Arc-4.7(ညှိုး)

1.7K 204 49
                                    

Unicode

ဆူရွန့်photoလေးကိုဒီပုံလေးကပြောတာများလို့ရွေးလိုက်ပါပြီနော်
.

ဆူရွန့်photoလေးကိုဒီပုံလေးကပြောတာများလို့ရွေးလိုက်ပါပြီနော်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.

မီးအင်ပါယာနန်းတော်သို့သွားရာတစ်ခုတည်းသောလမ်းတွင်ဝံပုလွေဦးခေါင်းပုံအမှတ်အသားပါတဲ့လှည်းတစ်စီးကတရွေ့ရွေ့သွားနေသည်။ ခန့်ညားလှတဲ့လှည်းပေါ်တွင်နယ်စားဆူရွန်မွန်နီခါနှင့်အပြာရောင်ဆံပင်ပိုင်ရှင်သူ့၏သမီးတို့အတူလိုက်ပါစီးနှင်းကြသည်။

'30ငါ့သားတွေမှာဘယ်တစ်ယောက်ကအပေါ်ထပ်ကဖြစ်ပြီးတော့ဘယ်တစ်ယောက်ကအောက်ထပ်ဖြစ်မလဲ...'

<"host ကလည်းသားတွေကိုမိန်းမပေးစားတာမဟုတ်ဘူး..">

သားတွေအတွက်အဖေကောင်းပီသဖို့လင်ကောင်းသားကောင်းရစေချင်ယုံတင်ဖြစ်သည်။
'ငါ့သားတွေကမိန်းမရမဲ့ပုံမပေါ်ဘူးလေဒါကြောင့်သင့်တော်တဲ့အမျိုးသားရှာပြီးအိမ်ထောင်ချပေးမို့'

<"အမလေးအကြံကြီးချက် ဒါနဲ့hostကိုမေးရဦးမယ် ​အရင်က​ဖြောင့်သလိုလိုနဲ့အခုကတော့ကွေးကွေးကြီး">

'ဘယ်fudanshi ဘယ် fujoshi တွေက100%ဖြောင့်နေတာတွေ့ဖူးလို့လဲ'

hostပြောတာလည်းဟုတ်တော့ဟုတ်နေသည်။ ဘယ်fujiကတည့်တည့်မတ်မတ်ဖြောင့်နေလို့လဲ?

30ကhostနဲ့စကားဆက်ပြောဖို့ပြင်နေချိန်တွင်မြင်းလှည်းမောင်းသမားထံမှရောက်ပါပြီဟူသောအသံကိုကြားလိုက်ရသည်။

ဆူရွန်ကသူ့သမီးကိုချီရင်းနန်းတော်ထဲသို့ဝင်လာခဲ့သည်။ အိမ်ထိန်းမှတစ်ဆင့်ဧကရာဇ်နေထိုင်တဲ့အိမ်တော်သို့လိုက်ပါသွားကာပတ်ဝန်းကျင်ကိုလည်းမမေ့မလျော့ကြည့်နေမိသည်။ တစ်နေရာအရောက်တွင်အပေါ်ထပ်အခန်းတစ်ခုမှအနီရောက်မျက်ဝန်းရွှေရောင်ဆံပင်နှင့်ကောင်လေးကသူ့ကိုစိုက်ကြည့်နေကြောင်းသတိထားမိသည်။ ဒါကြောင့်သူ့သမီးလေးကိုဝတ်ရုံထဲထည့်လိုက်ပြီးအပြင်လေတောင်မတိုးအောင်ထုပ်ထားပစ်သည်။
သူ့ကိုအနောက်ကနေစိုက်ကြည့်နေသည့်ကောင်လေးကိုတော့သတိမထားမိခဲ့ပေ။

I am a System30 (series1)Where stories live. Discover now