Arc-3.11(ညှိုး)

2.3K 284 11
                                    

Unicode

နှစ်ရက်ကြာပြီးနောက်တောလမ်းလေးတစ်နေရာတွင် အနက်ရောင်နှင့်ခန့်ညားသည့်အမျိုးသားနောက်သို့တစ်တကောက်ကောက်လိုက်ပြီးတတွတ်တွတ်ပြောနေလေတဲ့ကောင်လေးရယ်...တည်ငြိမ်ပြီးရက်စက်သည့်သွင်ပြင်ရှိတဲ့ကောင်လေးနားမှာအစားနဲ့ပါးစပ်မပြတ်တဲ့ကောင်လေးရယ်...ကလေးမလေးတစ်ယောက်ကိုလက်တွဲထားသည့်လူငယ်ဆန်ဆန်လှပတဲ့ကောင်လေးတို့တွေကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖြိုခွဲလျက်ရှိနေလေသည်။

30နဲ့ဟွားလော့ကတော့တိတ်တဆိတ်...
'...အဲ့ဒီချန်ဟူကဧကရာဇ်လို့တောင်မထင်ရဘူးနော်...'

<"omm...အရင်ဇာတ်လမ်းထဲမှာ သူတို့တွေကzombiesလိုလိုအကောင်တွေကိုက်ခံရပြီးသေသွားကြတာ...သူတို့ကတိုက်ခိုက်ရေးစွမ်းရည်မြင့်ပေမဲ့ မကောင်းတဲ့အငွေ့အသက်ပြည့်ဝနေတဲ့အဲ့သတ္တဝါတွေကိုမယှဥ်နိုင်ဘူးလေ...သူတို့ကအရင်ဇာတ်လမ်းထဲမှာဖြတ်လျှောက်လောက်တောင်မရှိဘူး...">

'အဲ့လိုကြတော့လည်းသနားစရာ...ဒါမို့ဟိုကျင်းရွှမ်ဆိုတဲ့ကောင်စုတ်ကအင်ပါယာကြီးမြန်မြန်တည်ထောင်နိုင်တာ...ချန်ဟူသာရှိရင်အမြီးတောင်ထောင်နိုင်မှာမဟုတ်ဘူး...အဲ့ကပ်ပါးကောင်ကြီးကပြောသာပြောတာ တော်တော့တော်သားပဲ သူ့ဘာသာတော့အဆင်ပြေနေတာပဲ'

<"ဟုတ်ပ...အခုကhostကယ်လိုက်လို့ကျင်းရွှမ်ကိုအခက်အခဲတစ်ချို့ဖြစ်စေတော့မယ်...ဟိဟိ...ဇာတ်ကြောင်းကတော့ပြောင်းသွားမှာသေချာတယ်">

'အေ့ပါဟာ...ဒါနဲ့ကျင်းရွှမ်ကခုဘာလုပ်နေလဲ..ဇာတ်လိုက်မနဲ့ဇာတ်လိုက်အခြေအနေကရောဘယ်လိုလဲ'

<"သြော်သတိရသေးတယ်နော်...">
ဇာတ်လိုက်တို့အုပ်စုကိုမေ့ထားပြီးအပူအပင်မရှိသလိုကမ္ဘာပတ်နေတဲ့hostကြောင့်သူ့အသက်တိုပေတော့မည်။

'မေ့စရာလား'
တကယ်သတိမရဘူးဆိုပေမဲ့30ကိုအမှန်တိုင်းပြောစရာလား...ပြောမိရင်သူပဲနားညီးခံရမှာ

<"ဒါနဲ့လေhost...ချန်ဟူနဲ့ပတ်သတ်ပြီးဇာတ်လမ်းတွေထဲမှာလည်းထည့်မရေးထားတာတွေကို30ရှာတွေ့ခဲ့တယ်သိလား..">

I am a System30 (series1)Where stories live. Discover now