Arc-4.27(ညှိုး)

788 76 4
                                    

4.27

နယ်စားဆူရွန်၏လက်အောက်ကလူတွေဘယ်လောက်တောင်အရည်အချင်းရှိကြလည်းမသိပေ။ နောက်တစ်နေ့မနက်ရောက်တော့ဆူရွန်ကအားလုံးကိုသူ့အိပ်ခန်းထဲသို့လာရန်အမိန့်ပေးထားပေသည်။ သား၇ယောက်ကိုသာဝင်စေပြီးဘရိုက်ပင်အပြင်ကန်ထုတ်ခံထားရသည်။ ဘရိုက်နှင့်အင်ဒရူးကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရင်တမမဖြစ်နေလေ၏။ ထိုအချိန်တွင်တော်ဝင်ကိုယ်ရံတော်တစ်ဦးကလာခေါ်သည်မို့အခန်းဝကိုတစ်ချက်ကြည့်ကာထွက်သွားတော့သည်။

ကျောင်းတော်ရှိအဆောင်ဖြစ်နေ၍ ဤအိပ်ခန်းထဲ၌ကြီးမားသောကုတင်ကြီးကရှိမနေပါ။ သူတို့အိမ်အသစ်၌သာထိုအိပ်ယာကရှိနေလေသည်။

ဆူရွန်ကကုတင်ပေါ်၌လျော့တိလျော့ရဲထိုင်နေပေမဲ့ သူ့မျက်လုံးထဲကအရင်ကလိုအေးစက်မှုတွေပေါ်လွင်နေသည်မို့သား၇ယောက်လည်းထိတ်လန့်နေရှာသည်။ လျစ်လျှူရှုတတ်သည့်ဖခင်၏ပုံစံကိုပြန်မလိုချင်သည်မို့လည်ပင်းပေးအပ်ပြီးလဲလှယ်ရဲသည်။

သား၇ယောက်လုံးကိုထိုင်ခုံမှာမထိုင်စေဘဲတန်းစီပြီးဒူးထောက်ခိုင်းထား၏။ လူစုံသောအခါမိုရှာထာကလှုပ်စိစိဖြစ်နေသည့်အနှီးထုပ်လေးတစ်ခုကိုသူတို့ရှေ့ရှိဆူရွန်အနား၌ချပေးလိုက်သည်။

အားလုံး၏အကြည့်ကထိနေရာသို့ရောက်သွားကာ ဂျိမ်းက.."အဖေဒါကကျွန်တော်တို့ရဲ့နောက်ထပ်အငယ်လေးလား"

အလိုက်မသိလွန်းတဲ့အငယ်ဆုံးညီကိုရွန်နီကခေါင်းခေါက်လိုက်ပြီးတိုးတိုးပြောလိုက်သည်။ "မင်းဖေဖေလေးကအဲ့လိုဖြစ်ခွင့်ပြုမှာမဟုတ်ဘူး ဦးနှောက်ကိုသုံး အိုကေ"
တိုးတိုးလေးဟုဆိုသော်လည်းနီးကပ်နေကြသည်မို့အားလုံးကဝေဝေဝါးဝါးတော့ကြားလိုက်ရ၏။

အတော်ဆုံးလက်ထောက်မိုရှာထာကချောင်းအသာဟန့်ကာ..."ဒါကနယ်စားရဲ့ကလေးမဟုတ်ပါဘူး...သွေးသားစစ်ဆေးချက်ပြုလုပ်ပြီပါပြီ"

ဂျိမ်းက..."အဖိုးရဲ့ကလေးလို့တော့မပြောနဲ့နော်"

ဤတစ်ကြိမ်၌ဆူရွန်၏မျက်စောင်းကသူ့အပေါ်ကျရောက်လာသည်မို့အသံတိတ်သွားရ၏။

I am a System30 (series1)Where stories live. Discover now