Chapter 39 🐣

2.6K 205 1
                                    

ရင်ခုန်သံပုစိကွေး

Chapter 39 🐣



ပိတ်ရက်လေးခဏလာနေတာတောင် ပုစိကွေးကပြဿနာကိုရအောင်ရှာသည်။

Jungkook အပေါ်အမြဲအနိုင်ယူပြီးဆိုးချင်တိုင်းဆိုးနေတဲ့ကိစ္စကို Mr.Hyungho ကသိပ်ပြီးသဘောမကျ။  သို့ပေမဲ့လည်း ဟိုအရင်တည်းကပုံစံသွင်းမှားခဲ့တာမို့ အခုချိန်မှဆူရကြိမ်းရတာဟာလည်း အသုံးမဝင်။

"ပုစိကွေး! ပြောနေတာမရဘူးလား? အခုချက်ချင်း Jungkook ကိုပြန်တောင်းပန်လိုက်"

အခုလည်း Jungkook အတွက်အရေးကြီးတဲ့ file ကိုဖျက်ဆီးပြီး သူ,မမှားသလိုလုပ်နေသေးသည်။

"ဘာကွ! ငါ့မြေးကဘာလို့တောင်းပန်ရမှာလဲ? သူ့ဘာသူပေါ့ဆလို့ဖြစ်တာလေ ။ ကလေးကဘာသိမှာလဲ?"

"အဖေ!... အဖေ့မြေးက ကလေးမဟုတ်တော့ဘူး သူလက်ထက်ပြီးနေပြီ ...။အဲ့ဒါနဲ့ပတ်သတ်ပြီးအဖေတို့ကျွန်တော်တို့က နေရာတကာဝင်ပါပေးနေလို့မရတော့ဘူး အဖေရဲ့"

"ရ...ရပါတယ် အစ်ကို။ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်"
အချေအတင်ဖြစ်မဲ့အနေအထားကနေလွတ်အောင် Jungkook ကကြားဝင်ပြောလိုက်ပေမဲ့ ...

"မဟုတ်သေးဘူး Jungkook ... ၊ မင်းဒီကောင်လေးကိုဒီလိုမျိုးအမြဲတမ်းအလျှော့ပေးနေလို့မရဘူး။ သူဒီထက်ပိုပြီးဆိုးနေလိမ့်မယ်"
Hyungho ကလက်မခံ။

"ပုစိကွေး!!! ပြောနေတာမကြားဘူးလား? အခုတောင်းပန်လေ ..."

နှုတ်ခမ်းလေးကိုမဲ့ပြီး ရှံ့တွတွမျက်နှာလေးနဲ့ ...
"တောင်းပန်ပါတယ်"      ဆိုပြီးအသံသဲ့သဲ့လေးထွက်လာလေရဲ့။

"မှားသွားပါတယ်လို့ပြော! ... သေချာပြော"

ပုံစံက တကယ်တောင်းပန်တဲ့ပုံမပေါ်တာမို့ အဖေဖြစ်သူကထပ်ငေါက်တာ။ ဒါကို Jimin ကမပြောဘဲနဲ့ အဖိုးဖြစ်သူကိုလှည့်ကြည့်တော့ ...

"အေး လုပ်ကြ။ ငါ့မြေးကိုအခုလိုဝိုင်းပြီးအနိုင်ကျင့်နေလိုက်ကြ။ ငါလည်းမြန်မြန်သေသွားတာပဲကောင်းတယ် ... ဒါမှဒီလိုမျိုးတွေမမြင်ရတော့မှာ"
Mr.Jinhyuk ပေါက်ကွဲပါတော့သည်။

"လာ မြေးလေး"   ဆိုပြီးလည်း လက်ကိုဆွဲလို့အခန်းထဲဝင်သွားလေ၏။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now