Chapter 15 🐣

2.6K 247 17
                                    

ရင်ခုန်သံပုစိကွေး

Chapter 15 🐣



ဒီနေ့မုန့်လိုက်ကျွေးမယ်ပြောထားလို့ Jimin တစ်ယောက် မနက်အစောကြီးနိုးလာပြန်ပါသည်။ အမေဖြစ်သူကို ရေချိုးခိုင်းပြီးသပ်သပ်ရပ်ရပ်လေးဝတ်စားထားသေးသည်။

ဒီနေ့တော့လူကြီးနဲ့တူအောင်လုပ်ပေးပါ ဆိုပြီးလည်းတဖွဖွတောင်းဆိုထားသေး၏။

သူမနက်အစောကြီးထစောင့်နေမယ်ဆိုတာသိလို့ Jungkook လည်းစောစောလာခေါ်ပါသည်။

Park Jimin ကိုအပြင်တစ်ခါခေါ်သွားဖို့အရေး ဘာကိုဘယ်လိုသတိထားရမယ်ဆိုတဲ့အမျိုးပေါင်း၃၆ခုလောက်ကို တစ်အိမ်လုံးကဝိုင်းသတိပေးတာ ခံရပါသေးသည်။

ဒါလည်း Jungkook ကစိတ်ရှည်လက်ရှည်နားထောင်ပြီး ခေါ်လာခဲ့၏။

×××

နေ့လည်စာစားချိန်မရောက်သေးပေမဲ့ ဗိုက်ဆာနေပြီဆိုတဲ့ Jimin ကြောင့်သူ့အကြိုက်ဆုံး ပီဇာဆိုင်ကိုအရင်လာရပါသည်။

"ဒီမှာ ခဏထိုင်နေ  ကိုကိုသွားမှာလိုက်ဦးမယ်။ ဟိုတစ်ခါလိုနေရာကပျောက်သွားပြီး တွေ့တဲ့လူနဲ့ရန်ဖြစ်နေလို့မဖြစ်ဘူးနော်"

"အင်းပါ။ မြန်မြန်သွားမှာတော့ ဗိုက်ဆာနေပြီ"

စားပွဲကိုလက်နှစ်ဖက်နဲ့ပုတ်ပြီး စိတ်မရှည်သလိုဖြစ်နေတာမို့ Jungkook လည်းစကားကြောရှည်မနေတော့။

၄မိနစ်လောက်အကြာမှာတော့ Jimin အကြိုက်ဆုံးဖြစ်တဲ့ cheese အများကြီးနဲ့ပီဇာကိုသယ်ပြီး Jungkook ပြန်ရောက်လာ၏။

"ဖြည်းဖြည်းစားနော် ... "

ဘယ်ကလေးမှမချစ်တတ်တဲ့ Jungkook ကဒီကလေးကိုတော့ အစစအရာရာဂရုစိုက်အလိုလိုက်ပေးနေသည်။

"ကိုကို"

"ဟင်?"

"သား  ရှူးပေါက်ချင်တယ်"

"အမ်... လိုက်ပို့ပေးရမှာလား?"

"အင်းပေါ့။ မြန်မြန်လို့ ... ထွက်ကျတော့မယ်"

"အင်းအင်း  ထထ... "

စားချင်တာကျွေးရတဲ့အပြင် အခုရှူးပါလိုက်တည်ပေးရသည်အထိ။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now