Chapter 33 🐣

2.2K 199 18
                                    

ရင်ခုန်သံပုစိကွေး

Chapter 33 🐣






"ဟာ ကိုကိုနော်"

"အင်းပါ"

×××

"ကိုကိုကလည်း ..."

"ဟုတ်ပါပြီ"

×××

"ဟုတ်ကဲ့ ကိုကို"

"အင်းအင်း"

×××

တစ်နေ့ပြီးတစ်နေ့ ဒီလိုဖြတ်သန်းလာလိုက်တာ ပုစိကွေးတစ်ယောက် ၁၈နှစ်ပြည့်ဖို့တစ်လသာလိုတော့တယ်။

တစ်ခါတလေစဥ်းစားမိတာတစ်ခုရှိတယ်။
အကယ်၍များ
လွန်ခဲ့တဲ့၁၁နှစ်ကျော်လောက်ကသာ ကျွန်တော်ပြန်မလာခဲ့ဘူးဆိုရင် ...
မူကြိုကျောင်းမှာကလေးသွားမကြိုပေးခဲ့ဘူးဆိုရင် ...
အရမ်းဆိုးလွန်းတဲ့ကောင်လေးကိုအမြင်မကပ်ခဲ့ဘူးဆိုရင် ...
အခြေအနေတွေဟာအခုလိုထိဖြစ်လာပါ့မလား?

ဒါမှမဟုတ် ဒီအဆိုးလေးကသာကျွန်တော့်ကိုလက်ထက်ဖို့ သူ့မိဘတွေဆီမပူဆာခဲ့ရင်များ ?

တကယ်လို့များပေါ့ ...
တစ်ခုခုလေးများ ကျွန်တော်တို့ကြားမှာလွတ်သွားခဲ့ရင် ကျွန်တော့်ရင်ခုန်သံတွေလည်းရပ်သွားလိမ့်မယ်။
ဒီသက်ရှိလေးဟာ ကျွန်တော့်ရဲ့ရင်ခုန်သံဖြစ်တယ်။

မျက်စိရှေ့မှာရှိနေတဲ့ Jimin ကိုတစိမ့်စိမ့်ကြည့်ရင်း Jungkook အတွေးတွေပြောင်းပြန်စီးဆင်းနေသည်။  ပွန်းပဲ့သွားမှာစိုးလို့ စူးစူးစိုက်စိုက်တောင်မကြည့်ရဲလောက်အောင်ထိ အကြည့်တွေကနူးညံ့လွန်းသည်။

စာတွေလုပ်နေပေမဲ့ စိတ်မပါသလိုအနေအထားနဲ့ရှုံ့မဲ့နေတဲ့မျက်နှာလေး၊
သူမကြိုက်တာဆို ဘာမှမလုပ်ခိုင်းချင်တာမို့ ...

"ကလေး"

"...."
သူ့ကိုခေါ်တော့လှည့်ကြည့်လာတယ်၊ စိတ်ရှုပ်နေတဲ့အချိန်မို့ ပြန်တောင်မထူးဘူးရယ်။

"စာလုပ်ရတာပင်ပန်းနေပြီလား? ခဏလောက်နားချင်လား?"

"အင်း နားမယ်လေ။ ဒါပေမဲ့ ကိုကိုနားခိုင်းလို့နော် သားကနားချင်လို့မဟုတ်ဘူး"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now