Chapter 26 🐣

2.4K 204 14
                                    

ရင်ခုန်သံပုစိကွေး

Chapter 26 🐣




"ပုစိကွေး..!"

အတော်ကြာရှာလိုက်ကြပြီးမှ Studio အနောက်ဘက်ကအမှိုက်ပုံးနားမှာ တွေ့ရတော့သည်။

ဒါတောင်အမှိုက်ပုံးနဲ့ကွယ်နေလို့ ဒုတိယတစ်ယောက်လာရှာတော့မှတွေ့ပြီး ဝန်ထမ်းတစ်ယောက်က Jungkook ကိုအမြန်ပြေးခေါ်လာခြင်းဖြစ်သည်။

"ကလေး ဒီမှာဘာလုပ်နေတာလဲ?"

"ထိုင်နေတာလေ"
အသံနေအသံထားကိုနားထောင်ကြည့်ရသလောက်တော့ တစ်ခုခုကိုကောက်နေပြီထင်၏။

"ဘာထိုင်လုပ်နေတာလဲ? ... အမှိုက်တွေနားမှာ ညစ်ပတ်ကုန်မှာပေါ့"
Jungkook အသံကိုနှိမ့်ပြီးပြောရပါသည်။
ဒီကောင်လေးအကြောင်းသူအသိဆုံးမို့...။

"ကိုကိုပဲပြောတာလေ သားကို။ အသံမထွက်ရဘူး ဆိုပြီး"

Jimin ကမထတာမို့ Jungkook ကပဲသူထိုင်သလိုငုတ်တုတ်လေးလိုက်ထိုင်ရသည်။
တုတ်တစ်ချောင်းနဲ့မြေကြီးကိုခြစ်ထားတာလည်းပွလို့၊ ပါးစပ်ကပွစိပွစိပြောရင်းကောက်နေခဲ့တာနေမယ် သူ့စိတ်ထဲရှိသမျှလည်းချရေးထားသေးတာ။

မြေကြီးပေါ်က ရှုပ်ပွနေတဲ့စကားလုံးတွေနဲ့ခြစ်ရာတွေကို Jungkook အဓိပ္ပါယ်ကောက်မနေတော့ပါ။ ကောက်ကွေးလေးကိုအရင်ချော့ရမည်မို့...။

"ကိုကိုကအသံမထွက်ရဘူးနော်လို့ပဲပြောတာလေ။ ကလေးကိုထွက်သွားလို့မှမပြောတာ..."

"အဲ့ဒါတူတူပဲလေ။ သားကအသက်ရှူနေတာအသံကထွက်နေမှာပဲကို...။ ကိုကိုကသားကိုအသံမထွက်နဲ့ဆိုတော့ သားကအသက်မရှူရတော့ဘူးလား?"

"ဟာ... အဲ့လိုပြောတာမဟုတ်ဘူးလေကွာ"

ဒီနေ့အတွင်း ဒီကလေးကိုချော့နိုင်ပါ့မလား?

"တော်ပြီ။ သားအိမ်ပြန်တော့မယ်.."

"နေဦးလေ။ ကိုကိုမှအလုပ်မပြီးသေးတာ..."
သူထိုင်လို့လိုက်ထိုင်ပြီးကာမှတော့ သူရုတ်တရက်ထလိုက်လည်းလိုက်ထရတော့တာပေါ့။

"ကိုကို့အိမ်ကိုပြန်မှာမဟုတ်ဘူး။ သားအိမ်ကိုပြန်မှာ..."

"ကလေးရဲ့အိမ်? "

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Onde histórias criam vida. Descubra agora