ရင်ခုန်သံပုစိကွေး
Chapter 4 🐣
"ဟားဟား ဟား..."
အစ်ကိုဖြစ်သူ Jeon Sungkook ရဲ့ရယ်သံက ရုံးခန်းတစ်ခုလုံးပျံ့လွင့်လျက်...
"အဲ့မှာ အားရအောင်ရယ်နေလိုက် ..။ ကျွန်တော့်မှာတော့ ... ဟူးးး ပြန်တောင်မစဥ်းစားချင်တော့ဘူး"
"အဲ့ကောင်လေးကအဲ့လောက်လည်းမဆိုးပါဘူး ငါ့ညီရာ"
"ဘာကိုအဲ့လောက်မဆိုးရမှာလဲ? အဲ့ထက်ကိုဆိုးတာ။ သူအဲ့လောက်ဆိုးရုံပဲလားဆို သူ့အဖိုးကပါသူ့ဘက်ကလေ...။ကျွန်တော့်ကိုလည်းမေးခွန်းတွေအစုံမေးတာ မသိရင်သူတို့အိမ်ကအဖိုးတန်လေးကိုလာပြီးတောင်းရမ်းတာကျလို့။ပြီးတော့လည်းဘာတဲ့ မနက်ဖြန်လာကိုလာရမယ်တဲ့ ... ကျွန်တော့်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်ပြီးပြောတာဗျ"
"အဲ့ဒါ ဦးလေး Jinhyukလေ။ အမေ့ရဲ့အချစ်ဦးပေါ့"
"ဘာ?"
"ငါ့ညီကဒါတွေသိဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ မနက်ဖြန်တော့မင်းသူတို့အိမ်သွားရမှာအသေအချာပဲ... အဲ့တော့အခုအိမ်ပြန်ပြီးအနားယူထားလိုက်တော့"
အစ်ကိုဖြစ်သူကရယ်လျက်..
ပုခုံးကိုပုတ်လို့နှစ်သိမ့်သလိုလုပ်ပေးပေမဲ့ ထိုအပြုံးနဲ့ထိုအမူအရာက သူ့ကိုလှောင်ရယ်နေမှန်း Jungkook သိသည်။ဟိုဘက်အိမ်ကစိတ်ဒဏ်ရာကို ဒီမှာလာဖြေဖျောက်ပေမဲ့ အစ်ကိုကပါဟိုဘက်ကလူဖြစ်နေသောအခါ...
မနက်ဖြန်ကိုဘယ်လိုများဖြတ်သန်းရပါ့မလဲ?
×××
"ကိုကိုကလည်းကြာလိုက်တာ အခုထိလည်းမလာသေးဘူး"
"အခုမှမနက်၈နာရီပဲရှိသေးတာလေ ပုစိကွေးရဲ့"
အိမ်တံခါးဝမှာငုတ်တုတ်လေးထိုင်နေတဲ့ Jimin ရယ်ပါ...
ခြံဝကိုလည်းတကြည့်ကြည့်နဲ့ တစ်ယောက်သောသူကိုမျှော်နေလေ၏။"ငါ့မြေးကထူးထူးဆန်းဆန်း အစောကြီးနိုးလို့ပါလားဟ"
"နိုးမှာပေါ့။ Jungkook-shi ကိုထစောင့်နေတာတဲ့လေ"
"ဟေ??"
အပေါက်ဝကနောက်ကျောသေးသေးလေးကိုကြည့်ပြီး Mr.Jinhyuk ဘာမှမပြောဖြစ်ပါ။ ပြောရင်လည်းရမဲ့သူမဟုတ်တာမို့ သူနေချင်သလိုနေဖို့လွှတ်ထားပေးလိုက်တော့သည်။
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )