Arc-1.6(ညှိုး)

6.2K 646 25
                                    

Unicode

systemစိတ်ညစ်နေတာ3ရက်ရှိပြီ....ခွေးစာအ​ကျွေးခံရလို့{သိတယ်မလား...}

အကြောင်းရင်းကတော့.....
လွန်ခဲ့တဲ့3ရက်ကvillian...ဆောတီမှားလို့ ...ဟင်နရီနဲ့ဂျက်စတင်းတို့နှစ်ယောက်သား
A cityကနေ ရေ​ကြောင်းလမ်းနဲ့C cityသို့ထွက်လာရာမှစသည်။

ဆိပ်ကမ်းသို့မလာခင်ဂျက်စတင်းကဟင်နရီကိုဖွင့်ပြောခဲ့သည်။ ဒါတေါင်အရှက်မရှိအရူးကွက်နင်းကာ ဆိပ်ကမ်းသို့သွားရာလမ်းတစ်လျှောက်လုံး ဟင်နရီမျက်နှာကိုတစ်စိမ့်စိမ့်ကြည့်ကာ နှုတ်မှလည်း
"ဉီးကိုချစ်တယ်နော်"ဆိုပြီးတဖွဖွပြောနေလေသည်။

ဟင်နရီကလည်းကားမောင်းတာတောင်လမ်းကိုမကြည့်ဘဲ lover seatက ဂျက်စတင်းကိုသာတောက်လျောက်ကြည့်နေသည်။ လူသွားနည်းသော လမ်းမှသွားခြင်းကြောင့်သာတော်သေးသည်။

ဂျက်စတင်းနှုတ်မှ"ဉီးကိုချစ်တယ်"နော်ဟုတစ်ခွန်းပြောလျှင်ဟင်နရီဘက်မှ"ဉီးကပိုချစ်တာ"ဆိုပြီးတစ်ခွန်းပြန်ပြောသည်။

ကားနောက်ခန်းမှာပါလာသည့် 30လေးကအချစ်ငှက်နှစ်ကောင်ပေးသောဝေဒနာကို
မခံစားနိုင်တော့ဘဲ...ဆိပ်ကမ်းသို့အမြန်ရောက်ရန်သာဆုတောင်းနေမိသည်။
<စွrsတွေအမြင်ကပ်ဖို့ကောင်းတယ်....>

ဆိပ်ကမ်းရောက်တော့ သင်္ဘောပေါ်တက်ပြီး
တော့လည်းVIPခန်းယူပြီးအခန်းထဲကကိုမထွက်ကြတော့ဘူး။ သူတို့တောင်မထွက်တာ30လည်းမထွက်ဘူးပေါ့...<အနာဂတ်HDကြောင့်သည်းခံနေတာ>

VIP roomထဲမှာလည်း2ယောက်သားတစ်တစ်တူးနေတာ အချိန်ပြည့်....ထမင်းစားချိန်ရောက်ရင် ဂျက်စတင်းကဟင်နရီပေါင်ပေါ်မှာထိုင်စားတယ်...

စားတာတောင်ရိုးရိုးမစားကြဘူး....ဟင်နရီကဂျက်စတင်းကိုထမင်းခွံ့လိုက် ဂျက်စတင်းကြပြန်တော့ "ဉီးချက်ထားတာလောက်ဘယ်သူမှမကောင်းဘူး"ဆိုပြီးချွေ...သနားစရာ စားဖိုမှူးတွေက အော်ငိုနိုင်သည်။

ညအိပ်ကာနီးတိုင်းဂျက်စတင်းကိုချော့သိပ်ရတဲ့ဟင်နရီကမမောဘူးလားမပြောတတ်....ထိုင်ကြည့်နေတဲ့30ကတော့လျှာထွက်နေပြီ....

I am a System30 (series1)Waar verhalen tot leven komen. Ontdek het nu