meet the host(ညှိုး)

12.6K 876 37
                                    

Unicode

ညှိုး

system30ပထမဦးဆုံးhostထံရောက်ရောက်ခြင်းတွင် spaceကြီးတစ်ခုလုံးကိုပတ်ဆဲနေသည့် host နှင့်တွေ့လိုက်ရသည်။

Spaceထဲမှာစမ်းတဝါးဝါးပတ်ဆဲနေတဲ့ လူ..ဝိဉာဉ် ...

ညှိုးလှေကားပေါ်ကပြုတ်ကြပြီးမျက်လုံးပြန်ဖွင့်လိုက်တော့ အာကာသလိုမျိုးနေရာမှာလွှင့်မြောနေမှန်းသိလိုက်ရသည်။

မကြာခင်တွင်အမိန့်သံလိုလိုဘာလိုလိုနှင့်အသံ​ကြီးက10ဘဝmissionထမ်းဆောင်ရမည့်အကြောင်းပြောကာချက်ချင်းပျောက်သွားသည်။ လူ...ဝိဉာဥ် ကိုစကားဆုံးအောင်မပြောပဲပျောက်သွားသည့်သူကိုဘယ်နေမှာမှာရှိမှန်းမသိပေမဲ့ပတ်ဆဲနေလိုက်သည်။

ရုတ်တရက်

<"Hello host">

"အမလေး ..မင်း..မင်းဘယ်သူတုန်း"

ညှိုးရဲ့နောက်ကနေရုတ်တရက်ပေါ်လာတဲ့ မတ်တပ်စမ်းအရွယ်ကလေးလေးတစ်ယောက်

"hostရဲ့ပြန်ဝင်စားခြင်းအတွက်လမ်းပြပေးမဲ့system30ပါ"

"ငလူး..တေးတေးလေးပါလား..ဘာယေးလဲ"

အသည်းယားလွန်းလို့ပါးကိုကိုက်မိတော့ထွက်ပေါ်လာတဲ့ဆဲသံသေးသေးလေး..

"လိဖဲ ..styleပျက်တယ်"

"..."

"အမည်-ညှိုး
အသက်-၁၉နှစ်
အမျိုးအစား-ကျား
သေဆုံးရသည့်အကြောင်း-၁၀ထပ်တိုက်ပေါ်ကတွန်းချခံရ..'အဲ့လောက်အဆဲသန်တာတွန်းချတဲ့သူမလွန်လောက်ဘူး'
mission-10ဘဝထမ်းဆောင်ရန်..အမှတ်50000ပြည့်လျင်ဆုလာဘ်တစ်ခုဝယ်ယူနိုင်သည်။"

စာရွက်ချချခြင်းမြင်လိုက်ရသည့်hostရဲ့မျက်နှာကြောင့်30လေးခမျာနင်သွားရသည်။

တစ်ခါကိုက်တာအားမရလို့နောက်ထပ်ကိုက်ချင်တဲ့ရုပ်နဲ့...<အူဝါးသူများအသားနုနုထွတ်ထွတ်လေးT-T>

"systemတွေအကြောင်းတော့hostသိမယ်လို့ထင်ပါတယ်"

"မသိစရာလား ဒါနဲ့ မင်းကိုဘယ်လိုခေါ်ရမလဲ "

<"System30ဒါမှမဟုတ် system (or) 30လို့ခေါ်လို့ရပါတယ် ">

"သူများတွေက 30 လေးကိုဘယ်လိုခေါ်လဲ"

I am a System30 (series1)Where stories live. Discover now