Arc-4.24(ညှိုး)

835 94 14
                                    

Unicode

စောစောစီးစီးပိုင်ရှင်မဲ့နယ်မြေရှိအကြီးဆုံးအိမ်၌ဆူညံပွက်လောရိုက်နေသည်။

ဆူရွန်၏ညီအကိုများကဝိုင်အိုလက်နှင့်စံအိမ်မြက်ခင်းပြင်၌ဆော့နေကြသည်။ ဆူရွန်နှင့်အတူပါလာသောမင်းသားများကတော့ထမင်းစားပွဲဝိုင်း၌အစီစီအရီရီထိုင်နေကြသည်။ လူအယောက်၂၀ထိုင်လို့ရရန်ပြုလုပ်ထားသောစားပွဲကမဆန့် ၍လူခွဲကာစားနေရသည်။

ဝံပုလွေကြီးဂျေလ်းကတော့သူ့သားမက်နှစ်ဦးဖြင့်စံအိမ်ရှေ့ရှိခုံတန်းလျား၌ထိုင်နေသည်။ ဘရိုက်တို့စရောက်တည်းက၃ဦးသားစံအိမ်ရောက်သည်အထိရန်စောင်နေကြသည်။ သို့ပေမဲ့ဝံပုလွေကြီးကသူ့မြေးမလေးကိုမြင်တော့နှလုံးသားနူးညံ့သွားကာသူ့မြေးမလေးထံကအကြည့်မခွါတော့ပေ။ ထိုသို့ဖြင့်ရန်စမည့်သူလည်းမရှိတော့၍၃ယောက်သားအဆင်ပြေသွားပေပြီ။ ယခုတိတ်တိတ်လေးဘာတွေဆွေးနွေးနေကြမှန်းမသိ။

"ဒါဆိုသူတို့ထဲမှာဝံပုလွေအထီးက၃ယောက်ဘဲပါတာပေါ့ ၇ယောက်ထဲမှာလေ" ဘရိုက်ကမသင်္ကာဟန်မေးလိုက်သည်။ ဆူရွန်၏အကိုဝံပုလွေအမကစကားပြောနည်းနည်းစွာပေမဲ့ ရုပ်ရည်ကသိမ်မွေ့သေးသည်။ သို့ပေမဲ့ဆူရွန်ရဲ့သားတွေကအကုန်လုံးရုပ်ကြမ်းကြီးတွေနှင့်မို့အကုန်လုံးအထီးဖြစ်မည်ဟုပင်ထင်ရ၏။

လင်းနို့ရေ့က..."Phromonesနဲ့သာသေချာမခွဲရင်အထီးလို့ဘဲထင်ရမှာ ပြောရမယ်ဆိုသာမာန်အထီးတွေကိုတောင်အလဲထိုးနိုင်တဲ့အစွမ်းရှိကြတယ် ငယ်ငယ်တုန်းကဘယ်လောက်တောင်ကြမ်းတမ်းခဲ့ရတာလဲ? အရမ်းသန်မာကြတယ်"

ဂျေးလ်ကသူ့မြေးတွေ၏သန်မာမှုကြောင့်ကျေနပ်ပြုံးပြုံးနေပေမဲ့ ရေ့၏ငယ်ငယ်ကကြမ်းတမ်းခဲ့မည်ဟူသောစကားကြားတော့မျက်နှာမဲ့သွား၏။ ဝံပုလွေအမဆိုတာနူးနူးညံ့ညံ့လေးထားရမှာကိုဆူရွန်ကဘယ်လောက်တောင်လေ့ကျင့်စေခဲ့ရတာလဲ?

"ကျွန်တော့်ကောင်လေး..ကျွန်တော့်ယောကျာ်း...ကသူ့သားတွေမှာအမရှိတယ်ဆိုတာခုထိမသိသေးဘူး" ဘရိုက်ဆိုသည်။
ဘရိုက်၏အရှက်မရှိမှုကသူ့ဖခင်ထက်ဆိုးသည်။ ဂျေးလ်ပင်မမှီပေ။

I am a System30 (series1)Where stories live. Discover now