Chapter 18 🐣

2.2K 222 9
                                    

ရင်ခုန်သံပုစိကွေး

Chapter 18 🐣



အစစ်အမှန်မဟုတ်တာမို့ တခြားဘယ်သူမှမသိရလေအောင် သိုသိုသိပ်သိပ်လုပ်ခဲ့တဲ့ စေ့စပ်ပွဲကယခုတော့ တစ်လောကလုံးအသိ။

သိဆို သိအောင်လုပ်တဲ့တရားခံကလည်းအသင့်ရှိနေသကိုး။

"ပုစိကွေး ... ဘာလို့အဲ့လိုမျိုးတွေလျှောက်ပြောနေရတာလဲ?"

အလုပ်,လုပ်ရင်းနဲ့ ဖုန်းဆက်ပြီးဆူနေရတဲ့ Jungkook...။

"ဘာကိုလျှောက်ပြောတာလဲ? သားကအမှန်အတိုင်းပြောတာလေ... ကိုကိုနဲ့သားကစေ့စပ်ထားတာပဲကို။ နောက်၄နှစ်နေရင်လက်ထက်မယ်ဆိုတာလည်းအမှန်ပဲလေ။ အဲ့ဒါကြောင့် တခြားဘယ်သူမှကိုကို့အနားမကပ်အောင်လို့ ig မှာပုံတင်လိုက်တာ။  အခုသားကျောင်းကသူငယ်ချင်းတွေကတောင် မေးနေကြပြီ  ဟိဟိ.. .. သူတို့ကိုလည်းတစ်ရက်လောက်အိမ်ခေါ်ပြီးမုန့်ကျွေးရဦးမယ်"

"ပုစိကွေး ... "

"ဆရာ ... setting လေးတစ်ချက်လာကြည့်ပေးပါဦး"

"ဟွန်  ... အဲ့ဒါကရောဘယ်သူလဲ? ကိုကိုနော်  ဘယ်သူ့ကိုမှအနားကပ်မခံနဲ့လို့ သားပြောထားတယ်လေ
"
ဖုန်းထဲကနေမြင်လည်းမမြင်ရဘဲ စိတ်ကောက်ဖို့ကပြင်နေသေးတာ။

"ဝန်ထမ်းပါ... အလုပ်,လုပ်ဖို့လာခေါ်တာ။ အခုဖုန်းချလိုက်တော့ ... ညနေကျ ကိုကိုအိမ်လာခဲ့မယ်"

"ကိုကိုလာမယ်?... "

"အင်း ပြောစရာရှိလို့။ ဒါပဲနော် ဖုန်းချလိုက်တော့"

ဘယ်သောအခါမှ Jungkook ဘက်ကအရင်ဖုန်းမချဖူးပါ။ Jimin စာပို့သမျှကိုလည်းဖတ်ပြီးတာနဲ့ ဖုန်းဆက်ပြီးအကြောင်းပြန်ပေးရသလို၊ ဖုန်းပြောလို့ပြီးတိုင်းလည်း သူ့ဘက်ကအရင်ဖုန်းမချရ။

အိမ်ကိုလာခဲ့မယ်ဆိုတာနဲ့ လုပ်စရာရှိတဲ့အိမ်စာတွေအမြန်လုပ်ပြီး ရေကိုထပ်ချိုးခိုင်းတော့၏။
ထမင်းမစားဘဲစောင့်မယ်လုပ်လို့ မနည်းချော့ပြောပြီးစားခိုင်းရပါသေးသည်။

......

"ကိုကိုလာပြီ!"

ကားကိုမြင်တာနဲ့ အသည်းအသန်ပြေးထပြီးကြိုတော့တာပါပဲ။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )जहाँ कहानियाँ रहती हैं। अभी खोजें