောက်ကိုလွှင့်သွားစေတဲ့အထိအင်အားရှိပေသည်။ အခန့်မသင့်လျှင်ကျည်ဆံကဲ့သိုခန္ဓာကိုယ်ကိုဖောက်ထွက်နိုင်ပေသည်။

(မှတ်ဉာဏ်မရသေးဘဲဘယ်လိုသိလည်းမမေးနဲ့ ဘေးနားမှာသေနေတဲ့သူတွေကိုနမူနာယူပြီးတွေးလိုက်တာok)

လက်ထဲကဓားကိုကြည့်လိုက်ပြီး ဓားကိုလွှဲရမ်းကာရေလုံးတွေကိုခုတ်ချလိုက်ပြီး သူ့ကိုခုတ်လာတဲ့ဓားချက်ကိုရှောင်လိုက်သည်။ ထိုလူတွေကိုသတ်သင့်မသတ်သင့်စဥ်းစားနေတုန်းသူ့နဲ့ခပ်လှမ်းလှမ်းကသူနဲ့ဆင်သည့်အနီရောင်သံချပ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့တစ်ယောက်ကအပြာရောင်ဝတ်စုံဝတ်ထားသူတွေကိုသတ်ပြစ်လိုက်တာမြင်လိုက်သည်။
'သူတောင်သတ်သေးတာပဲ ငါလည်းသတ်လို့ရမှာပေါ့...ဟိဟိ လူသတ်ရတာအရသာရှိမဲ့ပုံပဲ အရင်ကမ္ဘာတွေတုန်းကတစ်ယောက်မှမသတ်ဖူးသေးဘူးဆိုတော့ ပျော်ပျော်ကြီးသတ်ရတာပေါ့...'

သူ့ကိုဝိုင်းတိုက်ခိုက်နေတဲ့အပြာရောင်သံချပ်ဝတ်စစ်သားတွေကိုသူ့လက်ထဲကဓားနှင့်တစ်ယောက်ပြီးတစ်ယောက်သတ်ပြစ်လိုက်သည်။ Spaceထဲမှာသင်ယူထားရတဲ့ပညာတွေကအခုမှအသုံးဝင်လာသည်။

'လူသတ်ရတာပျော်စရာကောင်းလိုက်တာ...'

သို့ပေမဲ့သူအရင်ကမ္ဘာတွေတုန်းကလူသတ်ရမှာသူ့အတွက်အဆင်မပြေဖြစ်ပေမဲ့ ခုခန္ဓာကိုယ်ထဲရောက်ကာမှလူသတ်ရတာအလွန်ပျော်နေသည်။ ဘယ်လောက်ပျော်လည်းဆိုအရင်ကမ္ဘာတွေမှာစစရောက်ချင်းဆို30ကိုတစာစာအော်ခေါ်တတ်ပေမဲ့ခုကြတော့30ကိုတောင်ခေါ်ဖို့သတိကိုမရဘူး...

I am a System30 (series1)Onde as histórias ganham vida. Descobre agora