Chapter 30 🐣

2.8K 228 63
                                    

ရင်ခုန်သံပုစိကွေး

Chapter 30 🐣




ကိုကိုနော် ဆိုတာက ဘဝဆက်တိုင်းအတွက်ရာဇသံလိုပဲ!

ကြားလိုက်တာနဲ့ရင်တုန်ရတယ်။
သူ စိတ်အလိုမကျတဲ့အခါတိုင်းပြောတတ်တာမို့ ချစ်စရာကောင်းပေမဲ့လည်းရှောင်ရတယ်။

ဒီစကားကြောင့်ပဲ သူပြောသမျှအကုန်လက်ခံပေးနေခဲ့တာမဟုတ်လား?

"အလုပ်ကိစ္စအတွက်ခရီးတစ်ခုထွက်ဖို့ရှိတယ်"

"ခရီးထွက်ရမယ်?"

"ဟုတ်တယ်။ နောက်တစ်ပတ်ထဲသွားရမယ်ထင်တယ် ... ၂ရက်လောက်ကြာမှာ "

"ဘာ???"

စာတမ်းလုပ်နေတဲ့ Laptop ကိုဘုန်းခနဲပိတ်ချပြီး ခုံကနေမတ်တပ်ထရပ်သည်အထိ!

"ဘာပြောလိုက်တယ်? ၂ရက်တောင်ခရီးထွက်မယ် ဟုတ်လား?"

"အလုပ်ကိစ္စ..."

"ဘယ်သူလဲ?"

အလုပ်ကိစ္စခရီးထွက်ဖို့ပြောနေတာကို ဘယ်ကိုလဲ လို့မေးရမဲ့အစား ဘယ်သူလဲ တဲ့လား?

ဘယ်လိုမျိုးဆက်စပ်ပြီးဖြေရမယ်မှန်း မသိတော့တာမို့ Jungkook ဒီတိုင်းရပ်နေရုံသာ...၊

"ကိုကို့ကိုနောက်ကွယ်ကချုပ်ကိုင်နေတာဘယ်သူလဲ? ဒီခရီးကိုထွက်ဖို့ပြောတာဘယ်သူလဲ?  အခုပြော ... သားရှင်းပေးမယ်"

ဝတ်ထားတဲ့ညဝတ်အင်္ကျီအကြီးကြီးထဲ သူ့လက်ပိစိလေးတွေကဝင်လို့ ...
၂ခါလောက်ခေါက်ထားတာတောင်ရှည်နေသေးတဲ့ ဘောင်းဘီရယ် ၊ စာလုပ်ဖို့ဆိုပြီးပတ်ထားတဲ့နဖူးစည်းရယ် ...

ဒီပုံစံနဲ့ဒီစကားတွေပြောလာတော့ နည်းနည်းတောင်ရယ်ချင်သွားတယ်။ ဒါပေမဲ့ သူကအမြဲကိုယ့်ဘက်တော်သားဖြစ်နေတာတော့ တကယ်သဘောကျစရာ!

"ဖေကြီးလား? ဖိုးဖိုးကြီးလား? ..."

နှုတ်ခမ်းလေးထော်ပြီးရန်စွာပေးနေတဲ့ သူ့မျက်နှာလေးကတကယ်သေးသေးလေး။
စကားပြောလိုက်တိုင်း ပင့်တက်သွားတဲ့မျက်ခုံးနှစ်ဖက်ကလည်းလှလှလေး။
ဒါလေးတွေက ဘာလေးတွေများလဲ???

"ဒါမှမဟုတ် ... ကိုကို့အစ်ကိုလား?"
Jungkook ကသူ့ကိုကြည့်ပဲကြည့်နေပြီး ဘာမှပြန်မဖြေတာမို့ သူ့ဘာသူစဥ်းစားမိသမျှလူတွေကို ရွတ်ပြတော့၏။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now