Arc-3,13(ညှိုး)

2.4K 283 12
                                    

Unicode

'30 သူကငါ့ချစ်သူမှဟုတ်ရဲ့လား '

<"ဘာဖြစ်လို့မေးတာလဲ">

'ငါ့ကိုလေသံမာမာနဲ့စကားပြောတယ်သူက...ဦးကငါ့ကိုဘယ်တုန်းကမှအသံမာမာတောင်မပြောဖူးဘူး'

အဲ့ဒီလူရဲ့ပထမဆုံးတစ်ဖက်သားအပေါ်အနူးညံ့ဆုံးပြောခြင်းဆိုတာကိုhostမသိပေ။ သူ့ကိုမမေးသ၍ဖြေမည်မဟုတ်ပေ။ သို့သော်
<"hostစိတ်ထင်လို့နေမှာပါ...သူကhostရဲ့ဦးဆိုတာ30ရဲရဲကြီးအာမခံတယ်">

'အဲ့ဒါဆိုလည်းပြီးရောလေ...ဒါနဲ့30ဦးကအခုသူများတွေနဲ့စကားပြောနေတာကြောက်စရာကြီးဟ...ဒါပေမဲ့လည်းငါ့မျက်လုံးထဲမှာချစ်စရာအရမ်းကောင်းတယ်'
host၏မျက်လုံးထဲတွင်ပန်းများပွင့်နေလျက်တည်ထောင်သူသခင်ကြီးဆိုတဲ့သူကိုတောက်ပစွာကြည့်နေသည်။

<"သြော်တရားပေါက်ပါတယ်hostရယ်...">

သူ့hostပြောတဲ့ပုလ္လင်ပေါ်မှာထိုင်နေတဲ့တည်ထောင်သူဆိုတဲ့အမျိုးသားကိုကြည့်မိတော့ ထိုသူကကျင်းဟွမ်၏လျောက်တင်ချက်များကိုနားထောင်နေလေသည်။ တစ်ချက်တစ်ချက်သာလက်ခံကြောင်းအသံပြုတတ်၏။

သို့ပေမဲ့ထိုသူရဲ့လေယူလေသိမ်းပြောပုံဆိုပုံကအရမ်းအေးစက်လွန်းနေသည်။ ဒါဟာထိုသူရဲ့ပုံမှန်ပြောနေကြစတိုင်ပင်ဖြစ်သည်။ သူအသိအမှတ်ပြုထားသည့်လူအချို့ကိုသာပုံမှန်ပြောဆိုဆက်ဆံတတ်သည်။ သူ့hostကိုပြောတာကအနူးညံ့ဆုံးလေသံဖြစ်သည်။

ထိုသူကိုကြည့်လေ 30စိတ်ထဲအခြေနေမကောင်းလေဖြစ်လာသည်မို့အကြည့်လွှဲလိုက်လေသည်။ အရမ်းခွဲခြားခွဲခြားလုပ်တာပဲ။

'30...30'

<"ဘာလဲ?">

'ငါမင်းကိုမေးစရာရှိလို့...ဒီကမ္ဘာကဦးရဲ့အကြောင်းမေးချင်လို့'

<"Ah...ရတာပေါ့">

သူလည်းအရမ်းပြောချင်နေတာ သူ့hostမမေးသေးလို့အောင့်ကာနေရခြင်းဖြစ်သည်။ သို့သော် သူတစ်ယောက်တည်းမြင်ရသည့်screenတစ်ခုကသူ့မျက်နှာရှေ့ပေါ်လာခဲ့သည်။

screenပါအချက်အလက်က...
#Ding...System30 သိထားသည့်အချက်အလက်များအား hostကိုမပြောသင့်ပါ....
Ding..မပြောသင့်ပါ# ဖြစ်သည်။

I am a System30 (series1)Όπου ζουν οι ιστορίες. Ανακάλυψε τώρα