Chapter 20 🐣

2.6K 225 27
                                    

ရင်ခုန်သံပုစိကွေး

Chapter 20 🐣


အရမ်းစျေးကြီးတာမျိုးမဟုတ်ပေမဲ့ အပြင်အဆင်သပ်ရပ်တဲ့စားသောက်ဆိုင်ထဲ၌ လူအများစုဝိုင်းဖွဲ့စားသောက်နေကြသည်။

တစ်ယောက်တစ်ပေါက် စကားတွေလည်းပြောကြရင်း အနည်းငယ်တော့ဆူဆူညံညံရှိ၏။

"အားလုံး နားလည်တယ်မလား?
Park Jimin ကအရှေ့ကတိုင်ပေး...

"နားလည်ပါတယ်ခင်ဗျ"  
ဝန်ထမ်းတွေအားလုံးက သံပြိုင်ထောက်ခံ။

ပုံစံကြည့်ရတာ မူမမှန်တော့ပါ။
ဖုန်းပြောဖို့ ၄မိနစ်လောက်လေးထွက်သွားတာ ပြန်လာတော့ ဒီပုံစံတွေဖြစ်နေကြပြီ။

"ပုစိကွေး.."

"ဟာ  ကိုကိုလာပြီ။ ကိုကို လာ ဒီနားလေးမှာထိုင်"

မူပျက်နေတဲ့ Jimin ကိုကြည့်ပြီး Jungkook မသင်္ကာ!
သူ့ရှေ့မှာရှိနေတဲ့ခွက်ကိုယူကာအနံ့ခံကြည့်ပြီး....

"ဘယ်သူလုပ်တာလဲ?"
ဒေါသထွက်တဲ့အသံနဲ့ အကုန်လုံးကိုကြိမ်းဟောက်၏။

"ဒါ ဘယ်သူလုပ်တာလဲလို့မေးနေတယ်လေ"
တကယ်ကြီးစိတ်တိုသလိုဖြစ်လာတာမို့ တစ်ဝိုင်းလုံးငြိမ်ကျသွားသည်။

"သားလုပ်တာ!"
ထိုအချိန်တွင် လူစွမ်းကောင်းထွက်ပေါ်လာသည်၊

"သားဘာသားလုပ်တာ။ ဒီဦးလေးကြီးတွေက အချိုရည်ပဲသောက်ပါကိုကိုဆူလိမ့်မယ် လို့ပြောပေမဲ့ ... သားလည်းသောက်ကြည့်ချင်တယ်လေ။ အဲ့ဒါကြောင့် နည်းနည်းလေး... တကယ်နည်းနည်းလေးပဲ သောက်ကြည့်တာ "

သူ့နည်းနည်းလေးက ပုံပျက်ပန်းပျက်!

"ထွီ!  ခါးလိုက်တာမှအရမ်းပဲ ကိုကိုရယ်"

ခါးတာကိုရိုးရိုးမပြောဘဲ သရုပ်ပြပါလုပ်နေသေးတာ။

Jungkook ကြည့်လိုက်တော့လည်း တကယ်တစ်ခွက်ပဲသောက်ထားတာရယ်။ ဒါပေမဲ့ သူကိုကအရက်မသောက်နိုင်တာထင်တယ်  အတော်လေးပုံစံပျက်နေပြီ။

"အားလုံး နားလည်တယ်မလား?"

"နားလည်ပါတယ်ခင်ဗျ!"

ခုနတည်းက ဘာကိုဆက်တိုက်နားလည်နေကြတာလဲ? အလုပ်မှာတောင် တစ်ယောက်တစ်မျိုးလုပ်နေကြတဲ့သူတွေက ပုစိကွေးနဲ့ကျတညီတညွှတ်တည်းကိုဖြစ်လို့။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now