Arc-4.11(ညှိုး)

1.6K 222 27
                                    

Unicode

တားမြစ်နေရာရှိစံအိမ်လေးထဲမှလူသားလေးများသည်မွန်းတည့်ချိန်ရောက်မှသာကောင်းမွန်စွာနိုးထလာကြသည်။ အရင်ဆုံးနိုးထလာသူက လာဒ့် ဖြစ်သည်။

သူနိုးထလာတော့သူ့ရင်ခွင်ထဲကသူ့သားအပြင်သူ့ကလေးတွေ၏အဖေကလည်းသူ့ကိုအနောက်တွင်သိုင်းဖက်ထားသည်။ ဒီအမျိုးသားကလည်းသူ့ထက်အများကြီးငယ်ပေမဲ့သူ့ကိုကလေးဟုသာခေါ်နေသည်။ သူကလည်းရုန်းမနေတော့ဘဲသားကိုသာဖက်ထားလိုက်ပြီးအလိုက်သင့်လေးနေလိုက်သည်။

တစ်ခါတစ်လေစဥ်းစားမိသည်သူသာသစ်သားမျိုးနွယ်ရဲ့ဒွိအမျိုးသား သာမဟုတ်ခဲ့ရင်ကလေးမွေးနိုင်မှာမဟုတ်ဘူးဟုအကြိမ်ကြိမ်တွေးထင်မိသည်။ သစ်သားအင်ပါယာတွင်အခြားအပြင်လောကနှင့်မတူဘဲယောကျာ်း၊မိန်းမနှင့်ဒွိအမျိုးသားဟူ၍အမျိုးအစားသုံးမျိုးရှိသည်။

လာဒ့်ကတတိယအမျိုးအစားဖြစ်သည့်ဒွိအမျိုးသားသာဖြစ်သည်။ ဒွိအမျိုးသားတွေဟာရှားပါးလွန်းသည့်အတွက်အင်ပါယာကြီးကလည်းအခြားအင်ပါယာတွေကိုသိခွင့်မပေးဘဲလျှို့ဝှက်ထားလေသည်။ ဒွိအမျိုးသားတွေမှာတောင်အင်္ဂါမြုံသည့်သူလည်းရှိသည်။ အင်္ဂါမြုံဟုခေါ်ရခြင်းမှာ အင်္ဂါအစိတ်အပိုင်းနှစ်ခုလုံးကအပြင်ဘက်တွင်မရှိဘဲအတွင်းတစ်နေရာတွင်သာရှိသောကြောင့်ဖြစ်သည်။ အင်္ဂါမြုံခြင်းမရှိသူတွေကအစိတ်အပိုင်း2ခုလုံးကအပြင်ဘက်တွင်ရှိနေလေသည်။

ဒွိအမျိုးသားဖြစ်သည့်အပြင်အင်္ဂါမြုံအမျိုးအစားကသစ်သားမျိုးနွယ်၏တော်ဝင်မျိုးနွယ်၌သာရှိသည်။ တိုင်းပြည်အနှံ့လိုက်ရှာတောင်ရှာတွေ့မည်မဟုတ်ပေ။ ထူးခြားချက်ကဒွိအမျိုးသားများသည်အခြားသူတွေနှင့်လက်ထပ်ခွင့်မရှိဘဲတော်ဝင်မင်းသားတွေနှင့်သာလက်ထပ်ရသည်။ သာမာန်မျိုးနွယ်စုတွင်ဒွိအမျိုးသားများမွေးဖွားလာလျှင်သူတို့သည်နေ့ခြင်းညခြင်းတော်ဝင်မျိုးနွယ်ဖြစ်သွားနိုင်သည်။ အင်္ဂါမြုံခြင်းမရှိသည့်ဒွိအမျိုးသားသာပြည်သူများကြားမွေးဖွားကြသည်။ တော်ဝင်မျိုးနွယ်တွေကအင်္ဂါမြုံဒွိတွေကိုမည်သူနှင့်မှလက်ထပ်ခွင့်မပြုဘဲမိဘအရိပ်အောက်ကလွတ်သည်နှင့်တော်ဝင်သူတော်စဥ်ကျောင်းတော်ကိုပို့ဆောင်ကြသည်။ တိုင်းပြည်၏ဧကရီကိုထိုသူတော်စဥ်ကျောင်းတော်မှရွေးချယ်ကြသည်။

I am a System30 (series1)Where stories live. Discover now